စက်မှုတော်လှန်ရေး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
[[File:Maquina vapor Watt ETSIIM.jpg|300px|thumb|သိပ္ပပညာရှင် ဂျိမ်းစ်ဝပ် (James Watt) တီထွင်ခဲ့သည့် [[ရေနွေးငွေ့စက်]]။ လက်ရှိတွင် စပိန်နိုင်ငံ မဒရစ်မြို့တွင် သိမ်းဆည်းထားသည်။<ref>[[Watt steam engine]] image: located in the lobby of into the Superior Technical School of Industrial Engineers of a the UPM ([[Madrid]])</ref>]]
 
'''စက်မှုတော်လှန်ရေး''' ('''Industrial Revolution''') သည် အရင်းရှင်စီးပွားရေးစနစ် စက်မှုလုပ်ငန်း အသွင်ပြောင်းလာစေသည့် စောစောပိုင်းကာလကို ညွှန်းဆိုခြင်း ဖြစ်သည်။ ကုန်ပစ္စည်း ထုတ်လုပ်မှုတွင် စက်ယန္တရားများဖြင့် လူအားနေရာတွင် အစားထိုးလာသည့် ခေတ်ကာလလည်းဖြစ်သည်။ စက်ယန္တရားများ တီထွင်အသုံးပြုခြင်းသည် ဤခေတ်ကာလ၏ သင်္ကေတဖြစ်သောကြောင့် သမိုင်းပညာရှင်များက ဤခေတ်ကာလအား “'''စက်ယန္တရားခေတ်'''”ဟု ခေါ်ဝေါ်သမုတ်လေ့ရှိသည်။
 
စက်မှုတော်လှန်ရေးသည် ၁၇၅၉ ခုနှစ်ခန့်တွင် စတင်ခဲ့သည်ဟု တချို့က ယူဆခဲ့သော်လည်း ၁၈၃၀ ပြည့်လွန်နှစ်ရောက်မှသာ ရုပ်လုံးပီပြင်လာသည်။ ပညာရှင်အများစုက စက်မှုတော်လှန်ရေးသည် ဗြိတိန်နိုင်ငံ (ယူကေ) အလယ်ပိုင်းဒေသတွင် အစပျိုးခဲ့သည်ဟု လက်ခံထားကြသည်။ ၁၈ ရာစုနှစ်လယ်ပိုင်းတွင် ဗြိတိသျှလူမျိုး [[ဂျိမ်းစ်ဝပ်]] [[ရေနွေးငွေ့စက်]]ကို တီထွင်ခဲ့ပြီးနောက် လူအားဖြင့် ကုန်ထုတ်လုပ်ြခင်းမှသည် စက်အားဖြင့် ထုတ်လုပ်ခြင်းသို့ တစတစ ကူးပြောင်းလာခဲ့သည်။ ဒီ့နောက်တွင် အနောက်ဥရောပ နိုင်ငံများနှင့် အမြောက်အမေရိကတိုက်သို့ ပျံ့နှံ့သွားကာ ကမ္ဘာတဝှမ်းသို့ သက်ရောက်မှု ဖြစ်စေခဲ့သည်။ ရေနွေးငွေ့စက်၊ [[ကျောက်မီးသွေး]]၊ [[သံ]]နှင့် [[သံမဏိ]]တို့သည် နည်းပညာတိုးတက်မှုနှင့် စက်မှုတော်လှန်ရေး အရှိန်အဟုန်ရလာစေသည့် အကြောင်းအရင်းကြီး ၄ ရပ်ဟု ယူဆကြသည်။
စာကြောင်း ၂၅ -
{{reflist}}
 
[[Category:သမိုင်းစက်မှုတော်လှန်ရေး]]