ဆူးလေစေတီတော်: တည်းဖြတ်မှု မူကွဲများ

၅၅၇ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၄ နှစ်
အရေးမကြီး
အရေးမကြီးNo edit summary
ဆူးလေဘုရားသမိုင်းနှင့် စပ်လျဉ်း၍၎င်း၊ ဘွဲ့အမည်နှင့် စပ်လျဉ်း၍၎င်း အယူအဆ အမျိုးမျိုး ကွဲပြားလျက်ရှိသည်။ အများနားလည်ယူဆထားကြသော ဘုရားသမိုင်းမှာ [[ရွှေတိဂုံ စေတီတော်]] ဘုရားသမိုင်းများတွင် ထည့်သွင်းဖော်ပြထားသည့်အတိုင်းဖြစ်၏။ ဘီစီ(၅၈၈) လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော် မဟာသက္ကရာဇ်(၁၀၃)ခု တွင် 'တဖုဿနှင့် ဘလ္လိကညီနောင်တို့သည် မြတ်စွာဘုရားပေးသနားတော်မူလိုက်သော ဆံတော်ရှစ်ဆူကို ဥက္ကလာပမင်းကြီး ထံယူဆောင်လာ၍ စေတီတည်ထားကိုးကွယ်ရန် ဘူမိနက်သံမြေ ဖြစ်သော သိင်္ဂုတ္တရကုန်းကို ရှာဖွေကြသည်။ ရုတ်တစ်ရက် မတွေ့နိုင်သဖြင့် သိကြားမင်း မနေနိုင်သောကြောင့် ဝိသကြုံ နတ်သားကို စေလွှတ်၍ တောရှင်းစေသည်တွင် သိင်္ဂုတ္တရကုန်းမြေကို တွေ့ရှိကြ၏။ သို့သော်လည်း အခြားသော ဘုရားရှင်သုံးဆူတို့၏ ပရိဘောဂတော်များ တည်ရှိရာတွင် ဆံတော်များကို ဌာပနာ၍ စေတီတည်ရမည်ဖြစ်ရာ ထိုနေရာကို မသိကြ ဖြစ်သဖြင့် ဆူးလေစေတီတည်မည့် ကုန်းနေရာ၌ ဥက္ကလာပမင်းနှင့်တကွ လူနတ်အများ စုဝေးကြပြီးလျှင် ဆူးလေနတ်ကြီး အပါအဝင် နတ်ကြီးလေးပါးကို ပင့်ခေါ်၍ မေးသည်တွင်မှ ထိုနေရာကို တွေ့ရှိသောကြောင့် ရွှေတိဂုံစေတီတော်ကို တည်ကြ၏။ ထို့နောက် နတ်လူအများစုဝေးကြရာ ကုန်းမြေ၌ အထိမ်းအမှတ် စေတီတစ်ဆူတည်၍ စုဝေးစေတီတွင်၏။ ဆူးလေဟူသောအမည်မှာ စုဝေးမှတစ်ဆင့် ကာလရွေ့လျောသဖြင့် ပြောင်းလဲလာသော အမည်ဖြစ်၏။'ဟုဆိုကြသည်။ သို့သော် ဓမ္မစေတီ မင်းလက်ထက် သက္ကရာဇ် ၈၃၈ ခုနှစ်လောက်တွင် (ခရစ် ၁၄၈၅ ခုနှစ်) ရေးထိုးခဲ့သော ရွှေတိဂုံသမိုင်းကျောက်စာ၌ စုဝေးစေတီအကြောင်း စိုးစဉ်းမျှမပါရှိချေ။ အခြားသမိုင်း အဆိုတစ်ရပ်မှာ ကျိုက္ကစံဘုရားသမိုင်းတွင်ပါသည့် အာဘော်အရ ဤသို့ဖြစ်၏။ 'တတိယသင်္ဂါယနာတင်ပွဲကို ပါဋလိပုတ်ပြည်၌ကျင်းပပြီးနောက် ဗုဒ္ဓသာသနာသည် သီဟိုဠ်ကျွန်းသို့ ရောက် ရှိလာ၏။ သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်ခန့်တွင် ရဟန္တာ ၈ ပါးသည် သီဟိုဠ်ကျွန်းကို ရေတိုက်စားခြင်းဘေးမှ ကာကွယ်နိုင်သော ပတ္တမြားကိုယူဆောင်ရန် သထုံမြို့သို့ ရောက်ရှိနေသည့်အတွက် သံလျင်မြို့သို့ သွားယူရလေသည်။ ရဟန္တာရှစ်ပါး သည် ထိုပတ္တမြားကိုရရှိသဖြင့် တုံ့ပြန်ကျေးဇူးပြုလို၍ သီဟိုဠ်ကျွန်းမှ ဆောင်ယူခဲ့သော မြတ်စွာဘုရား၏ ဆံတော်နှင့် ဓာတ်တော်အချို့ကို သံလျင်မင်းဘောဂသေနအား ပေးလေ၏။ ထို့နောက် ထိုရဟန္တာရှစ်ပါး ကြည့်ကြပ်ဦးစီး၍ပင် ထိုဆံတော်ဓာတ်တော်များကို စေတီတည်ကြ၏။ ရှေးဦးစွာ သိင်္ဂုတ္တရကုန်း၏ အရှေ့မြောက်ယွန်းတွင် ဆံတော် ၆ ဆူနှင့် ဓာတ်တော် အချို့ကိုဌာပနာ၍ ကျိုက္ကစံစေတီတည်၏။ ထို့နောက် ရွှေတိဂုံဘုရား တောင်ဘက်အနီးတွင် ရဟန္တာသိမ်တော်ကြီးတစ်ခုနှင့် ယခုအခါ သိမ်ကြီးဈေးအနီးရှိ သိမ်တော်ကြီး တစ်ခုကို တည်ဆောက်ကြ၏။
 
ရွှေတိဂုံဘုရားအနီးရှိ သိမ်တော်ကြီးကို ဆောက်နေဆဲကာလ၌ ရဟန္တာတစ်ပါး ပျံလွန်တော်မူသဖြင့် သံလျင်မင်းသည် စိတ်ငယ်အားလျော့ပြီးလျှင် ဆူးလေစေတီကို တည်ရန် ကိစ္စတွင် အသုတ်အမည်ရှိ မိမိ၏အမတ်ကြီးကို တာဝန်လွှဲတော်မူသည်။ အသုတ်အမတ်ကြီးဦးစီး၍ တည်ခြင်းကြောင့် စေတီ၏ ဘွဲ့မည်မှာ ကျိုက်အသုတ်ဟု တွင်သည်။ ထိုစေတီကိုပင် ယခုအခါ ဆူးလေစေတီဟုခေါ်ကြသည်။' ကျိုက်အသုတ် ဟူသောအမည်ကို မွန်ဘုရင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း၌ ဟံသာဝတီမင်း ဆင်ဖြူရှင်အမည်ခံ ဗညားဦးသည် ဒဂုံဆံတော် ရှင်သို့ ဖူးမြင်ပူဇော်ရန်လာသော် 'အသုတ်ဘုရားရှင် ပြာဋိတ်ပြ တော်မူ၏'ဟူ၍၎င်း၊ ဗညားနွဲ့သည် ခမည်းတော်ဗညားဦးကို ပုန်ကန်၍ ဒဂုံသို့ထွက် ပြေးခိုဝင်လာသော် 'ကျိုက်အသုတ် ဘုရားနှင့် ပါရမီဘုရားအကြားတွင် တိုင်ပင်ပွဲရုံး တည်ဆောက်၏။'ဟူ၍၎င်း တွေ့ရ၏။ ထို့နောက်တစ်ဖန် ဟံသာဝတီဘုရင်မ ရှင်စောပုသည် ဒဂုံစေတီတော်ကို ရွှေချပြီးနောက် ကျိုက်အသုတ်စေတီကိုလည်း ထပ်မံ ပြုပြင်ချဲ့ထွင်တော်မူခဲ့သည်ဟု တွေ့ရှိရပြန်သည်။ ကျိုက်အသုတ်စေတီ၏ တည်နေရာကို သမိုင်းအထောက်အထားများနှင့် ချိန်ထိုးကြည့်သောအခါ ယခုဆူးလေ စေတီပင်လျှင်၊ ရှေးက ကျိုက်အသုတ်စေတီဖြစ်ခဲ့ ကြောင်းကို သိရသည်။ သို့ဖြစ်လေရာ ကျိုက်အသုတ်စေတီမှ အဘယ်ပုံအဘယ်နည်းဖြင့် ဆူးလေစေတီဟူသောအမည်သို့ ပြောင်းလဲလာသည်ကို ဆင်ခြင်ကောက် ယူရမည်ဖြစ်၏။ အချို့က ရွှေတိဂုံသမိုင်းတွင် ဆက်စပ်ဖော်ပြထားသည့် အတိုင်း စုဝေးစေတီမှ ဆူးလေစေတီဖြစ်လာသည်ဟု ဆို၏။ စေတီတော်၏ တည်နေရာမှာ ထိုခေတ်က မွန်တို့ဒေသဖြစ်သဖြင့် မြန်မာအမည်ဖြင့် စတင်ခေါ်ဝေါ်ခဲ့မည်မဟုတ်ကြောင်း သိသာသည်။ စေတီတော်ဝန်းကျင်တွင် ဆူးလေပင်များ ပေါက်ရောက်နေသဖြင့် ဆူးလေစေတီတော်ဟု ထင်ရှားကြောင်း အချို့ကလည်း ဆိုကြသည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၂|date=ဒီဇင်ဘာလ၊ ၂၀၁၃}}</ref>
 
အချို့က 'ဆူးလေ'ဟူသည်မှာ မွန်စကား 'စဲလေဟ်' (မြေး လည်းကောင်း) ဟူသောစကားမှ ဆင်းသက် လာသည် ဟူ၍၎င်း၊ 'ဇူလေ'ဟူသော မွန်စကား (နားနေရန်