ယူနီကွန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ယူနီကွန်း (သို့) ချိုရှိသောမြင်း ([[အင်္ဂလိပ်]]:Unicorn) သည် [[ဂရိ]] ရှေးဟောင်းပုံပ​ြင်များအရ ဂရိဘုရင်မီနို (Minos) အတွက် ဆောက်ခဲ့ခြင်းဖြစ်သည်။ မီနိုဘုရင်၏ မိဖုရား ပါစီဖေ (Pasiphae) သည် နတ်နွားတစ်ကောင်ဖြင့် ချစ်က​ြိုက်ခဲ့ပ​ြီး မီနိုတာ (Minotaur) အမည်ရှိသော သတ္တဝါတစ်ကောင်ကို မွေးဖွားခဲ့သည်။ မီနိုတာသည် လူ့ကိုယ်ခန္ဓာနှင့် နွားခေါင်းရှိသော သတ္တဝါဖြစ်သည်။ ဝင်္ကပါပမာ နန်းတော်ကို မီနိုတာသတ္တဝါကြီးအား လျှို့ဝှက်ထားရှိရန် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ မီနိုတာကြီးအား ဘုရင်က သူ၏ ရန်သူကို ကျွေးသည်။ မီနိုတာကို အေသင်မြို့မှ သီးစီးယပ် (Theseus) အမည်ရှိသော ဂရိသူရဲကောင်းက သတ်ပစ်လိုက်သည်။ ခရိကျွန်းသားများသည် နွားများကို ကိုးကွယ်ကြသည်။ နွားထီးကို မျိုးပွားခြင်း၏ သင်္ကေတတစ်ခုအဖြစ်မှတ်ယူကြသည်။ မျိုးပွားမှုမှတစ်ဆင့် တိရစ္ဆာန်များစွာဖြစ်လာသည်။ တိရစ္ဆာန်များခြင်းကြောင့် မွေးမြူရေး၊ စီးပွားရေးများ တိုးတက်လာသည်။ ထို့ကြောင့် နွားထီးများကို ကိုးကွယ်ခြင်းဖြင့် အစာရေစာပေါများခြင်းဖြစ်စေသည်ဟု ယုံကြည်ကြသည်။ ဤအက​ြောင်းကြ​ောင့် သဲကန္တာရထဲ နေထိုင်သော အစ္စရ​ေးလူမျိုးများသည်လည်း ရွှေနွားရုပ်တစ်ခုကို ထုလုပ်၍ ကိုးကွယ်ကြသည်။
 
ခရိကျွန်းရှိ ဝင်္ကပါပုံစံ နန်းတော်ဟောင်းကို တူးဖော်တွေ့ရှိသော အရိုးတော်တော်များများမှာ နွားအရိုးများဖြစ်ကြသည်။ ယခုခေတ်တွေ့ရှိရသ​ောနွားများ၏ ရှေးက မျိုးဆက်ဖြစ်သော အိုးရော့(ရှ) (auroch) အမည်ရှိသော နွားရိုင်းများဖြစ်သည်။ အိုးရော့(ရှ)ဟူသော ဝေါဟာရသည် ရှေးဂျာမန်စကားဖြစ်ပြီး ရှေးခေတ်နွားထီးဟု အဓိပ္ပာယ်ရသည်။ ၎င်းသည် အရောင်အားဖြင့် အနက်ရောင်ဖြစ်ပြီး သာမန်နွားများထက်ကြီးသည်။ အရပ်အားဖြင့် ခြောက်ပေရှိသည်။ ချိုများသည် ကြီးပြီး အရှ​ေ့သို့ ကွေးထွက်နေသည်။ ခရစ်ယာန်ကျမ်း (Bible) ထဲတွင် အိုးရော့(ရှ) များကို ဟီးဘရူးဘာသာဖြင့် ရီအပ်(re'em)ဟုခေါ်သည်။ အဓိပ္ပာယ်မှာ နွားရိုင်းဖြစ်သည်။ ဤတိရစ္ဆာန်သည် သန်မာပြီးယဉ်အောင်လုပ်၍မရသော တောင်ရိုင်းသတ္တဝါဖြစ်သည်ဟု ဆိုထားသည်။ ဂျိမ်းဘုရင်၏လက်ထက်တွင် ရေးသားပြုစုခဲ့သော ခရစ်ယာန်ကျမ်းစာထဲတွင် ရီအပ်ကို ယူနီကွန်း (unicorn) ဟု မှားယွင်း၍ ဘာသာပြန်ထားသည်။