ကန့်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: tl:Asupre
No edit summary
စာကြောင်း ၁ -
[[File:SulphurCrystalSoufresicile2.jpg|thumb|200px|ကန့် ပုံဆောင်ခဲ]]
 
ကန့်ကို လူတို့သည် အလွန်ရှေးကျသောခေတ်ကပင် သိရှိခဲ့ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် ဆာလဖာ (Sulphur) ဟုခေါ်ပြီး ဓာတုဗေဒ သင်္ကေတမှာ S ဖြစ်သည်။ အာရပ်လူမျိုး အဂ္ဂိယတ်ဆရာတို့သည် ကန့်၏ မီးလောင်လွယ်သော ဂုဏ်အင်္ဂါကို အစွဲပြု၍ မီးလောင်ရာ၌ လိုအပ်သော အခြေခံပစ္စည်းဟု သတ်မှတ်ခဲ့သည်။ ကန့်ကို သဘာဝတွင် အနှံ့အပြား တွေ့ရသည်။ အချို့ကို သန့်သန့်တွေ့ရ၍ အချို့ကိုမူ ပြဒါးနှင့် ပေါင်းစပ်ကာ ဟင်းသပြဒါးရိုင်းအဖြစ်လည်းကောင်း၊ သံနှင့်ပေါင်းစပ်ကာ ဗဟန်းကျောက်အဖြစ်လည်းကောင်း၊ ခဲနှင့်ပေါင်းစပ်ကာ ဂလီးနားအဖြစ်လည်းကောင်း တွေ့ကြရသည်။ ဗဟန်းကျောက်တွင် ကန့်ကြွယ်ဝသဖြင့် တစ်ခါတစ်ရံ ကန့် သို့မဟုတ် ဆာလဖာဒိုင်အောက်ဆိုဒ် ထုတ်ယူရန် အသုံးပြုသည်။ မီးတောင်ရှိသော အရပ်ဒေသများတွင် ကန့်သန့်သန့်ကို အများအားဖြင့် တွေ့ရှိရလေရာ ထိုသို့တွေ့ရခြင်းမျာ ဟိုက်ဒရိုဂျင် ဆာလဖိုက်နှင့် ဆာလဖာဒိုင်အောက်ဆိုက် တစ်ခုနှင့်တစ်ခု တွေ့ဆုံကပြီး ဓာတ်ပြောင်းလဲမှု ဖြစ်ပွားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ရသည်။ ရှေးအခါက ကမ္ဘာပေါ်တွင် ရောင်းဝယ်ဖောက်ကားရာ၌ အသုံးပြုခဲ့သည့် ကန့်အားလုံးကို စစ္စလီကျွန်းမှ ရရှိသည်။ သို့သော် ယခုအခါ အီတလီ၊ အမေရိကန်၊ ဂျပန်၊​ ချီလီနှင့် ပီရူးနိုင်ငံတို့မှလည်း တူးဖော်ရရှိသည်။
"https://my.wikipedia.org/wiki/ကန့်" မှ ရယူရန်