ခေါင်စိုလူမျိုး: တည်းဖြတ်မှု မူကွဲများ

"တခြားအမျိုးသား..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၁ -
တခြားအမျိုးသားများက ခေါင်စိုဟု ခေါ်ကြသော်လည်း ခေါင်စိုအမျိုးသားတို့ကမူ သူတို့ကို သူတို့ ခူမီ၊ သို့မဟုတ် အီမီဟု ခေါ်ကြသည်။ ခေါင်စိုတို့သည် အနူး၊ ခမီတို့နှင့် ရောနှောနေထိုင်ကြသည်။ သူတို့၏ ယဉ်ကျေးမှုသည် ခမီယဉ်ကျေးမှုနှင့် ခြားနားခြင်း မရှိပေ။ ခမီစကားကိုလည်း ပြောဆိုတတ်ကြသည်။
 
ခေါင်စို၊ အနူး၊ ခမီ၊ ပနမ်းစသော ချင်းအျိုးသား အမျိုးသမီးတို့၏ ဝတ်စားဆင်ယင်မှုများသည် တစ်ဦးနှင့် တစ်ဦး အနည်းငယ်ကွာခြားမှုရှိသော်လည်း သာမန်အားဖြင့် ခွဲခြား၍ မသိနိုင်ကြပေ။
 
ခေါင်စိုအမျိုးသမီးများသည် ညာပခုံးမှကျသော ရင်ဖုံးစနှင့် ဘယ်ချိုင်းအောက်မှ လာသော ရင်ဖုံးကို ညာဘက်ရင်သားပေါ်တွင် တည်ါတည့်ချည်ထားသည်။ ယင်းတို့ကား အပျိုများနှင့် လင်ရှိသော်လည်း ကလေးမရသေးသော အမျိုးသမီးများ၏ ဝတ်ဆင်ပုံဖြစ်သည်။ အိမ်ထောင်သည် အမျိုးသမီးများကား ရင်ကို တစ်စုံတစ်ရာ မဖုံးမဖိဘဲ နဂိုအတိုင်း ထားလေ့ရှိသည်။