ရိုနယ်ရို့စ်: တည်းဖြတ်မှု မူကွဲများ

"၁၈၅၇ ခုနှစ်တွင..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁၀ -
ထိုသင်္ဘောမှာ လန်ဒန်နှင့် အမေရိကန်သို့ သွားသော သင်္ဘောဖြစ်ရာ၊ အမေရိကန်သို့ အသွားတွင် ခရီးသည်များနှင့် အမေရိကန်သို့ သွားရောက်နေထိုင်မည့်သူများကို တင်ဆောင်သွားပြီး၊ အပြန်တွင် [[သိုး]]၊ [[ကျွဲ]]၊ [[နွား]]တိရိစ္ဆာန်များကို တင်ယူလာသဖြင့်၊ သူသည် အခန်းတံခါးပိတ်ကာ စာမေးပွဲအတွက် စာများကို ကြိုးစားလာခဲ့သည်။ သို့ဖြင့် ၁၈၈၁ တွင် အိန္ဒိယစစ်တပ်တွင် ဆရာဝန်အဖြစ်ဖြင့် အမှုထမ်းရန်အတွက် စာမေးပွဲ အောင်မြင်သဖြင့် အိန္ဒိယမှ ထွက်ခွာလာပြီးနောက် ၁၆ နှစ်ကြာသောအခါ အိန္ဒိယသို့ တဖန် ပြန်ရောက်ကာ၊ စစ်တပ်ဝယ် ဆရာဝန်အဖြစ် အမှုထမ်းသည်။ ငြိမ်းချမ်းရေးကာလဖြစ်သောကြောင့် ဆေးကုပေးရသော အလုပ်မှာ အလွန် နည်းပါးလှသောကြောင့် အချိန်ပိုများ ရသမျှကို ရိုနယ်သည် အလဟဿ မကုန်စေဘဲ [[ဂရိ]]၊ [[လက်တင်ဘာသာစကား]]တို့ကို လေ့လာဖတ်မှတ်ခြင်း၊ [[အီတာလျံ ဘာသာ|အီတာလျံ]]၊ [[ပြင်သစ်ဘာသာစကား|ပြင်သစ်]]နှင့် [[ဂျာမန်ဘာသာ|ဂျာမန်]]စကားတို့ကို လေ့လာနေခဲ့သည်။ အချိန် အလဟဿ မဖြစ်စေရန် လင်္ကာစပ်ခြင်း၊ နေရာအနှံ့အပြား လှည့်လည်သွားလာခြင်း၊ ငါးမျှားခြင်း၊ [[တင်းနစ်]]နှင့် ပိုရို့ကစားခြင်းတို့ကိုလည်း ပြုလုပ်လေသည်။ ထို့ပြင် သင်္ချာနှင့် နက္ခတ်ပညာများကိုလည်း လေ့လာပြန်သည်။ စန္ဒယားလည်း တီးသည်။<br />
ထို့နောက်တွင် ရို့စ်သည် အိန္ဒိယလူမျိုးများ မကြာခဏ မကျန်းမမာ ဖြစ်ရပုံနှင့် ငှက်ဖျား ဖြစ်ပုံတို့ကို လေ့လာကြည့်သည်။ ခွင့်ရ၍ အင်္ဂလန်ပြန်သောအခါ ပြင်သစ်ဆရာဝန် လာဗီရန်၏ စာအုပ်များ ဖတ်ရှုပြီး၊ [[ငှက်ဖျားရောဂါ]] ဖြစ်ရခြင်းအကြောင်းရင်းကို စူးစမ်းရန် ဆုံးဖြတ်လိုက်သည်။<br />
အိန္ဒိယသို့ ပြန်ရောက်သောအခါဝယ် ငှက်ဖျား ဖြစ်ပွားရပုံကို လေ့လာစူးစမ်းကြည့်ရာ၊ ခြင်အမျိုးမျိုးကို ဖမ်းကာ မွေးမြူခြင်း၊ လူကိုကိုက်စေပြီး လေ့လာကြည့်ခြင်းတို့ဖြင့် နောက်ဆုံးတွင် အနိုဖီးလိစ် ခြင်မျိုးကို တွေ့ပြီး၊ လူတို့ကို စမ်းသပ်ကိုက်ကြည့်စေခြင်းဖြင့် ထိုခြင်မှ ငှက်ဖျား ဖြစ်စေနိုင်ကြောင်းကို ကောင်းစွာ သိရ၍ ငှက်ဖျား ကာကွယ်နည်း၊ ကုသနည်းများကို ပထမဦးစွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့သော ဆရာဝန် ဖြစ်လာသည်။ ထို့ကြောင့် ရိုနယ်ရို့စ်သည် ၁၉၀၂ ခုနှစ်တွင် ဆေးပညာဆိုင်ရာ [[နိုဘဲလ်ဆု]] ရပြီး ၁၉၁၁ ၌ ဆာဘွဲ့ကိုရရှိခဲ့ပေသည်။ <ref>ဦးသန်းဖေ-ကမ္ဘာကျော်ပုဂ္ဂိုလ် ၁၀၀(ဒုတွဲ)၊ စာ-၃၁၈</ref>
== ကိုးကား ==
<references/>