ဆောမြို့နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၉ -
 
'''ဆောမြို့နယ်''' သည် [[မြန်မာနိုင်ငံ]]၊ [[မကွေးတိုင်းဒေသကြီး]]၊ [[ဂန့်ဂေါခရိုင်]]ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ ဆောမြို့နယ်တွင် [[ဆောမြို့]]နှင့် [[ကျောက်ထုမြို့]] တို့ပါဝင်သည်။<ref>[http://www.themimu.info/MapsInfo/Magway/MIMU154v01_100728_Saw%20Ts-Magway%20Div_A1.pdf "Saw Township - Magway Division"] map, Myanmar Information Management Unit (MIMU)</ref> မြို့နယ်ရုံးစိုက်ရာမြို့မှာ ဆောမြို့ ဖြစ်သည်။
 
== ဆောနယ်သစ်ထုတ်လုပ်ငန်း ==
ဆောနယ်တွင် ရှေးမြန်မာမင်းများလက်ထက်ကပင် သစ်ထုတ်လုပ်ငန်းကို လုပ်ကိုင်သည်။ ဆောမြို့မှာ ယော ၄ မြို့ဝန် အုပ်ချုပ်ရာ နယ်မြေ ဖြစ်ကာ ယော၊ဆော၊ ထီးလင်း၊ လောင်းရှည်မြို့များကို ပူးတွဲ အုပ်ချုပ်သည်။ မင်းတုန်းမင်း လက်ထက် ၁၈၇၀ ပြည့်နှင်က ဆောဒေသမှ သစ်များ ထုတ်လုပ်ကာ ဆောချောင်း၊ ယောချောင်း၊ မုန်းချောင်း စသည်တို့မှ မျှောချလေ့ ရှိသည်။ ဗြိတိသျှတို့ လက်ထက်၌လည်း ဆောနယ်၌ သစ်ထုတ်လုပ်ငန်း ဆက်လက် လုပ်ကိုင်ခဲ့သည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၄၂|date=ဒီဇင်ဘာလ၊ ၂၀၁၃}}</ref>
 
== ကိုးကား ==