ရှီအာမွတ်စလင်(မ်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၂ -
'''ရှီယာ မူဆလင်''' (Shia) သည် အစ္စလာမ် ဘာသာခွဲများတွင် [[ဆွန်နီ မူဆလင်]] ပြီးနောက် ဒုတိယ အကြီးဆုံးဖြစ်သည်။ ရှီယာ မူဆလင်သည် မူဆလင်တွင် အရေအတွက် အားဖြင့်နည်းသော်လည်း [[အီရန်]]၊ [[အဇာဘိုင်ဂျန်]]၊ [[ဘာရိန်း]] နှင့် [[အီရတ်]] တို့တွင် အဓိက ဘာသာ ဖြစ်ပြီး၊ [[လက်ဘနွန်]] နှင့် [[ကူဝိတ်]] တို့တွင်လည်း အများအပြား ရှိသည်။
 
ပရောဖက်မိုဟာမက် မရှိတော့သည်နောက် သူ၏အရိုက်အရာအားဆက်ခံမည့် ဘာသာရေးခေါင်းဆောင်အား ရွေးချယ်ရန် မဒီနာ(Medina)မြို့တွင် နောက်လိုက်များ စည်းဝေးတိုင်ပင်ကြရာမှ Abu-Bakr (မိုဟာမက်၏တပည့်သာဝကကြီးဖြစ်သလို၊ အစောဆုံးမူဆလင်ဖြစ်လာသူများထဲမှတစ်ဦးမိုဟာမက်၏တပည့်သာဝကကြီးဖြစ်သူ) ကို တင်မြောက်လိုက်ကြသည်။ထိုအဖွဲ့ကို [[ဆွန်နီမူဆလင်|ဆွန်နီ]]ဟုခေါ်သည်။သို့ရာတွင် Abu-Bakr ၏ ဆက်ခံမှုအား မထောက်ခံသည့်အုပ်စုတစ်စုလည်း ရှိနေပြန်သေးသည်။ ခေါင်းဆောင်အမည်မှာ Ali-ibn-Abi Talib ဖြစ်ပြီး မိုဟာမက်နှင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သလို သားမက်လည်း တော်စပ်သူဖြစ်သည်။ မိုဟာမက်သည် Ghadir-Khum တွင် တရားဟောကြားစဉ်က အလီ အိုင်ဘင် အဘီ တာလိဘ်(Ali-ibn-Abi-Talib) အား "mawla" (အင်္ဂလိပ်ဘာသာဖြင့်Master) တစ်ဦးအဖြစ် ပြောဆိုသုံးနှုန်းသွားခဲ့ဖူးခြင်းကြောင့် သူသာဆက်ခံသင့်သည်ဟု ဆိုသည်။ အလီနှင့် သူ့အားထောက်ခံသူနောက်လိုက်များအား Shiat-Ali (အလီ၏အသင်းအဖွဲ့/အလီ၏နောက်လိုက်) the PartyFollowing -of-Ali) ဟုခေါ်ကြပြီး ယနေ့အချိန်တွင်တော့ ရှီယာ ဟုသာသိကြတော့သည်။ ထို့အပြင် အလီသည် နောက်ဆုံးတွင် ခေါင်းဆောင်ကြီး ၄ ဦး၏ စတုတ္ထမြောက်ဆက်ခံသူနေရာအား ရရှိခဲ့သည်။ ဆိုလိုရင်းမှာ ဆွန်နီ များအတွက် Abu-Bakr သည် မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူခေါင်းဆောင်ဖြစ်ပြီး အလီမှာစတုတ္ထမြောက်ဆက်ခံသူဖြစ်သည်။ သို့သော် ရှီယာများအတွက်တော့ အလီမှာ မိုဟာမက်နောက် ပထမဆုံး ဆက်ခံသူဖြစ်သည်။
 
ဆွန်နီ နှင့် ရှီယာတို့သည် ကိုးကွယ်ကျင့်သုံးရာအဖြစ် ကိုရ်အာန်ကျမ်းအား အဓိကအသုံးပြုကြသော်လည်း မတူကွဲပြားခြားနားသော hadiths ခေါ်အစဉ်အလာနှင့် [[ကိုရ်အာန်]]အား ပြန်လည်အဓိပ္ပါယ်ဖွင့်ဆိုချက်များကြောင့် ဘာသာရေး စည်းမျဉ်းစည်းကမ်းများ မတူညီကြချေ။ အရေအတွက်အရလည်း ဆွန်နီ များသည် ကမ္ဘာအဝှမ်းတွင် လူများစုဖြစ်ပြီး ရှီယာ များမှာ [[အီရန်]]နှင့် [[အီရတ်]]တွင်သာ လူများစုအဖြစ် တည်ရှိကြသည်။