မဟာဗန္ဓုလ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး NPOV |
အရေးမကြီး →အထိမ်းအမှတ်များ |
||
စာကြောင်း ၈၃ -
ခက်ခဲကြမ်းတမ်းသော မြေပြင်အနေအထားတွင် တိုက်ခိုက်သည့်အစား ဗြိတိသျှတို့သည် မြန်မာ့ ပင်မ နယ်မြေပေါ်တွင် တိုက်ပွဲဆင်နွှဲခဲ့သည်။ ၁၈၂၄ ခုနှစ် မေလ ၁၁ ရက်တွင် လူအယောက် ၁၀၀၀၀ ကျော် ပါဝင် သော (ဗြိတိသျှ စစ်သား ၅၀၀၀ နှင့် အိန္ဒိယ စစ်သား ၅၀၀၀ ကျော်) ဗြိတိသျှ ရေတပ်တစ် တပ်သည် ရန်ကုန်ဆိပ်ကမ်းသို့ ဝင်ရောက်ခဲ့ပြီး မြန်မာတို့ကို အံအားသင့်စေခဲ့သည်။ မြန်မာတို့သည် ချေဖျက် ထားသောမြေမူကို ကျင့်သုံးပြီး မြို့တော်ကို အလွတ်ထားခဲ့ကာ ၎င်းအစားမြို့အပြင်ဘက် အရှေ့- အနောက် ၁၀ မိုင် အနီးအနား တပ်ချထားသောနေရာများကို အခိုင်အမာပြုလုပ်ရန် ရွေးချယ် ခဲ့သည်။ ဗိုလ်ချုပ်ကြီး အာခီဘော ကမ်းဘဲ(လ်) ဦးဆောင်သော ဗြိတိသျှတပ် များသည် အခိုင်အမာရှိပြီးဖြစ်သော ရွှေတိဂုံဘုရား ပရဝုဏ်အတွင်းတွင် တပ်စွဲခဲ့ကြသည်။ ဗြိတိသျှတို့သည် ဗမာ ရှေ့တန်းစစ်မြေပြင်ကို စတင်၍ထိုးစစ်များ ဆင်ခဲ့ပြီး ၁၈၂၄ ဇူလိုင် လတွင် ရွှေတိဂုံမှ ငါးမိုင်အကွာရှိ ကမာရွတ်ဆီသို့ ဗမာတို့ကို အောင်မြင်စွာ မောင်းထုတ် နိုင်ခဲ့ သည်။ ရွှေတိဂုံကို စက်တင်ဘာလတွင် ပြန်လည်သိမ်းယူရန် ဗမာတို့၏ ကြိုးစားမှုများသည် မအောင် မြင်ခဲ့ပါ။
[[ဘကြီးတော်(စစ်ကိုင်းမင်း)|ဘကြီးတော်]] မင်းသည် အနောက်ဘက်စစ်မျက်နှာစာမှ တပ်အကုန်လုုံးနီးပါးကို ပြန်လည် ဆုတ်ခွာရန် အမိန် ပေးခဲ့သည်။ ဗန္ဓုလ အား အာရကန် နှင့် ဘင်္ဂလား မှ လည်းကောင်း၊ ဥဇန အား
နိုဝင်ဘာလတွင် ဗန္ဓုလ သည် ရန်ကုန်အပြင်ဘက်တွင် အင်အား ၃၀၀၀၀ ရှိသော တပ်အစု အဝေးကို ကွပ်ကဲခဲ့သည်။ ဗန္ဓုလ သည် အင်အား ၁၀၀၀၀ ရှိသော လက်နက်အင်အား အ ပြည့်အစုံဖြင့် ဗြိတိသျှတပ်ကို ထိပ်တိုက်ယှဉ်ပြိုင်နိုင်သည်ဟု ယုံကြည်ခဲ့သည်။ ဗမာတို့သည် အရေ အတွက်အားဖြင့် သာလွန်သော်လည်း ၃၀၀၀၀ ၏ ၁၅၀၀၀ သာ စစ်သုံး ပြောင်းချောသေနတ်များ ကိုင် ဆောင်ကြသည်။ ဗမာအမြောက်များသည် အမြောက်ဆံအလုံးများကိုသာ ပစ်ခတ်နိုင်သော်လည်း ဗြိတိသျှအမြောက်များမှာ ပေါက်ကွဲစေနိုင်သော အမြောက်ဆံများကို ပစ်ခတ်နိုင်သည်။သူ့အား မသိစေခဲ့သောအချက်မှာ ဗမာများအနေဖြင့် တစ်ကြိမ်တစ်ခါမျှမမြင်ဖူးသော ကွန်ဂရိ(ဖ်) ဒုံးကျည်လက်နက် ကဲ့သို့ အသစ်ဆန်းဆုံးသော လက်နက်များကို စစ်အတွင်းတွင်ပထမဦးဆုံးအဖြစ် ဗြိတိသျှတို့သည် မကြာ သေးမီကမှ ရရှိခဲ့ခြင်းပင်ဖြစ်သည်။
စာကြောင်း ၉၁ -
== ဓနုဖြူ တိုက်ပွဲ (မတ်-ဧပြီ ၁၈၂၅) ==
ဗန္ဓုလ သည် ဧရာဝတီမြစ်ဝကျွန်း ပေါ်ရှိ ရန်ကုန်မှ သိပ်မဝေးသောမြို့ ငယ်တစ်ခုဖြစ်သည့် [[ဓနုဖြူမြို့|ဓနုဖြူ]] ရှိ သူ၏နောက်တန်း စစ်အခြေစခန်းသို့ ပြန်ဆုတ်ခဲ့သည်။ ရန်ကုန် စစ်ပွဲတွင် အတွေ့အကြုရှိသောလူများကို ဆုံးရှုံးခဲ့ရသော မြန်မာစစ်တပ်သည် ယခုအခါ အရည်အသွေးမျိုးစုံရှိသည့် အယောက် ၁၀၀၀၀ ခန့် အရေအတွက်ရှိပြီး ဘုရင်မင်းမြတ်၏ အတော်ဆုံး စစ်သားအချို့ပါဝင်သော်လည်း အများစုမှာ လေ့ကျင့်သင်ကြားထားခြင်းမရှိသေးသောသူများနှင့် လက်နက်တပ် ဆင်ထားခြင်းမရှိသော ဥပဒေအရ စစ်မှုထမ်းရသူများဖြစ်သည်။ သစ်လုံးခံတပ်သည် မြစ်ကမ်းနဖူး တစ်လျှောက်တွင် တစ်မိုင်ခန့်ရှည်လျားပြီး ၁၅ ပေ အမြင့်အောက်မလျော့သော ကျွန်းသစ်လုံး ရက်မ များဖြင့် ပြုလုပ်ထားသည်။
၁၈၂၅ ခုနှစ် မတ်လတွင် အမြောက်တင်သင်္ဘောများပါဝင်သော ရေယာဉ်စုဖြင့် အထောက်အပံ့ပေးထား သည့် အင်အားလေးထောင်ရှိ ဗြိတိသျှအင်အားကြီး တပ်တစ်တပ်သည် ဓနုဖြူ ကို တိုက် ခိုက်ခဲ့သည်။ ဗြိတိသျှတို့၏ ပထမအကြိမ်တိုက်ခိုက်မှုသည် အရေးနိမ့်ခဲ့ပြီး ဗန္ဓုလ သည် တန်ပြန်တိုက်ခိုက်မှုကို ခြေလျင်တပ်သားများ၊ မြင်းတပ်နှင့် တိုက်ဆင် ၁၇ ကောင်တို့ဖြင့် ကြိုးစားခဲ့ သည်။ သို့သော် ဆင်များသည် ဒုံးကျည်လက်နက်ပစ်ခတ်မှုများကြောင့် ရှေ့မတိုးနိုင်ဖြစ်ပြီး မြင်းတပ် သည်လည်း အားဖြည့်ထားသော ဗြိတိသျှ ဒုံးကျည်လက်နက် ပစ်ခတ်မှုများကို ဆန့်ကျင်၍ ရှေ့တိုးရန် မဖြစ်နိုင်ကြောင်းကို တွေ့ရှိခဲ့သည်။
စာကြောင်း ၁၂၀ -
မြန်မာပြည်ရှိ အထင်ရှားဆုံးသော နေရာအချို့မှာ တိုက်ပွဲအတွင်းကျဆုံးခဲ့ကြသော ဗိုလ်ချုပ်ကြီးများကို အစွဲပြု၍ အမည်ပေးထားခြင်း ဖြစ်သည်။
[[
==ကိုးကား==
|