ပဲခူးမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး →‎ဆက်စပ်လေ့လာရန်: ကိုးကားထပ်ထည့်
စာကြောင်း ၂၉ -
 
=== ညောင်ရမ်းခေတ်၊ကုန်းဘောင်ခေတ် နှင့် ကိုလိုနီခေတ် ===
သို့ဖြင့် ဟံသာဝတီသည် ထီးနန်းစိုက်ရာဒေသအဖြစ်မှ ညောင်ရမ်းခေတ်တွင် လက်အောက်ခံ ပဒေသရာဇ်အဆင့် သို့လျောကျခဲ့သည်။အခိုက်အတန့်အားဖြင့် [[သာလွန်မင်း|သာလွန်မင်းတရားကြီး]] အောက်အရပ်တွင် တိုင်းတပါးသား [[ငဇင်ကာ]] အားလာရောက် နှိမ်နှင်းချိန်တွင်သာ ယာယီနန်းစံခဲ့ဖူးသည်။ [[ညောင်ရမ်းခေတ်]]နောက်ဆုံးကာလများတွင် ဇင်းမယ်သား ဆင်ဝန်ဦးအောင်လှက ဗညားဒလ ဘွဲ့ခံကာပဲခူးမှ အင်းဝအားထောင်ထားစစ်ပြိုင်ပြုသည်။အနိုင်ရသော်လည်း [[အလောင်းဘုရား]] ဦးအောင်ဇေယျ ဦးဆောင်သည့် ဗမာတို့၏ ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးရပြန်သည်။သို့ဖြင့်ပြန်လည်တိုက်ခိုက်မှုအောက်တွင်ကျဆုံးရပြန်သည်။ ပဲခူးမြို့ကို ဟံသာဝတီ ၃၂ မြို့ဝန် (ခ) ရန်ကုန်မြို့ဝန်က အုပ်ချုပ်သည်။<ref name=":0">{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၇၄|date=ဒီဇင်ဘာလ၊ ၂၀၁၃}}</ref>သို့ဖြင့် မွန်တို့နှင့်အတူ ဟံသာဝတီ -ပဲခူးမြို့သည်လည်း မင်းနေပြည်တော်အဖြစ်သို့ တစ်ဖန်ပြန်မရောက်တော့ချေ။
 
သို့သော် ဒုတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီးတွင်မူ အောက်မြန်မာနိုင်ငံကို အင်္ဂလိပ်တို့လုယူအုပ်ချုပ်ရာ အုပ်ချုပ်ရေးဗဟိုအဖြစ် ပဲခူးကို သတ်မှတ်ပြီး တာဝန်ခံအုပ်ချုပ်သူ ကော်မရှင်နာဖြစ်သည့် ဆာ.အာသာဖယ်ယာမှာလည်း ထင်ရှားသူဖြစ်ခဲ့သည်။မြန်မာတစ်ပြည်လုံး အင်္ဂလိပ်အောက်ကျရောက်ပြီးနောက် [[ရန်ကုန်မြို့]]ကို အုပ်ချုပ်ရေးဗဟိုအဖြစ် သတ်မှတ်သောကြောင့် ပဲခူးမြို့သည် သာမန်တိုင်းမြို့ကြီးအဖြစ်သာ သတ်မှတ်ခြင်းခံရတော့သည်။
 
ဗြိတိသျှအစိုးရလက်ထက် ၁၈၇၈ တွင် ပဲခူးမြစ်နှင့် စစ်တောင်းမြစ်တို့ ဆက်သွယ်ရာ ပဲခူး စစ်တောင်း တူးမြောင်းကို ဖောက်လုပ်သည်။<ref name=":0" /> ပဲခူးမြို့ မြူနီစီပါယ်အဖွဲ့ကို ၁၈၈၃-ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ထိုနှစ်တွင် မြို့ပေါ်ရှိလူဦးရေမှာ တစ်သောင်းကျော်ကျော်သာ ရှိသေးသည်။ ၂၇၊ ဖေဖော်ဝါရီ ၁၈၈၄ တွင် ပဲခူး ရန်ကုန် မီးရထားလမ်းကို ဖောက်လုပ်ပြီးစီးသည်။<ref name=":0" /> မြို့အနောက်ပိုင်းကို ၁၈၈၅-ခုနှစ်တွင် မြူနီစီပါယ် နယ်နိမိတ်အတွင်း ပါဝင်ဖွဲ့စည်းခဲ့သည်။ ၁၉၁၁-ခုနှစ်တွင် ပဲခူးမြို့ လူဦးရေမှာ ၁၇၁၀၄-ဦးအထိ တိုးတက်များပြားလာသည်။
 
ပဲခူးမြို့လယ်၊ ပဲခူးမြစ်လယ်ပေါ်တွင် ဖြတ်ကူးထားသော သံတံတားကြီးကို ၁၈၈၆-၁၈၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၎င်းတံတားကြီးမှာ အင်္ဂလန်မှ မှာယူစဉ်က [[ရခိုင်ပြည်နယ်]]၊ [[စစ်တွေမြို့]]ရှိ [[ကုလားတန်မြစ်]]ပေါ်တွင် တည်ဆောက်ရန် ဖြစ်သော်လည်း တံတားမှာ တိုလွန်းနေ၍ ပဲခူးမြို့သို့ ပို့ပေးပြီး ပဲခူးမြစ်ကူး သံတံတားကြီးအဖြစ် တည်ဆောက်လိုက်ကြခြင်း ဖြစ်သည်။ ရခိုင်မှတစ်ဆင့် သယ်ယူခအပါအဝင် ကုန်ကျငွေ စုစုပေါင်း ၅၅၇၁၈-ကျပ် ဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ပျက်စီးသွားပြီဖြစ်၍ ယခုအခါ မရှိတော့ပေ။ <ref>လွင်မောင် ရေးသော မှတ်တမ်းသမိုင်း ပဲခူး-မကွေးတိုင်း၊ ၁၉၇၅၊ ဇူလိုင်လ၊ စာ-၂၅</ref>
စာကြောင်း ၄၃ -
* [[ကလျာဏီသိမ်တော်ကြီး]]
* [[မဟာစေတီ]]
 
== ထင်ရှားပုဂ္ဂိုလ် ==
# မြို့မဆရာတော်ကြီး ရှင်ဣန္ဒာစာရ (ဝမ်းဘဲအင်းရွာ)
# အိုင်စီအက်စ် ဦးတင်ထွဋ်
# ဗန်းမော် တင်အောင်
# ခေတ်ဟောင်းအဆိုတော် ရုပ်ရှင်မင်းသမီး ခင်ခင်ရီ (ညောင်ဝိုင်းရပ်)
# တရားသူကြီးချုပ် ဦးအောင်တိုး
# လင်းယုန်နီ (လိပ်ပြာကန်ရပ်)
# ဒေါက်တာစိုးရင်
# စာရေးဆရာ ဒါရိုက်တာ သာဓု
# မောင်ကိုယု (ဇိုင်းဂနိုင်းတောင်ပိုင်း)
# ဒေါက်တာကျော်စိန်
# အမျိုးသားကျောင်းအုပ်ကြီး ဦးသန်း<ref name=":0" />
 
== ဆက်စပ်လေ့လာရန် ==