ဉာဏ (စာရေးဆရာ ဒါရိုက်တာ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၅ -
|birth_date = {{Birth date|၂၈|၁၂|၁၉၀၂}}
|birth_name = အုန်းမောင်
|birth_place = ဆင်မြီးဆွဲ၊[[ဆင်မြီးဆွဲရွာ]]၊ [[သဲကုန်းမြို့နယ်]]၊ [[ပြည်ခရိုင်]]၊ [[ပဲခူးတိုင်း]]
|occupation = စာရေးဆရာ၊ ဒါရိုက်တာ
|death_date = {{death date and age|၁၉၆၉|၆|၁|၁၉၀၂|၁၂|၂၈}}
စာကြောင်း ၁၈ -
 
== ငယ်ဘဝ ==
ဦးဉာဏကို ခရစ်နှစ် ၁၉ဝ၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (၁၂၆၄ ခုနှစ်၊ နတ်တော်လကွယ် တနင်္ဂနွေနေ့)နံနက် ၁ဝ နာရီ၊ ၃၈ မိနစ်၊ စက္ကန့် ၄ဝ တွင် အဖ ဦးမိုးအေး၊ အမိ ဒေါ်စိန်တို့မှ မွေးဖွားသည်။ [[ပြည်ခရိုင်]] [[သဲကုန်းမြို့နယ်]] ဆင်မြီးဆွဲဇာတိ[[ဆင်မြီးဆွဲရွာ]]ဇာတိ ဖြစ်သည်။ ဦးဉာဏ ကိုးနှစ်သားအရွယ်တွင် မိခင် ကွယ် လွန်သဖြင့် ဖခင်၏အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းခဲ့ရသည်။ အရွယ်ရောက်သော် ပြည်မြို့အစိုးရ အထက်တန်းကျောင်း တွင် ပညာသင်ကြားခဲ့၏။ ဦးဉာဏသည် ကျောင်းနေရသည် ကိုမပျော်၊ ကျောင်းစာကို စိတ်မဝင်စားသဖြင့် ငယ်စဉ်က မကြာခဏ ကျောင်းပြေးခဲ့သည်။ ၁၉၂ဝ ပြည့်နှစ်တွင် ပြည်မြို့၊ အစိုးရအထက်တန်းကျောင်းမှ သတ္တမတန်း စာမေးပွဲအောင်မြင် ခဲ့၏။ ထို့နောက် ကျောင်း ဆက်မနေတော့ပေ။
 
ကျောင်းမှထွက်ပြီးနောက် အိမ်ပြေးအဖြစ် မြန်မာပြည် အနှံ့ လှည့်လည် သွားလာနေရင်း လက်ဖက်ရည်ဆိုင် စားပွဲ ထိုး၊ ပန်းကန်ဆေး အလုပ်သမား၊ လက်ကမ်းကြော်ငြာဝေငှ သူ၊ စာအုပ်ဈေးသည် စသည်ဖြင့် ကြုံရာ အလုပ်မျိုးစုံကို လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပြည်မြို့သို့ ပြန်လာပြီးလျှင် လက်ရေးတိုနှင့် လက်နှိပ်စက်ပညာကို သင်ကြားကာ အရေး ပိုင်ရုံးတွင် စာရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ များမကြာ မီ အရေးပိုင်ရုံးမှထွက်ကာ ရေနံချောင်း ဘီအိုစီ၊ စတီးဘရား သားကုမ္ပဏီ စသည်တို့သို့ အဆင့်ဆင့် ရွှေ့ပြောင်းလုပ်ကိုင်ခဲ့ သည်။ စစ်ထဲသို့လည်း ဝင်ခဲ့ဖူး၏။ စစ်ထဲသို့ ဝင်သောအခါ အသက်မစေ့မှန်း အထက်က သိသောအခါ တပ်မှ ထွက်ခဲ့ရပြန်သည်။ သူ၏ မိဘများသည် မတတ်သာသည့် နောက်ဆုံး ဦးဉာဏ ၁၆ နှစ်သား အရွယ်တွင် မိန်းမ ပေးစားလိုက် လေတော့သည်။ မကြာမီ အမေ ဆုံးပါးခဲ့ရပြီး ဦးညာဏ ၁၇ နှစ်သား အရွယ်တွင် ညီငယ် ဆုံးရပြန်သည်။ အရက် ၂ဝ ကြားတွင် အဖေ ထပ်မံ သေပြန်သည်။ ဤကဲ့သို့ လောကဓံကို ကြံ့ကြံ့ခံရင်း စာပေနယ်သို့ ကူးပြောင်း ဝင်လာ ခဲ့တော့သည်။