လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာကြောင်း ၁ -
လေကြောင်းရန်ကာကွယ်အရာရှိချုပ်ရုံး
လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့ အရာရှိချုပ်မှာ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် ဖြစ်သည်။လေကြောင်းရန်ကာကွယ်ရေးစခန်း ဌာနချုပ်မှာ လေးထောင့်ကန်အခြေစိုက် ဖြစ်ပြီး (၁၅၅) မမ ဟောင်ဝစ်ဇာ မဟာဗျူဟာမြောက် တာဝေးပစ်အမြောက်ကြီးများ နှင့် ရေဒါများပါဝင်သည်။
လက်ရှိ လေကြောင်းရန်ကာကွယ်အရာရှိချုပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်၀င်း (ဗိုလ်လောင်းသင်တန်းအပတ်စဉ်-၆၄) ဖြစ်ပြီး ဒုတိယလေကြောင်းရန်ကာကွယ်အရာရှိချုပ်မှာ ဗိုလ်ချုပ်အောင်မျိုးထွန်း (စစ်တက္ကသိုလ်အပတ်စဉ်-၂၆) ဖြစ်သည်။ လက်ထောက်လေကြောင်းရန်ကာကွယ်အရာရှိချုပ်များအဖြစ် ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့မှ ဗိုလ်မှူးချုပ်အဆင့်တစ်ဦးစီ ပါ၀င်ဖွဲ့စည်းထားသည်။
လေကြောင်းရန်ကာကွယ်အရာရှိချုပ်ရုံး၏လက်အောက်တွင် လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း(၁)ခုနှင့် လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်(၉)ခု ရှိသည်။ လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်မှူးများမှာ ဗိုလ်မှူးချုပ်အဆင့်ဖြစ်ပြီး လေကြောင်းရန်ကာကွယ်ရေးသင်တန်းကျောင်း၏ ကျောင်းအုပ်ကြီးအဖြစ် ဗိုလ်မှူးကြီးအဆင့်တစ်ဦးမှ တာ၀န်ယူသည်။
လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်မှုကွပ်ကဲရေးဌာနချုပ်တစ်ခုစီ၏ လက်အောက်တွင် အထောက်အကူပြုတပ်ရင်းများဖြစ်သော လေကြောင်းရန်ကာကွယ်ရေးသတိပေးတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးဆက်သွယ်မှုတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးအီလက်ထရွန်းနစ်စစ်ဆင်မှုတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးယန္တရားတပ်ရင်း(၁)ရင်း၊ လေကြောင်းရန်ကာကွယ်ရေးအလုပ်ရုံတပ်ရင်း(၁)ရင်းစီနှင့် ေလေကြောင်းရန်ကာကွယ်ရေးတပ်ရင်း(လကတ)များဖြင့် ဖွဲ့စည်းထားသည်။
== လက်အောက်ခံတပ်မများ ==