ဂယ်လက်ဆီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီးNo edit summary
စာကြောင်း ၂ -
'''ဂယ်လက်ဆီ''' ({{lang-en|Galaxy}}) ဆိုသည်မှာ ကြယ်စုကြယ်ဝေး ဖြစ်ပြီး ဓာတ်ငွေ့များ၊ အမှုန်အမွှားများနှင့် မှောင်မိုက်သော ဒြပ်ဝတ္ထုများလည်း ရောနှော ပါဝင်နေသည်။ ဂလက်ဆီများကို တစုတဝေးတည်း ဖြစ်နေစေသည့် အကြောင်းမှာ [[ဒြပ်ဆွဲငင်အား]]ပင် ဖြစ်သည်။ ဂလက်ဆီအတွင်းမှ အရာအားလုံးသည် ဗဟိုချက်တစ်ခုကို အခြေပြု၍ သွားလာလှုပ်ရှား နေကြသည်။ ဂလက်ဆီဆိုသည့် အမည်မှာ ဂရိစာလုံး ဂလက်ဆီးယားမှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ နဂါးငွေ့ ဟူ၍ဖြစ်သည်။ ထို့အတွက်ကြောင့် [[ကမ္ဘာ]]ပါဝင်သော လက်ရှိနေထိုင်ရာ ဂလက်ဆီကို [[နဂါးငွေ့တန်း ဂယ်လက်ဆီ]]ဟု ခေါ်ကြသည်။
 
အဓိကအားဖြင့် ဂလက်ဆီ ၃ မျိုး ရှိပြီး ၎င်းတို့မှာ ဘဲဥပုံ၊[[ဘဲဥပုံစံ ဂလက်ဆီ|ဘဲဥပုံ]]၊ [[ခရုပတ်ပုံစံ ဂလက်ဆီ|ဝက်အူရစ်ပုံ]] နှင့် ပုံသဏ္ဌန်မမှန်သော ဂလက်ဆီ တို့ ဖြစ်ကြသည်။ အားလုံးသော ဂလက်ဆီများသည် [[စကြာဝဠာ]]အတွင်းတွင် တည်ရှိကြသည်။ နဂါးငွေ့တန်းဂလက်ဆီတွင် [[ကြယ်]]အစင်းပေါင်း (၂၀၀) မှ (၄၀၀) [[ဘီလီယံ]]ကြား တည်ရှိသည်။ နဂါးငွေ့တန်းဂလက်ဆီနှင့် အနီးဆုံးဂလက်ဆီမှာ [[အင်ဒရိုမီဒါ ဂလက်ဆီ]]ဖြစ်ပြီး ကမ္ဘာမြေမှ [[အလင်းနှစ်]] (၂.၅) သိန်း ကွာဝေးသည်။ ကျွန်ုပ်တို့ မြင်နိုင်သော အကွာအဝေး သို့မဟုတ် [[လေ့လာနိုင်သော စကြာဝဠာ|လေ့လာရန် ဖြစ်နိုင်သော စကြာဝဠာ]]အတွင်းတွင် တည်ရှိသော ဂလက်ဆီပေါင်းမှာ (၁၇၀) ဘီလီယံ ကျော်မျှ ရှိသည်။
 
==ကိုးကား==