တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
'''တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါ''' ({{lang-en|Pelvic inflammatory disease}} သို့မဟုတ် ''pelvic inflammatory disorder'', အတိုကောက် '''PID''')ဆိုသည်မှာ [[သားအိမ်]](uterus)၊ [[သားအိမ်ပြွန်]](fallopian tubes)၊ [[မျိုးဥအိမ်]](ovaries)စသော [[အမျိုးသမီးမျိုးပွားအင်္ဂါ]](female reproductive system)အပေါ်ပိုင်းနှင့် [[တင်ပါးဆုံရိုး]]အတွင်းတွင် ရောဂါပိုးကူးစက်ခံရခြင်းဖြစ်သည်။<ref name="NEJM PID Review 2015">{{cite journal|last1=Campion|first1=Edward W.|last2=Brunham|first2=Robert C.|last3=Gottlieb|first3=Sami L.|last4=Paavonen|first4=Jorma|title=Pelvic Inflammatory Disease|journal=New England Journal of Medicine|date=21 May 2015|volume=372|issue=21|pages=2039–2048|doi=10.1056/NEJMra1411426|pmid=25992748}}</ref><ref name="Mit2013">{{cite journal|last1=Mitchell|first1=C|last2=Prabhu|first2=M|title=Pelvic inflammatory disease: current concepts in pathogenesis, diagnosis and treatment.|journal=Infectious disease clinics of North America|date=December 2013|doi=10.1016/j.idc.2013.08.004|volume=27|issue=4|pages=793–809|pmid=24275271|pmc=3843151}}</ref> ဤရောဂါသည် အများအားဖြင့် ရောဂါလက္ခဏာပြလေ့မရှိပါ။<ref name="CDC2014Sym">{{cite web|title=Pelvic Inflammatory Disease (PID) Clinical Manifestations and Sequelae|url=http://www2a.cdc.gov/stdtraining/self-study/pid/pid_clinical_self_study_from_cdc.html|website=cdc.gov|accessdate=February 21, 2015|date=October 2014}}</ref> အကယ်၍ ရောဂါလက္ခဏာပေါ်လာပါက ဝမ်းဗိုက်အောက်ပိုင်းနာကျဉ်ခြင်း၊ [[မိန်းမကိုယ်မှအရည်အချွဲဆင်းခြင်း]](vaginal discharge)၊ ကိုယ်ပူချိန်တက်ခြင်း၊ ဆီးသွားလျှင် ပူလောင်ခြင်း၊ လိင်ဆက်ဆံရာတွင် နာကျဉ်ခြင်းနှင့် ရာသီမမှန်ခြင်းတို့ ဖြစ်တတ်သည်။ ဆေးဝါးကုသမှုမခံယူပါက ကလေးမရခြင်း၊ [[သားအိမ်ပြင်ပတွင်သန္ဓေတည်ခြင်း]] (ectopic pregnancy)၊ ရေရှည်တင်ပါဆုံးရိုးအတွင်းနာကျဉ်ခြင်းနှင့် [[ကင်ဆာရောဂါ]]ဖြစ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်တတ်သည်။<ref name="ChangParsonnet2010">{{cite journal|last1=Chang|first1=A. H.|last2=Parsonnet|first2=J.|title=Role of Bacteria in Oncogenesis|journal=Clinical Microbiology Reviews|volume=23|issue=4|year=2010|pages=837–857|issn=0893-8512|doi=10.1128/CMR.00012-10|pmid=20930075|pmc=2952975}}</ref><ref name="ChanSeraj1996">{{cite journal|last1=Chan|first1=Philip J.|last2=Seraj|first2=Ibrahim M.|last3=Kalugdan|first3=Theresa H.|last4=King|first4=Alan|title=Prevalence of Mycoplasma Conserved DNA in Malignant Ovarian Cancer Detected Using Sensitive PCR–ELISA|journal=Gynecologic Oncology|volume=63|issue=2|year=1996|pages=258–260|issn=0090-8258|doi=10.1006/gyno.1996.0316|pmid=8910637}}</ref>
 
တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါသည် [[သားအိမ်လမ်းကြောင်း]](vagina)နှင့် [[သားအိမ်ခေါင်း]](cervix)ကို [[ဘက်တီးရီးယား]]ရောဂါပိုးကူးစက်ခြင်းကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ ရောဂါဖြစ်ပွားသူ (၇၅)မှ (၉၀)ရာခိုင်နှုန်းခန့်တွင် နိုင်စီးရီးယား ဂနိုရီရေး(Neisseria gonorrhoeae) သို့မဟုတ် [[ကလမိုင်ဒီးယ ကူးစက်ရောဂါ|ကလမ်မိုင်းဒီးယား ထရာခိုမတစ်စ်]](Chlamydia trachomatis) ရောဂါပိုးများကြောင့် ဖြစ်သည်။ များသောအားဖြင့် ရောဂါပိုးအများအပြား ရောနှော၍လည်း ဖြစ်တတ်သည်။ ကလမ်မိုင်းဒီးယားပိုးကြောင့်ဖြစ်သော ဆေးကုသမှုမခံယူသည့် (၁၀)ရာခိုင်နှုန်းခန့်နှင့် ဂနိုရီးယားပိုးကြောင့်ဖြစ်သော (၄၀)ရာခိုင်နှုန်းခန့်သည် တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါဖြစ်တတ်သည်။<ref name="WHO2012">{{cite web|author1=World Health Organization|title=Global incidence and prevalence of selected curable sexually transmitted infections - 2008|url=http://apps.who.int/iris/bitstream/10665/75181/1/9789241503839_eng.pdf|website=who.int|accessdate=February 22, 2015|pages=2, 19|date=2012}}</ref> လူအများအပြားနှင့် လိင်ဆက်ဆံသူများနှင့် ဆေးစွဲနေသူများတွင် တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါနှင့် [[လိင်မှတဆင့် ကူးစက်တတ်သော ရောဂါ|လိင်မှတဆင့် ကူးစက်တတ်သောရောဂါများ]](sexually transmitted infections) ဖြစ်နိုင်သည်။ [[ဒိုချီ|သားအိမ်ဆေးသားအိမ်လမ်းကြောင်းဆေး]](Vaginal douching)သူများတွင်လည်း ဤရောဂါဖြစ်ပွားနိုင်နှုန်းမြင့်ကြောင်း တွေ့ရှိရသည်။ ပုံမှန်အားဖြင့် ရောဂါလက္ခဏာများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါဖြစ်ကြောင်းတွေ့ရှိနိုင်သည်။ ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ်အမျိုးအမီးများအားလုံးတွင် ဝမ်းဗိုက်အောက်ပိုင်း နာကျဉ်ခြင်းဖြစ်ပါက ဤရောဂါကို ထည့်သွင်းစဉ်းစားသင့်သည်။ ခွဲစိတ်ခြင်းပြုလုပ်ပါက သားအိမ်ပြွန်ရှိ [[ပြည်တည်နာ|ပြည်]](pus)ကို ဓါတ်ခွဲစမ်းသပ်ခြင်းဖြင့် သေချာသောရောဂါရှာဖွေမှုပြုလုပ်နိုင်သည်။ [[အသံလှိုင်းဖြင့် ပုံရိပ်ဖမ်းခြင်း]](Ultrasound)ဖြင့်လည်း ရောဂါရှာဖွေတွေ့ရှိနိုင်သည်။
 
တင်ပါးဆုံတွင်းအင်္ဂါများရောင်ရမ်းသည့်ရောဂါကို ကာကွယ်ရန်အတွက် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း သို့မဟုတ် လိင်ဆက်ဆံသည့်အဖော်များ အနည်းငယ်သာထား၍ [[ကွန်ဒုံး]]ကို အသုံးပြုသင့်သည်။<ref>{{cite web|title=Pelvic Inflammatory Disease (PID) Patient Counseling and Education|url=http://www2a.cdc.gov/stdtraining/self-study/pid/pid_patient_counseling_self_study_from_cdc.html|publisher=Centers for Disease Control|accessdate=February 21, 2015|date=October 2014}}</ref> ဖြစ်နိုင်ခြေရှိသည့်အမျိုးသမီးများကို ကလမ်မိုင်းဒီးယားပိုး စစ်ဆေး၍ လိုအပ်သောဆေးကုသမှုပေးခြင်းဖြင့် ဤရောဂါမဖြစ်အောင် ကာကွယ်နိုင်သည်။ အကယ်၍ ဤရောဂါဖြစ်သည်ဟု သံသယရှိပါက ဆေးကုသမှုပေးရန် အကြံပြုထားသည်။ ရောဂါဖြစ်ပွားသူအမျိုးသမီး၏ လိင်ဆက်ဆံဖော်များကိုလည်း ဆေးကုသရန်လိုအပ်သည်။<ref name="CDC2014Pub">{{cite web|title=Pelvic Inflammatory Disease (PID) Partner Management and Public Health Measures|url=http://www2a.cdc.gov/stdtraining/self-study/pid/pid_partner_management_self_study_from_cdc.html|publisher=Centers for Disease Control|accessdate=February 21, 2015|date=October 2014}}</ref> ရောဂါမပြင်းထန်သူများတွင် [[ပဋိဇီဝဆေး]] စက်ဖ်ထရီရာဇုန်း(ceftriaxone) တစ်ကြိမ်ထိုး၍ ဒေါက်စီစိုင်ကရင်း(doxycycline) နှစ်ပတ်ပေးခြင်းဖြင့် ကုသနိုင်သည်။ ဆေးကုသမှုခံယူပြီး သုံးရက်နေသော်လည်း မသက်သာသူများ သို့မဟုတ် ရောဂါပြင်းထန်သူများကို ပဋိဇီဝဆေးအကြောဆေးထိုးသွင်းပေးသင့်သည်။<ref name="CDC2010Tx">{{cite web|title=2010 STD Treatment Guidelines Pelvic Inflammatory Disease|url=http://www.cdc.gov/std/treatment/2010/pid.htm|publisher=Centers for Disease Control|accessdate=February 22, 2015|date=August 15, 2014}}</ref>