ဒုတိယ အယ်လီဇဘက်: တည်းဖြတ်မှု မူကွဲများ

၁၀၅၈၃ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
No edit summary
စာတွဲများ: မျက်မြင် တည်းဖြတ် မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
[[File:Elizabeth II greets NASA GSFC employees, May 8, 2007 edit.jpg|thumb|250px|အယ်လီဇဘက် ဒုတိယ (၂၀၀၇)]]
 
ဒုတိယ အယ်လစ်ဇဗက်ဘုရင်မသည် ဆဌဂျော့ဘုရင်
ကွယ်လွန်ပြီးနောက်၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံ ထီးနန်းကို
ဆက်ခံစိုးစံသော ဘုရင်မ ဖြစ်သည်။ ဆဌ ဂျော့ဘုရင်နှင့်
အယ်လစ်ဇဗက်မိဖုရားတို့၏ သမီးတော်အကြီးဆုံးဖြစ်၍၊ ၁၉၂၆
ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် လန်ဒန်မြို့၌ဖွားမြင်သည်။
အဌမအက်ဒွပ်ဘုရင် ထီးနန်းကိုစွန့်သဖြင့် ခမည်းတော် ယော့မြို့စား
သည် ၁၉၃၆ ခုနှစ်တွင် ဆဌ ဂျော့ဘုရင်အဖြစ် နန်းတက်သော
အခါ ၁ဝ နှစ်သမီး အရွယ်ရှိသော အယ်လစ်ဇဗက်မင်းသမီး
သည် နန်းလျာဖြစ်လာလေသည်။
 
မယ်တော်ကိုယ်တိုင် အယ်လစ်ဇဗက်မင်းသမီး ပညာ
သင်ကြားရေးကို ကြီးကြပ်၍ သင်ရိုးဘာသာရပ်များအပြင် စီး
ပွားရေး၊ နိုင်ငံအုပ်ချုပ်မှု ဥပဒေသမိုင်း၊ နိုင်ငံရေးဆိုင်ရာပညာ
တို့ကို နန်းတွင်းဆရာများနှင့် သင်ကြားစေသည်။ မင်းသမီး
သည် မြင်းစီးအတတ်၊ ရေကူးအတတ်တို့၌ ကျွမ်းကျင်၍၊
စန္ဒရားကိုလည်း ကောင်းစွာတီးနိုင်သည်။ ပြဇာတ်၌လည်း စိတ်
ဝင်စားသည်။
 
၁၉၃၇ ခုနှစ်တွင် အယ်လစ်ဇဗက်မင်းသမီးသည်
အမျိုးသမီးကင်းထောက်အဖွဲ့သို့ လည်းကောင်း၊ ၁၉၄၂ ခုနှစ်
တွင် ပင်လယ်ကင်းထောက်အဖွဲ့သို့ လည်းကောင်း ဝင်ရောက်ခဲ့
သည်။ ထိုနှစ်အတွင်း ဂျော့ဘုရင်က သမီးတော်အား ဂရင်နား
ဒီးယားအစောင့်တပ်ဖွဲ့တွင် ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီးအဖြစ်
ခန့်အပ်သည်။ ဒုတိယကမ္ဘာစစ်အတွင်းက အေ၊ တီ၊ အက်စ
အရံတပ်တွင် ဝင်ရောက်စစ်မှုထမ်းခဲ့ရာ၊ ၁၉၄၅ ခုနှစ်၌ ပြန်
တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခံရသည်။
 
၁၉၄၇ ခု နှစ်ဦးတွင် အယ်လစ်ဇဗက်မင်းသမီးသည်
ခမည်းတော်၊ မယ်တော်တို့နှင့်အတူ တောင်အာဖရိကတိုက်သို့
ခရီးထွက်စဉ်က အသက် ၂၁ နှစ်ပြည့်သော မွေးနေ့အခမ်း
အနားကို ကျင်းပခဲ့သည်။ ထိုမွေးနေ့တွင် မင်းသမီးက မိမိသည်
ဗြိတိသျှ ဓနသဟာယနိုင်ငံများ အကျိုးကို တစ်သက်လုံးသည်
ပိုးရွက်ဆောင်ပါမည်ဟူ၍ အသံလွှင့်ကျေညာခဲ့လေသည်။
 
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ယခင်က
ဂရိမင်းသားဖိလစ်ဖြစ်သူ ဘုရင့်ရေတပ်မတော်မှ ဗိုလ်ဖိလစ်
မောင့်ဗက်တင်နှင့် စေ့စပ်ပြီးကြောင်း ကျေညာခဲ့သည်။ ထိုနှစ်
နိုဝင်ဘာလ ၂ဝ ရက် နေ့တွင် အယ်လစ်ဇဗက် မင်းသမီးနှင့်
ဖိလစ်မင်းသားတို့သည် လန်ဒန်မြို့ရှိ ဝက်စမင်စတာအက်ဗေး
ဘုရားရှိခိုးကျောင်း၌ ထိမ်းမြားလက်ထပ်ကြသည်။ လက်မထပ်မီ
နေ့တွင် ဂျော့ဘုရင်က ဖိလစ်မင်းသားအား [[အက်ဒင်ဗာရာမြို့စား]]
ဘွဲ့ချီးမြှင့်ခဲ့လေသည်။
 
၁၉၄၈ ခုနှစ် မေလတွင် အယ်လစ်ဇဗက်မင်းသမီးသည်
ကြင်ဖက်တော် အက်ဒင်ဗာရာမြို့စားနှင့်အတူ ပြင်သစ်နိုင်ငံသို့
ဧည့်သည်တော်အဖြစ် သွားရောက်လည်ပတ်ခဲ့သည်။ ထိုနှစ်နိုဝင်
ဘာလ ၁၄ ရက်နေ့တွင် သားဦးဖြစ်သော ချားဖိလစ်အာသာ
ဂျော့မင်းသားကိုဖွားမြင်သည်။ တစ်ဖန် ၁၉၅ဝ ပြည့်နှစ် ဩ
ဂုတ်လ ၁၅ ရက်နေ့တွင် အန်အယ်လစ်ဇဗက် အဲလစ်လူဝီ
မင်းသမီးကိုဖွားမြင်သည်။ ၁၉၅၁ ခုနှစ် အောက်တိုဘာလနှင့်
နိုဝင်ဘာလအတွင်းက အယ်လစ်ဇဗက်မင်းသမီးနှင့် ကြင်ဖက်
တော် အက်ဒင်ဗာရာမြို့စားတို့သည် ကနေဒါနိုင်ငံရှိ ပြည်နယ်
များသို့လည်းကောင်း၊ အမေရိကန်သမ္မတ၏ ဧည့်သည်တော်
အဖြစ်ဖြင့် ဝါရှင်တန်မြို့တော်သို့လည်းကောင်း ခရီးထွက် လည်
ပတ်ခဲ့ကြလေသည်။
 
ထို့နောက် တစ်ဖန် ၁၉၅၂ ခုနှစ် ဇန္နဝါရီလ ၃၁
ရက်နေ့တွင် အယ်လစ်ဇဗက်မင်းသမီးနှင့် ကြင်ဖက်တော်
တို့သည် ဒိုမီနီယန်နိုင်ငံများဖြစ်သော သီဟိုဠ်၊ ဩစတြေးလီး
ယား၊ နယူးဇီလန်နိုင်ငံများ အပါအဝင် ဗြိတိသျှပိုင်နက်နယ်ပယ်
အသီးသီးသို့ ငါးလကြာမျှ ခရီးရှည်ထွက်ရန်အတွက် အာဖရိက
တိုက်ရှိကင်ညာနယ်သို့ လေကြောင်းဖြင့် ထွက်ခွာခဲ့လေသည်။
၁၉၄၈ ခုနှစ်မှစ၍ ဆဌဂျော့ဘုရင်၏ ကျန်းမာရေး ချို့
ယွင်းလာခဲ့ရာ ၁၉၅၂ ခုနှစ်ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်
ဘုရင်ကြီးကွယ်လွန်လေသည်။ ထို့ကြောင့် ကင်ညာနယ်သို့
ရောက်ရှိနေသော နန်းလျာ အယ်လစ်ဇဗက်မင်းသမီးသည်
အင်္ဂလန်နိုင်ငံသို့ ချက်ခြင်းပြန်ခဲ့ရလေသည်။ ဖေဖော်ဝါရီလ ၈
ရက်နေ့တွင် အယ်လစ်ဇဗက်သည် ခမည်းတော်၏ အရိုက်အရာ
ဖြစ်သော ဗြိတိသျှထီးနန်းကို ဆက်ခံစိုးစံသည်။ သားဦးဖြစ်
သော ချားမင်းသားသည်လည်း ကွန်ဝေါနယ်စားဘွဲ့ကိုခံယူ၍
နန်းလျာဖြစ်လာလေသည်။ ၁၉၅၃ ခု၊ ဇွန်လ ၂ ရက်နေ့တွင်
လန်ဒန်မြို့ ဝက်စမင်စတာအက်ဗေး ဘုရားရှိခိုးကျောင်း၌ ဒုတိ
ယ အယ်လစ်ဇဗက်ဘုရင်မအဖြစ် ဘိသိက်ခံပွဲကို ကျင်းပခဲ့ကြ
သည်။ ထိုနှစ် နိုဝင်ဘာလတွင် အယ်လစ်ဇဗက်သည် အက်ဒင်
ဗာရာမြို့စားနှင့်အတူ ဗြိတိသျှ ဓနသဟာယနိုင်ငံများသို့ တိုင်း
ခန်းလှည့်ခဲ့ရာ၊ ၁၉၅၄ ခုနှစ် မေလတွင် လန်ဒန်မြို့သို့ ပြန်
ရောက်လေသည်။
 
 
ဒုတိယ အယ်လစ်ဇဗက်ဘုရင်မသည် ၁၉၆ဝ ပြည့်နှစ်
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဒုတိယ သားတော် အင်ဒြူး
အဲလဗတ် ခရစ္စတီယန် အပ်ဒွပ်ကို ဖွားမြင်သည်။ အင်ဒြူးမင်း
သားသည် ချားမင်းသားနောက် ဗြိတိသျှထီးနန်းကို ဆက်ခံနိုင်
ခွင့်ရှိသော နန်းလျာဖြစ်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)</ref>
 
 
ဘုရင်မကြီး အယ်လီဇဘက် ဒုတိယသည် လက်ရှိ [[ယူနိုက်တက် ကင်းဒမ်း]] (ဗြိတိန်၊ ယူကေ)၊ ဓနသဟာယနိုင်ငံများနှင့် [[ကနေဒါနိုင်ငံ]]၊ [[ဩစတြေးလျနိုင်ငံ]]၊ [[နယူးဇီလန်နိုင်ငံ]]အပါအဝင် အခြား နိုင်ငံပေါင်း ၁၅ နိုင်ငံ၏ ဘုရင်မ ဖြစ်သည်။ သူမသည် ဖခမည်းတော် ဂျော့ဂျ်ဆဋ္ဌမ နတ်ရွာစံပြီးနောက် ၁၉၅၂ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် နန်းတက်ခဲ့ပြီး သက်ရှိထင်ရှားရှိသူ ရှင်ဘုရင်များအနက် နန်းသက် အရှည်ကြာဆုံး ဘုရင်မဖြစ်သည်။ ဗြိတိသျှသမိုင်းတွင် တတိယမြောက် နန်းသက် အရှည်ဆုံးဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ကြင်ရာတော် ဖိလစ်မင်းသားနှင့် စုလျားရစ်ပတ်ကာ သားတော်၊ သမီးတော် ၄ ဦး ထွန်းကားပြီး မြေးတော် ၈ ဦးရှိသည်။
 
==ကိုးကား==
<references/>
 
{{Lifetime|၁၉၂၆| |}}
[[Category:တိုင်းမ်မဂ္ဂဇင်း ဩဇာအရှိဆုံး ပုဂ္ဂိုလ်]]
[[Category:နိုင်ငံရေး ခေါင်းဆောင်]]
၄၀၇၃၅

တည်းဖြတ်မှုများ