ရွှေကိုင်းသား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး remove spam link
အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
| ကွန်ယက် =
}}
 
==ရွှေကိုင်းသား (၁၉၁၂-၁၉၈၇)==
'''ရွှေကိုင်းသား'''('''ဆရာတော် ရွှေကိုင်းသား''')ကို ၁၉၁၂ - ခုနှစ်၊ ဇန်နဝါရီလ(၅)၊ သောကြာနေ့တွင်-[[စစ်ကိုင်းမြို့]] တကောင်းရပ်၌ ခမည်းတော် မြန်မာဆေးဆရာကြီး ဦးအုံ၊ မယ်တော်ဒေါ်မြတို့က ဖွားသန့်စင်သည်။ မွေးချင်း(၆)ယောက်တွင်၊ စတုတ္ထမြောက်သားဖြစ်၍ လူအမည် မောင်ထွန်းလှိုင်၊ ရဟန်းဘွဲ့-ဦးသောဘိတဖြစ်သည်။ စစ်ကိုင်းရပ် ဆရာကြီး ဦးဘိုးလူ အလယ်တန်းကျောင်းတွင်(၃)တန်းအထိ ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းတွင် ရွှေတောဦးမော် အထက်တန်းကျောင်းသို့ ပြောင်းခဲ့သည်။ ထို့နောက် ရန်နိုင်ရပ် ဦးတိုးကျောင်းသို့ပြောင်းသည်။
 
၁၉၂၈ - အသက်(၁၆)နှစ်အရွယ်တွင် ဦးတိုးကျောင်းမှ တိုင်းရင်းမြန်မာဘာသာ သတ္တမတန်းအောင်မြင်ခဲ့။ ထို့ နောက် စစ်ကိုင်းမြို့၊ ချင်းစုရပ်ဆရာကြီးဦးဘသန်းထံတွင် ပန်းချီနှင့်ဓာတ်ပုံပညာကိုသင်ယူသည်။ ပန်းချီ၊ ကာတွန်းများ ရေးဆွဲသော ကလောင်အမည် “ထွန်းလှနိုင်” ဖြစ်သည်။ ဗေဒင်နှင့် နက္ခတ်ကြည့်နည်းကိုလည်း သင်ယူခဲ့သည်။
 
၁၉၃၀ - ပျဉ်းမနားမြို့၊[[ပျဉ်းမနားမြို့]]၊ နော်မန်ကျောင်းမှ မူလတန်းဆရာအဖြစ်သင်တန်းကို ''အေ''အဆင့်ဖြင့် အောင်မြင်ခဲ့ သည်။
 
၁၉၃၁ - ကျောင်းဆရာမလုပ်ဘဲ ဧပြီလမှစ၍ မန္တလေးမြို့ကမ္ဗည်းကျောက်စာရုံး[[မန္တလေးမြို့]]ကမ္ဗည်းကျောက်စာရုံး(ယခုရှေးဟောင်းသုတေသန ဌာန)တွင် ပုံဆွဲစာရေးအဖြစ် ဝင်ရောက်အမှုထမ်းခဲ့သည်။ ကျောက်စာဝန်အဖြစ် ပြင်သစ်လူမျိုးချားလ်ဒူရွိုင်းဇယ် လက်ထက်မှသည် ကျောက်စာဝန်ဦးမြ၊ ဦးလူဖေဝင်းတို့လက်ထက်အထိ(၁၁)နှစ်ကြာလုပ်ကိုင်ခဲ့သည်။ ဆရာကြီးများ၏နည်းပေးလမ်းညွှန်မှုဖြင့် စာပေရေးသားမှုစတင်ခဲ့သည်။
 
၁၉၃၂ - စက်တင်ဘာ(၁၈)ရက်နေ့ထုတ် သူရိယရုပ်စုံသတင်းစာတွင်ပါသည့် ''မင်းရှင်စော''ဆောင်းပါးသည် ပထမဆုံးစာမူဖြစ်သည်။ ထိုစဉ်က-ကလောင်အမည်မှာ''ရတနာပုံလှိုင်ခင်အေး''ဟူ၏။ ရတနာပုံဖိုးမှတ်စု၊ မှတ်စု မောင်၊ မန္တလေးလှိုင်၊ စစ်ကိုင်းဘိုးရာဇာ၊ မန္တလေးသား၊ ရွှေကိုင်းသား၊ ဦးသောဘိတ စသောကလောင်အမည် များကိုလည်း အသုံးပြုခဲ့သည်။ ပန်းချီ၊ ကာတွန်းနှင့်ဓာတ်ပုံပညာတွင်လည်းထူးချွန်သည်။