နော်ရထာ မင်းရဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Migrating 2 interwiki links, now provided by Wikidata on d:q3337352 (translate me)
No edit summary
စာကြောင်း ၁ -
{{Infobox royalty
နော်ရထာ မင်းရဲ
| type = monarch
| name = <small> စစ်ကိုင်း နော်ရထာ </small> <br> နော်ရထာ မင်းရဲ
| image =
| caption =
| reign = {{circa}} ဧပြီ – နိုဝင်ဘာ ၁၃၄၉
| coronation =
| succession = [[မြန်မာမင်းဆက်များ စာရင်း|စစ်ကိုင်းဘုရင်]]
| predecessor = [[ကျစွာ (စစ်ကိုင်း)|ကျစွာ]]
| successor = [[တရဖျားငယ်]]
| suc-type = ဆက်ခံသူ
| reg-type = ဝန်ကြီးချုပ်
| regent = [[နန္ဒပကြံ]]
| spouse =
| issue =
| issue-link =
| full name =
| house = [[မြင်စိုင်းခေတ်|မြင်စိုင်း]]
| father = [[အသင်္ခယာ စောယွန်း]]
| mother = [[စောနှောင်း]]
| birth_date = ၅ နိုဝင်ဘာ ၁၃၂၆ <br> မြန်မာသက္ကရာဇ် ၆၈၈၊ နတ်တော်လဆန်း ၁၁ ရက်၊ ဗုဒ္ဓဟူး
| birth_place = [[စစ်ကိုင်းမြို့]]၊ [[စစ်ကိုင်းခေတ်|စစ်ကိုင်းနေပြည်တော်]]
| death_date = {{circa}} နိုဝင်ဘာ ၁၃၄၉ (အသက် ၂၃) <br> {{circa}} မြန်မာသက္ကရာဇ် ၇၁၁၊ နတ်တော်လ
| death_place = စစ်ကိုင်းမြို့၊ စစ်ကိုင်းနေပြည်တော်
| date of burial =
| place of burial =
| religion = [[ထေရဝါဒ ဗုဒ္ဓဘာသာ]]
| signature =
}}
 
'''နော်ရထာ မင်းရဲ''' သည် [[စစ်ကိုင်းမင်းဆက်]] ဘုရင်တစ်ပါးဖြစ်ပြီး ၁၃၄၉ ခုနှစ်တွင် ၇ လကြာ ထီးနန်းစိုးစံခဲ့သည်။ နော်ရထာမင်းရဲသည် [[ကျစွာ (စစ်ကိုင်း)|ကျစွာ]]ဘုရင် ရယူခဲ့သော [[ပင်းယခေတ်|ပင်းယနေပြည်တော်]]နှင့် ငြိမ်းချမ်းရေးကို စစ်မက်ကင်းစင်မှုဖြင့် ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ နော်ရထာမင်းရဲလွန်ပြီးနောက် ထီးနန်းကို ညီတော်ဖြစ်သူ [[တရဖျားငယ်]]မှ ဆက်ခံခဲ့သည်။
[[Category:မြန်မာ့ သမိုင်း]]
 
== အကျဉ်းချုပ် ==
နော်ရထာမင်းရဲသည် [[စစ်ကိုင်းခေတ်|စစ်ကိုင်း]]ဘုရင် အသိင်္ခယာ စောယွန်းနှင့် မိဖုရား [[စောနှောင်း]]တို့၏ တတိယသားတော် ဖြစ်သည်။ [[ပင်းယခေတ်|ပင်းယ]]ဘုရင် [[တစ်စီးရှင် သီဟသူ]]နှင့် ပုဂံဘုရင် [[ကျော်စွာ (ပုဂံ)|ကျော်စွာ]]တို့၏ မြေး ဖြစ်သည်။ မင်းရဲအား မွေးဖွားပြီး သုံးလအကြာတွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။ နောင်တော်ဖြစ်သူ [[ကျစွာ (စစ်ကိုင်း)|ကျစွာ]]သည် လေးနှစ်ခန့်သာရှိသေးသဖြင့် ဦးရီးတော် [[တရဖျားကြီး]]က စောနှောင်းအား မိဖုရားခေါင်အဖြစ် လက်ထပ်ပြီး ထီးနန်းကို စိုးစံခဲ့သည်။<ref name=tt-126>သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၆</ref><ref name=hy-1-389>မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၉</ref> မင်းရဲသည် ကိုးနှစ်အရွယ်အထိ စစ်ကိုင်းတွင် ကြီးပြင်းခဲ့သည်။ ၁၃၃၅/၃၆ တွင် ဝမ်းကွဲဖြစ်သူ [[ရွှေတောင်တက်]]၏ ထီးနန်းသိမ်းပိုက်မှုကြောင့် မင်းရဲနှင့် သူ၏ အခြားမောင်နှမသုံးဦးတို့သည် [[မင်းတုန်းမြို့]]သို့ ပုန်းရှောင်ခဲ့ကြရသည်။<ref name=hy-1-389/> မိခင်နှင့် ဝန်ကြီးချုပ် [[နန္ဒပကြံ]]တို့၏ အကူအညီဖြင့် သုံးနှစ်ကြာ ပုန်းခိုခဲ့ကြရပြီး ပုန်းခိုနေမှု ပေါ်ပေါက်သွားပြီးနောက် ၁၃၃၉ တွင် စစ်ကိုင်းသို့ ပြန်လည်ခေါ်ဆောင်ခြင်း ခံရသည်။<ref name=hy-1-390>မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၀</ref> သို့သော် ရွှေတောင်တက်နှင့် တရဖျားကြီး၏ သစ္စာခံများ တိုက်ခိုက်ကြပြီးနောက် ရွှေတောင်တက်နှင့် တရဖျားကြီး နှစ်ဦးစလုံး အသတ်ခံခဲ့ရသည်။ ယင်းနောက် နန္ဒပကြံက ကျစွာအား ထီးနန်းတင်ခဲ့သည်။<ref name=hy-1-390/>
 
ကျစွာသည် ကိုးနှစ်ကျော် ထီးနန်းစိုးစံခဲ့သည်။ တိုင်းပြည်အား နန္ဒပကြံမှ စီမံအုပ်ချုပ်နေသဖြင့် မင်းရဲသည် နောင်တောင်၏ ထီးနန်းကာလတွင် အရေးပါသည့် နေရာတွင် မရှိခဲ့ပေ။<ref name=hy-1-391>မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁</ref> သို့သော် ၁၃၄၉ ခုနှစ်တွင် ကျစွာဘုရင်သည် ထီးနန်းဆက်ခံမည့်ယောက်ျားသား မချန်ထားနိုင်ခဲ့ဘဲ ကွယ်လွန်ခဲ့ရာ မင်းရဲသည် အရေးပါသူ ဖြစ်လာခဲ့သည်။<ref group=note>ရာဇဝင်ကျမ်းများတွင် ကျစွာ၏ သားသမီးများကို ဖော်ပြထားခြင်း မရှိပေ။ (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) အရ ခေတ်ပြိုင်ကျောက်စာတစ်ခုတွင် ကျစွာဘုရင်တွင် အနည်းဆုံး သမီးတော်တစ်ဦး ရှိခဲ့ကြောင်း ဖော်ပြထားသည်။ ကျစွာဘုရင်တွင် ထီးနန်းဆက်ခံမည့် သားတော်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယင်းတို့သည် ၁၃၄၉ တွင် ထီးနန်းဆက်ခံရန် ငယ်ရွယ်လွန်းနေသည်။</ref> မင်းရဲသည် နော်ရထာဘွဲ့ခံကာ ဘုရင်ဖြစ်လာခဲ့သည်။<ref name=tt-127>သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇</ref> မင်းရဲသည် သူ့ကိုယ်သူ '''ဆင်ဖြူရှင်''' ဟု ခံယူခဲ့သဖြင့် ထီးနန်းစိုးစံစဉ် ကာလအတါင် ဆင်ဖြူများတစ်ကောင်ကို ရရှိခဲ့ဟန်သည်။<ref name=hy-1-391/>
 
မင်းရဲ၏ နန်းသက်သည် ၇ လကျော်သာ ကြာမြင့်ခဲ့သည်။ ကျစွာဘုရင် ရယူခဲ့သော [[ပင်းယခေတ်|ပင်းယနေပြည်တော်]]နှင့် ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။ [[ပင်လယ်မြို့ဟောင်း|ပင်လယ်]]မြို့စား [[ကန်းနီ နော်ရထာ]]သည် နောင်တော်ဘုရင်ဖြစ်သူ [[ငါးစီးရှင်ကျော်စွာ]]ထံမှ ထွက်ပြေးလာခဲ့ပြီး မင်းရဲထံတွင် ခိုလှုံခဲ့သည်။<ref name=hy-1-380>မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၈၀</ref> သို့သော်လည်း မည်သည့် စစ်မက်မှ မဖြစ်ပွားခဲ့ပေ။ မင်းရဲသည် ၁၃၄၉ နိုဝင်ဘာ ၈ နောက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။<ref name=yt-1-175-2>မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂</ref> မင်းရဲသည်လည်း ထီးနန်းဆက်ခံမည့် ယောက်ျားသား မကျန်ခဲ့သည့်အတွက် ညီတော်ဖြစ်သူ [[တရဖျားငယ်]]မှ ထီးနန်းရယူခဲ့သည်။<ref name=hy-1-391/>
 
==ရာဇဝင်ကျမ်းများ၏ ကွဲလွဲမှုများ==
မြန်မာရာဇဝင်ကျမ်းများတွင် နော်ရထာမင်းရဲ၏ မွေးဖွားရက်၊ ကွယ်လွန်ရက်နှင့် ထီးနန်းသက်တမ်းများ ကွဲလွဲလျက်ရှိသည်။
 
{| width=100% class="wikitable"
|-
! style="background-color:#B9D1FF" width=10% | ရင်းမြစ်
! style="background-color:#B9D1FF" width=15% | မွေးဖွား–ကွယ်လွန်
! style="background-color:#B9D1FF" width=5% | မွေးရက်
! style="background-color:#B9D1FF" width=5% | အသက်
! style="background-color:#B9D1FF" width=15% | နန်းသက်
! style="background-color:#B9D1FF" width=5% | ထီးနန်းသက်
! style="background-color:#B9D1FF" width=5% | ကိုးကား
|-
| ''[[ဇာတာတော်ပုံ ရာဇဝင်]]''
| ၅ နိုဝင်ဘာ ၁၃၂၆ – ၁၃၅၂
| အင်္ဂါနေ့
| rowspan="2" | ၂၅
| ၁၃၄၄–၁၃၅၂
| rowspan="2" | ၈ နှစ်
| <ref group=note>(ဇာတာ၊ ၁၉၆၀၊စာ ၇၁): မြန်မာသက္ကရာဇ် ၆၈၈၊ ၈ လမြောက်၏ ၁၀ ခုမြောက် နက္ခတ်၊ အင်္ဂါနေ့ = မြန်မာသက္ကရာဇ် ၆၈၈၊ နတ်တော်လဆန်း ၁၁ ရက် = ၅ နိုဝင်ဘာ ၁၃၂၆၊ ''ဗုဒ္ဓဟူးနေ့''။ ''ဇာတာတော်ပုံ ရာဇဝင်''တွင် အင်္ဂါနေ့ဖွားဟု ဖော်ပြထားသော်လည်း အခြားရာဇဝင်ကျမ်းများကမူ ဗုဒ္ဓဟူးနေ့ဖွား (အမည်ရှိ "ရဲ" သည် ဗုဒ္ဓဟူးနံ) ဟု ဆိုကြသည်။</ref>
|-
| ''[[မဟာရာဇဝင်တော်ကြီး]]''
| {{circa}} ၁၃၂၇–၁၃၅၂/၅၃
| rowspan="3" | ဗုဒ္ဓဟူးနေ့
| ၁၃၄၄/၄၅–၁၃၅၂/၅၃
| <ref name=my-1-271>မဟာရာဇဝင်တော်ကြီး၊ အတွဲ ၁၊ ၂၀၀၆၊ စာ ၂၇၁</ref>
|-
| ''[[မဟာရာဇဝင်သစ်]]''
| rowspan="2" | {{circa}} ၁၃၂၀–၁၃၄၉/၅၀
| rowspan="2" | ၂၉
| rowspan="2" | ၁၃၄၉–၁၃၄၉/၅၀
| rowspan="3" | ၇ လ
| <ref name=yt-1-175>မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅</ref>
|-
| ''[[မှန်နန်း ရာဇဝင်]]''
| <ref name=hy-1-391>မှန်နန်း၊ အတွဲ ၁၊ ၂၀၀၃၊ စာ ၃၉၁</ref>
|-
| ကျောက်စာများ
| – ၁၃၄၉ နိုဝင်ဘာ ၈ <small>နောက်ပိုင်း</small>
|
|
| ၁၃၄၉ ဧပြီ ၁၆ <small>နောက်ပိုင်း</small> – ၁၃၄၉ နိုဝင်ဘာ ၈ <small>နောက်ပိုင်း</small>
| <ref group=note>ခေတ်ပြိုင်ကျောက်စာများတွင် ကျစွာဘုရင် ကွယ်လွန်ချိန်နှင့် [[နော်ရထာ မင်းရဲ]] နန်းတက်ချိန်အကြား ရက်သတ္တပတ်အနည်းငယ် ကွာဟနေခြင်းကို ညွှန်းပြနေသည်။ ကျောက်စာတစ်ခု (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကျစွာဘုရင်သည် မြန်မာသက္ကရာဇ် ၇၁၀ (၂၉ မတ် ၁၃၄၈ မှ ၂၈ မတ် ၁၃၄၉ ထိ) တွင် ကွယ်လွန်သည်ဟု ဆိုသည်။ နော်ရထာမင်းရဲ ကိုယ်တိုင် စိုက်ထူခဲ့သော ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅၊ အောက်ခြေမှတ်စု ၂) တွင် နော်ရထာမင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ (၂၉ မတ် ၁၃၄၉ မှ ၂၈ မတ် ၁၃၅၉ ထိ) တွင် ထီးနန်းတက်သည်ဟု ဆိုထားသဖြင့် မြန်မာသက္ကရာဇ် ၇၁၁ တန်ဆောင်မုန်းလဆုတ် ၁၃ ရက် (၈ နိုဝင်ဘာ ၁၃၄၉) ထိ သက်ရှိထင်ရှား ရှိနေကြောင်း သိရသည်။ [[စိုးမင်းကိုယ်တော်ကြီး]]၏ ကျောက်စာ (မဟာရာဇဝင်သစ်၊ အတွဲ ၁၊ ၂၀၁၂၊ စာ ၁၇၅−၁၇၆) တွင် ကျစွာဘုရင်ကို ဆက်ခံသူ နော်ရထာ မင်းရဲသည် မြန်မာသက္ကရာဇ် ၇၁၁ တွင် ၇ လကြာ ထီးနန်းရခဲ့ပြီး အာဏာရလာသည်မှာ မြန်မာသက္ကရာဇ် ၇၁၁၊ တန်ခူးလဆုတ် ၁၄ ရက် (၁၇ ဧပြီ ၁၃၄၉) ထက် မစောနိုင်ကြောင်း ညွှန်းပြနေသည်။ သို့သော် (သန်းထွန်း၊ ၁၉၅၉၊ စာ ၁၂၇) တွင် ကိုးကားထားသည့် ကျောက်စာသည် တိကျပြီး ကျစွာဘုရင် ကွယ်လွန်ရက်သည် မြန်မာသက္ကရာဇ် ၇၁၀ ၏ နောက်ဆုံးရက် ၂၈ မတ် ၁၃၄၉ ထက် နောက်မကျပေ။</ref>
|}
 
== မျိုးရိုး ==
 
{{ahnentafel top|နော်ရထာ မင်းရဲဘုရင်၏ မျိုးရိုး|width=100%}}
{{ahnentafel-compact5
|style=font-size: 90%; line-height: 110%;
|border=1
|boxstyle=padding-top: 0; padding-bottom: 0;
|boxstyle_1=background-color: #fcc;
|boxstyle_2=background-color: #fb9;
|boxstyle_3=background-color: #ffc;
|boxstyle_4=background-color: #bfc;
|boxstyle_5=background-color: #9fe;
|1= ၁။ '''နော်ရထာ မင်းရဲ'''
|2= ၂။ [[အသင်္ခယာ စောယွန်း]]
|3= ၃။ [[စောနှောင်း]]
|4= ၄။ [[တစ်စီးရှင် သီဟသူ]]
|5= ၅။[[ရတနာပုံ (ပင်းယ)|ရတနာပုံ]]
|6= ၆။ [[ကျော်စွာ (ပုဂံ)|ကျော်စွာ]]
|7= ၇။ [[စောစိုး]]
|8= ၈။ [[သိင်္ခဗိုလ်]]
|9= ၉။ မြင်စိုင်းမင်းသမီး
|10= ၁၀။ အမည်မသိ
|11= ၁၁။ အမည်မသိ
|12= ၁၂။ [[နရသီဟပတေ့]]
|13= ၁၃။ [[ရှင်ဘား]]
|14= ၁၄။ [[ရာဇသင်္ကြံ]]
|15= ၁၅။ [[စောခင်ထွတ်]]
}}
{{ahnentafel bottom}}
 
==မှတ်စုများ==
{{reflist|group=note}}
 
==ကိုးကား==
{{reflist|30em}}
 
==ကျမ်းကိုးစာစုများ==
* {{cite book | author=Royal Historians of Burma | title=[[ဇာတာတော်ပုံ ရာဇဝင်]] | year=c. ၁၆၈၀| edition=၁၉၆၀| editor=ဦးလှတင် (လှသမိန်) | publisher=ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန ညွှန်ကြားရေးဝန်ရုံး}}
* {{cite book | last=[[ဦးကုလား|ကုလား]] | first=ဦး | title=[[မဟာရာဇဝင်တော်ကြီး]] | publisher=ရာပြည့်စာအုပ်တိုက် | location=ရန်ကုန် | year=၁၇၂၄ | edition=၂၀၀၆၊ စတုတ္ထအကြိမ် | language=မြန်မာဘာသာ | volume=၁–၃}}
* {{cite book | author=မဟာစည်သူ | title=[[မဟာရာဇဝင်သစ်]] | publisher=ရာပြည့်စာအုပ်တိုက် | location=ရန်ကုန် | year=၁၇၉၈ | edition=၂၀၁၂၊ ဒုတိယအကြိမ် | language=မြန်မာဘာသာ | volume=၁–၃ | editors=မြင့်ဆွေ (ပထမအကြိမ်)၊ ကျော်ဝင်းနှင့် သိန်းလှိုင် (ဒုတိယအကြိမ်)}}
* {{cite book | author=[[တော်ဝင် မြန်မာနိုင်ငံ သမိုင်း ကော်မရှင်]] | title=[[မှန်နန်း ရာဇဝင်]] | volume=၁–၃ | year=၁၈၃၂ | location=ရန်ကုန် | language=မြန်မာဘာသာ | edition=၂၀၀၃ | publisher=ပြန်ကြားရေး ဝန်ကြီးဌာန}}
* {{cite journal | author=[[သန်းထွန်း၊ ဒေါက်တာ|သန်းထွန်း]] | title=History of Burma: A.D. 1300–1400 | work=Journal of Burma Research Society | date=ဒီဇင်ဘာ ၁၉၅၉ | volume=XLII | number=II}}
 
{{s-start}}
{{s-hou|[[မြင်စိုင်းခေတ်]]|၅ နိုဝင်ဘာ|၁၃၂၆|{{circa}} နိုဝင်ဘာ|၁၃၄၉}}
{{s-reg}}
{{s-bef|before=[[ကျစွာ (စစ်ကိုင်း)|ကျစွာ]]}}
{{s-ttl|title=[[မြန်မာမင်းဆက်များ စာရင်း|စစ်ကိုင်းဘုရင်]]|years={{circa}} ဧပြီ – နိုဝင်ဘာ ၁၃၄၉}}
{{s-aft|after=[[တရဖျားငယ်]]}}
{{s-end}}
 
{{ပင်းယခေတ်}}
 
 
[[Category:မြန်မာ ဘုရင်များ]]
[[Category:၁၃၂၆ မွေးဖွားသူများ]]
[[Category:၁၃၄၉ ကွယ်လွန်သူများ]]
[[Category:ပင်းယ-စစ်ကိုင်းခေတ်]]
[[Category:ပထမရှမ်းခေတ်]]