ကမာရွတ်မြို့နယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
 
'''ကမာရွတ်မြို့နယ်'''သည် [[ရန်ကုန်မြို့]]လယ်၏ မြောက်အလယ်ပိုင်းတွင် တည်ရှိသည်။ က္မာရတ်-ဆိုတဲ့ မွန်ဝေါဟာရက ဆင်းသက်သည်။ မွန်ဘာသာအရ က္မာ-ရေလှောင်ကန်၊ ရတ်-ရတနာ၊ ရတနာကန်ဟု အဓိပ္ပါယ်ရသည်။အင်းလျားကန်ကို ဆိုလိုသည်။ အင်းလျားကန်နားက ရပ်ကွက်ကို ကမာရွတ်-ဟု ခေါ်ဆိုခြင်း ဖြစ်သည်။<ref>ဒေါက်တာသန်းထွန်း ရေး မြန်မာသမိုင်းနိဒါန်း</ref>
 
ကမာရွတ်သည် ရှေးမွန်ဘုရင်များလက်ထက်ကပင် ဒဂုန်မြို့ လက်အောက်ခံ ကျေးရွာကြီး တရွာ ဖြစ်သည်။ ကုန်‌းဘောင်ခေတ်ဦးကာလတွင် ကျေးရွာအဖြစ် ဆက်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲကာလအတွင်း ၈ ဇူလိုင် ၁၈၂၄ တွင် ကမာရွတ်ခံတပ်တိုက်ပွဲ ဖြစ်ပွားပြီး၊ သုံးပါးဝန်ကြီး ဦးရန်အောင်နှင့် ဝန်ထောက် ဦးရွှေမင်းတို့ ကျဆုံးသည်။<ref name=":0">{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၂၃|date=ဒီဇင်ဘာလ၊ ၂၀၁၃}}</ref>
 
ကမာရွတ်မြို့နယ်၏ မြောက်ဘက်တွင် [[လှိုင်မြို့နယ်]]၊ အနောက်ဘက်တွင် လှိုင်မြို့နယ်နှင့် [[ကြည့်မြင်တိုင်မြို့နယ်]]၊ အရှေ့ဘက်တွင် [[အင်းယားကန်]]၊ [[ဗဟန်းမြို့နယ်]]နှင့် [[မရမ်းကုန်းမြို့နယ်]]၊ တောက်ဘက်တွင် [[စမ်းချောင်းမြို့နယ်]]တို့ တည်ရှိသည်။ ကမာရွတ်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၁၀)ခု၊ အစိုးရ မူလတန်းကျောင်း (၁၂) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်းနှင့် အထက်တန်းကျောင်း (၅) ကျောင်းရှိသည်။
Line ၇၃ ⟶ ၇၅:
| ရန်ကုန်တက္ကသိုလ် သီရိဆောင် || ကျောင်းသားအဆောင် || ရန်ကုန်တက္ကသိုလ် နယ်မြေ ||
|}
 
== အထင်ကရပုဂ္ဂိုလ် ==
# ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောအောင် (ရှမ်းစုရပ်)
# ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စောနောင် (ရှမ်းစုရပ်)
# ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မိုးညို
# စာရေးဆရာ သန်းဆွေ
# ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ သိန်းမောင်<ref name=":0" />