ဖဲလစ်ဘလာ့ခ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃ -
 
၁၉၂၈ ခုနှစ်တွင် "quantum mechanics of electrons in crystals" နှင့် "theory of metallic conduction" အကြောင်းအချက်များကို ဖော်ထုတ်ကာ ပါရဂူဘွဲ့ရခဲ့သည်။ ဘလာ့ခ်သည် ရူပဗေဒပညာရှင်များဖြစ်ကြသည့် Wolfgang Pauli, Kramers, Wener Heisenberg, Niels Bohr, Enrico Fermi စသည်တို့နှင့်အတူ လက်တွဲ အလုပ်လုပ်ခဲ့ရပြီး သီအိုရီပိုင်းဆိုင်ရာ ပညာရပ်များကို ရရှိခဲ့သည်။ ထို့အတူ ဓာတ်အားလှုပ်ရှားမှုပြုနေသည့် အရာများမှ စွမ်းအင်ကို ရပ်တန့်အောင် ပြုလုပ်သည့်နည်းကိုလေ့လာဖော်ထုတ်ခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် [[ဟစ်တလာ]]အာဏာရလာသည့်အခါ ဘလာ့ခ်နှင့်မိသားစုသည်[[ဂျာမနီနိုင်ငံ|ဂျာမနီ]]မှ အမေရိကန်နိုင်ငံသို့ ထွက်ခွာခဲ့ကြသည်။ ၎င်းအား[[စတန်းဖို့ဒ် တက္ကသိုလ်|စတန်းဖို့ဒ်တက္ကသိုလ်]]က လက်ခံခဲ့ပြီး သုတေသနလုပ်ငန်းများ လုပ်ဆောင်ခွင့်ရခဲ့သည်။ ၎င်းတွင် [[နျူထရွန်]]နှင့်ပတ်သက်သည့် အခြေခံအချက်များကို လေ့လာခဲ့ပြီး လွတ်နေသည့် နျူထရွန်များ၏ သံလိုက်လှုပ်ရှားမှုအကြောင်းကို ဖော်ထုတ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် နျူထရွန်၏ သံလိုက်လှုပ်ရှားမှုကို စမ်းသပ်တိုင်းတာခဲ့ပြီး ၎င်းတွင်တစ်ရာခိုင်နှုန်းအထိ တိကျခဲ့သည်ကို တွေ့ရှိရသည်။ ၁၉၄၀ ပြည့်နှစ်တွင် ဘလာ့ခ်သည် ဂျာမနီနွယ်ဖွားရူပဗေဒပညာရှင် Dr.Lore Misch နှင့် အိမ်ထောင်ပြုခဲ့သည်။ ဖဲလစ်ဘလာ့ခ်သည် ၁၉၈၃ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။
 
== ကိုးကားချက် ==
သိပ္ပံနှင့်နည်းပညာဂျာနယ် အမှတ် ၁၉၆ နိုဝင်ဘာ ၂၅၊ ၂၀၀၉