"မီးဖွားပြီးရောဂါပိုးဝင်ခြင်း" ၏ တည်းဖြတ်မှု မူကွဲများ

အရွယ်အစားများ ပြောင်းလဲမှု မရှိ ,  ပြီးခဲ့သည့် ၄ နှစ်
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း)
အရေးမကြီး
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၄င်း +၎င်း))
'''မီးဖွားပြီးရောဂါပိုးဝင်ခြင်း''' (Postpartum or puerperal infections) ဟုခေါ်သည်။ ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ် သို့မဟုတ် (၁၀ဝ.၄ ဒီဂရီဖာရင်ဟိုက်)ထက် မြင့်မားခြင်း၊ ချမ်းတုန်ခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းအောင့်ခြင်းနှင့် မိန်းမကိုယ်မှ အနံ့ဆိုးသောအရည်ဆင်းခြင်းစသော လက္ခဏာများ ဖြစ်တတ်သည်။<ref name="W2014">{{Cite book|date=2014|chapter=37|title=Williams obstetrics|edition=24th|publisher=McGraw-Hill Professional|pages=Chapter 37|isbn=978-0-07-179893-8}}</ref> ကလေးမီးဖွားပြီး သို့မဟုတ် ကိုယ်ဝန်ပျက်ကျပြီး (၂၄)နာရီအတွင်းမှ (၁၀)ရက်အတွင်းတွင် ဖြစ်တတ်သည်။<ref>{{Cite book|last=Hiralal Konar|date=2014|url=https://books.google.ca/books?id=LU2VAwAAQBAJ&pg=PA432|title=DC Dutta's Textbook of Obstetrics|publisher=JP Medical Ltd|page=432|isbn=978-93-5152-067-2}}</ref>
 
အများအားဖြင့် [[သားအိမ်]] (uterus)နှင့် ပတ်ဝန်းကျင်ရှိအင်္ဂါများကို ရောဂါကူးစက်လေ့ရှိပြီး ၄င်းကို၎င်းကို မီးဖွားပြီးသွေးဆိပ်တက်ခြင်း (puerperal sepsis) သို့မဟုတ် မီးဖွားပြီးသားအိမ်ရောင်ခြင်း (postpartum metritis) ဟုခေါ်သည်။ ဖြစ်ပွားနိုင်သောအကြောင်းရင်းများမှာ [[ဗိုက်ခွဲ၍မီးဖွားခြင်း]]၊ [[သားအိမ်လမ်းကြောင်း]] (vagina)တွင် အုပ်စုဘီ စတက်တိုကောကပ်(group B streptococcus)ကဲ့သို့သော ဘက်တီးရီးယားများရှိခြင်း၊ [[စောစီးစွာရေမြွှာပေါက်ခြင်း]](premature rupture of membranes)၊ သားအိမ်လမ်းကြောင်း စမ်းသပ်မှု အကြိမ်ပေါင်းများစွာပြုလုပ်ခြင်း၊ [[အချင်း]]ကို လက်ဖြင့်ဖယ်ရှားခြင်း၊ [[ရှည်ကြာသော မီးဖွားခြင်း]] (prolonged labour) တို့ဖြစ်သည်။<ref name="WHOBook2015">{{Cite book|date=2015|url=http://apps.who.int/iris/bitstream/10665/186171/1/9789241549363_eng.pdf|title=WHO recommendations for prevention and treatment of maternal peripartum infections|publisher=World Health Organization|page=1|isbn=9789241549363}}</ref> ဖြစ်ပွားလေ့ရှိသော ရောဂါကူးစက်မှုအများစုမှာ တစ်မျိုးထက်ပိုသော ဘက်တီးရီးယားများ ကူးစက်ခံရခြင်းဖြစ်သည်။ သားအိမ်လမ်းကြောင်းမှအရည်ကို ပိုးမွေးစစ်ဆေးခြင်းနှင့် သွေးဖောက်စစ်ဆေးခြင်းတို့ဖြင့် ရောဂါရှာဖွေခြင်းမှာ အကျိုးသက်ရောက်လေ့မရှိပါ။ ရောဂါလက္ခဏာမသက်သာသူများတွင် [[ဆေးပညာနှင့်ဆိုင်သော ပုံရိပ်ဖမ်းယူနည်းများ]] (medical imaging) ဖြင့် စစ်ဆေးသင့်သည်။ ကလေးမီးဖွားပြီးချိန်တွင် ကိုယ်အပူချိန်တက်ခြင်းမှာ [[နို့လမ်းကြောင်းပိတ်ဆို့ခြင်း]] (breast engorgement)၊ [[ဆီးလမ်းကြောင်းတွင်ရောဂါပိုးဝင်ခြင်း]] (urinary tract infections)၊ ခွဲထားသော ဝမ်းဗိုက် သို့မဟုတ် သားအိမ်လမ်းကြောင်းရှိ ဒဏ်ရာ (episiotomy)တွင် ရောဂါပိုးဝင်ခြင်း၊ [[အဆုတ်ပြားခြင်း]] (atelectasis) တို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။
 
ဗိုက်ခွဲ၍မီးဖွားရာတွင် ရောဂါပိုးများဝင်နိုင်ခြေရှိသောကြောင့် ခွဲစိတ်နေချိန်အတွင်းတွင် အမ်ပစလင် (ampicillin) စသော [[ပဋိဇီဝဆေးများ]] (Antibiotics) ကို ကာကွယ်သည့်အနေဖြင့်ပေးသင့်သည်။ အကယ်၍ရောဂါပိုးကူးစက်ခံရလျှင် ပဋိဇီဝဆေးများဖြင့်ကုသလေ့ရှိပြီး နှစ်ရက် သို့မဟုတ် သုံးရက်ခန့်တွင် ပြန်လည်ကောင်းမွန်လာလေ့ရှိသည်။ ရောဂါလက္ခဏာမပြင်းထန်သူများကို သောက်ဆေးများသာ အသုံးပြုပြီး ရောဂါလက္ခဏာပြင်းထန်သူများကိုသာ ထိုးဆေးများပေးလေ့ရှိသည်။ အမ်ပစလင်နှင့် ဂျန်တာမိုင်စင် (gentamicin) ဆေးနှစ်မျိုးကို သာမန်သားအိမ်လမ်းကြောင်းမှမီးဖွားသူများကို ပေးလေ့ရှိပြီး ဗိုက်ခွဲ၍မီးဖွားသူများကို ကလင်ဒါမိုင်စင် (clindamycin)နှင့် ဂျန်တာမိုင်စင်ဆေးတို့ကို ပေးလေ့ရှိသည်။ သင့်တော်သောဆေးများဖြင့်ကုသပြီးသော်လည်း ရောဂါလက္ခဏာမသက်သာပါက [[ပြည်တည်နာ]] (abscess) ဖြစ်ခြင်းစသော နောက်ဆက်တွဲဆိုးကျိုးများကိုပါ ထည့်သွင်းစဉ်းစားသင့်သည်။
 
(၂၀၁၅)ခုနှစ်အတွင်းတွင် ကိုယ်ဝန်ဆောင်များ (၁၁.၈)သန်းခန့် ရောဂါပိုးကူးစက်ခံခဲ့ရသည်။ တိုးတက်သောနိုင်ငံများတွင်တော့ သာမန်သားအိမ်လမ်းကြောင်းမှမီးဖွားပြီး (၁)မှ(၂)ရာခိုင်နှုန်းခန့်သာ ကူးစက်ခံရသည်။ ခက်ခဲစွာမီးဖွားသူများတွင် (၅)မှ(၁၃) ရာခိုင်နှုန်းခန့်အထိ ကူးစက်ခံရနိုင်ခြေရှိပြီး ဗိုက်ခွဲ၍မီးဖွားသူများတွင် ကာကွယ်သည့်အနေဖြင့် ပဋိဇီဝဆေးများကိုမပေးပါက (၅၀) ရာခိုင်နှုန်းခန့်အထိ ကူးစက်ခံရနိုင်သည်။ (၁၉၉၀)ခုနှစ်တွင် မီးဖွားပြီးရောဂါပိုးကူးစက်ခံရခြင်းကြောင့် အမျိုးသမီးပေါင်း (၃၄၀ဝ၀)ခန့် သေဆုံးခဲ့သော်လည်း (၂၀၁၅)ခုနှစ်အတွင်းတွင် (၁၇၉၀ဝ)ခန့်သာ အသက်ဆုံးရှုံးခဲ့သည်။<ref name="GDB2013">{{Cite journal|last=GBD 2013 Mortality and Causes of Death|first=Collaborators|date=17 December 2014|pmc=4340604|title=Global, regional, and national age-sex specific all-cause and cause-specific mortality for 240 causes of death, 1990–2013: a systematic analysis for the Global Burden of Disease Study 2013.|journal=Lancet|volume=385|pages=117–71|doi=10.1016/S0140-6736(14)61682-2|pmid=25530442}}</ref> ၄င်းမှာ၎င်းမှာ ကိုယ်ဝန်ဆောင်နှင့်ဆိုင်သော အသက်ဆုံးရှုံးမှုများ၏ (၁၀)ရာခိုင်နှုန်းခန့်ရှိသည်။ ဆေးပညာရှင် [[ဟစ်ပိုကရေးတီး]](Hippocrates)၏ မှတ်တမ်းများအရ ပထမဆုံးသော မီးဖွားပြီးရောဂါပိုးကူးစက်ခံရခြင်းကို ဘီစီအီး(BCE) (၅)ရာစုနှစ်လောက်တွင် စတင်တွေ့ရှိခဲ့သည်။<ref>{{Cite book|last=Walvekar|first=Vandana|date=2005|url=https://books.google.ca/books?id=DIOmY2ROeVAC&pg=PA152|title=Manual of perinatal infections|publisher=Jaypee Bros.|location=New Delhi|page=153|isbn=978-81-8061-472-9}}</ref> (၁၈)ရာစုမှစ၍ ပဋိဇီဝဆေးများစတင်ပေါ်ပေါက်လာချိန်ဖြစ်သည့် (၁၉၃၀)နှစ်ပိုင်းများအထိ အလွန်အဖြစ်များခဲ့သည်။<ref>{{Cite book|last=Magner|first=Lois N.|date=1992|url=https://books.google.ca/books?id=qtUzscI9_VIC&pg=PA258|title=A history of medicine|publisher=Dekker|location=New York|pages=257–258|isbn=978-0-8247-8673-1}}</ref> (၁၈၄၇)ခုနှစ်တွင် [[ဩစတြီးယားနိုင်ငံ]]မှ အစ်နက် ဆမ်မယ်ဝစ်ဒ် (Ignaz Semmelweiss) အမည်ရှိသော ပညာရှင်မှ [[ကလိုရင်း]] (chlorine)နှင့် လက်ဆေးခြင်းဖြင့် ရောဂါပိုးဝင်ခြင်းကြောင့်အသက်ဆုံးရှုံးခြင်းကို (၂၀)ရာခိုင်နှုန်းခန့်အထိ လျှော့ချနိုင်ခဲ့သည်။<ref>{{Cite journal|last=Anderson|first=BL|date=April 2014|title=Puerperal group A streptococcal infection: beyond Semmelweis.|journal=Obstetrics and gynecology|volume=123|issue=4|pages=874–82|doi=10.1097/aog.0000000000000175|pmid=24785617}}</ref><ref>{{Cite journal|last=Ataman|first=AD|date=2013|pmc=3881728|title=Medicine in stamps-Ignaz Semmelweis and Puerperal Fever.|journal=Journal of the Turkish German Gynecological Association|volume=14|issue=1|pages=35–9|doi=10.5152/jtgga.2013.08|pmid=24592068}}</ref>
 
== ကိုးကား ==