ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၉၆ -
 
== ကျွမ်းကျင်မှုအကူအညီများ ==
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ ခြေဥ အပိုဒ် ၁ တွင် ကျွမ်းကျင်မှု အကူအညီပေးရေး စည်းကမ်းချက်များ ပါရှိသည်။ သမဂ္ဂဝင်နိုင်ငံ အချင်းချင်း ကျွမ်းကျင်မှုဆိုင်ရာ အကူအညီများ ပေးခြင်းနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးတွဲဆောင်ရွက်ချက်များကို သမဂ္ဂက ကြီးကြပ်သည်။
 
သမဂ္ဂ၏ ကျွမ်းကျင်မှုအကူအညီများတွင် စာပို့လုပ်ငန်းဆိုင်ရာ ကဏ္ဍမျိုးစုံ ပါပြီး၊ အကူအညီကို ၃ မျိုး ခွဲခြားရာ
* ဝန်ထမ်းများ ရွေးချယ်ခန့်အပ်ခြင်းနှင့် ကျွမ်းကျင်သူများ စေလွှတ်ခြင်း၊
* လုပ်ငန်းဆိုင်ရာ သင်တန်းများ ပို့ချခြင်းနှင့် အဆင့်မြင့် သင်တန်းများ ပို့ချခြင်း၊
* လုပ်ငန်းဆိုင်ရာ ပစ္စည်းများ၊ သင်တန်းဆိုင်ရာ ပစ္စည်းများ ပေးအပ်ခြင်း တို့ ဖြစ်သည်။
ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွင် ၁၉၆၃ ခုနှစ်မှ စ၍ ပါခဲ့သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စာပို့လုပ်ငန်းများကို ကူညီရာ၌ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (ယူအင်ဒီပီ)မှ အဓိကအားဖြင့် ငွေကြေး အထောက်အပံ့ ရခဲ့သည်။ ၁၉၇၈ တွင် ယူအင်ဒီပီမှ ကန်ဒေါ်လာ ၂၆,၀၀,၀၀၀ ရသည်။
 
== ရန်ပုံငွေထည့်ဝင်ခြင်း ==
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ ငါးနှစ်အတွက် ပုံမှန်ကုန်ကျစရိတ်ကို ကမ္ဘာ့စာပို့တိုက် ညီလာခံက သတ်မှတ်၍ ခွင့်ပြုသည်။ ၎င်းကုန်ကျစရိတ်ကို သမဂ္ဂဝင် နိုင်ငံများက အချိုးကျ ထည့်ဝင်ရသည်။ နိုင်ငံ့ အခြေအနေ အားလျော်စွာ အုပ်စု ရှစ်ခု ခွဲထားရာ အချိုးအစားအားဖြင့် တစ်မှ ၅၀ အတွင်း ထည့်ဝင်ရသည်။ နှစ်စဉ် ကျင်းပသော အလုပ်အမှုဆောင် ကောင်စီ အစည်း‌အဝေးက သမဂ္ဂ၏ ငွေစာရင်းကို စစ်ဆေး အတည်ပြုသည်။
 
ကမ္ဘာ့စာပို့တိုက် သမဂ္ဂ၏ အထူး ရန်ပုံငွေ(Special Fund)ကို ၁၉၆၆ တွင စတင်ပြဋ္ဌာန်းရာ အဖွဲ့ဝင်များက စေတနာအလျောက် ထည့်ဝင်သည်။ အထူးရန်ပုံငွေဖြင့် စာပို့လုပ်ငန်းဆိုင်ရာ သင်တန်းများကို ငွေထောက်ပံ့မှု ပြုသည်။
 
ဖွံ့ဖြိုးပြီးနိုင်ငံအချို့ကလည်း အပြည်ပြည်ဆိုင်ရာ ဗျူရိုအား စီမံကိန်းသစ်များအတွက် ကျွမ်းကျင်သူပညာရှင်များ စေလွှတ်နိုင်ရန် ငွေကြေးထောက်ပံ့ ကူညီကြသည်။
 
== နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း ==
ကမ္ဘာ့စာပို့တိုက်သမဂ္ဂသည် ၁ ဇူလိုင် ၁၉၄၈ မှစ၍ ကုလသမဂ္ဂ အထူးအေဂျင်စီအဖွဲ့အစည်းများတွင် တရားဝင် ပါခွင့် ရပြီး၊ စာပို့လုပ်ငန်းများ တိုးတက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့သည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် သင်တန်းများ တိုးတက်ဖွင့်လှစ်ခဲသည်။ သမဂ္ဂသည် နိုင်ငံတကာ ကြေးနန်း ဆက်သွယ်ရေးသမဂ္ဂ(အိုင်တီယူ)(International Telecommunications Union)(ITU) နှင့် အနီးကပ် ဆက်သွယ်မှု ရှိပြီး၊ ကျွမ်းကျင်မှု လုပ်ငန်းများတွင် ပူးတွဲ ဆောင်ရွက်သည်။
 
ထို့ပြင် ကုလသမဂ္ဂအထူးအေဂျင်စီများ၊ အဖွဲ့အစည်းများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်ထားသည်။ လေကြောင်းစာပို့လုပ်ငန်း အတွက် နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့(အိုင်စီအေအို)(International Civil Aviation Organization(ICAO) နှင့် ညှိနှိုင်း ဆောင်ရွက်‌ပြီး၊ ရေဒီယိုသတ္တိကြွ ပစ္စည်းများ ပို့ဆောင်မှုအတါက် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ(အိုင်အေအီးအေ) (International Atomic Energy Agency) (IAEA) နှင့် ဆက်သွယ် ဆောင်ရွက်သည်။ ဇီဝဗေဒဆိုင်ရာ ပစ္စည်းများ သယ်ယူပို့ဆောင်မျုအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ်(WHO)နှင့် ပူးတွဲဆောင်ရွက်သည်။
 
== ဆောင်ရွက်ချက် ==
ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ လုပ်ငန်းသည် တကမ္ဘာလုံးရှိ လူသားတိုင်းနှင့် သက်ဆိုင်ပြီး၊ နယ်နိမိတ် အကန့်အသတ် မရှိသော လုပ်ငန်း ဖြစ်သည်။ ကမ္ဘာ့တဝန်းတွင် စာပို့ဌာနပေါင်း ငါးသိန့်ခန့် ရှိပြီး၊ စာပို့လုပ်ငန်းဆိုင်ရာ ဝန်ဌန်းများမှာ လေးသန်းခန့် ရှိသည်။ နှစ်စဉ် ချောစာနှင့် ပစ္စည်းအမျိုးမျိုး သန်းပေါင်း ၂၅၀,၀၀၀ ကျော်ခန့်သည် ကမ္ဘာတဝန်းရှိ ယင်းစာပို့ဌာနများမှ တဆင့် သက်ဆိုင်သူများ လက်သို့ ရောက်သွားခဲ့သည်။ နိုင်ငံမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး ပုံမှန် ဆက်သွယ်မှု ပြုရာ၌ စာပို့ဌာနများ၏ ကဏ္ဍသည် အလွန် အရေးပါပြီး၊ ကမ္ဘာစစ်ကြီး နှစ်ကြိမ် ဖြစ်ပွားနေချိန်မှာပင် စာပို့လုပ်ငန်းသည် အလွန် ထိရောက်သည်။ စစ်အကျဉ်းသားများ၊ မျက်မမြင်များနှင့် သက်ဆိုင်သော စာများကို စာပို့ခ လွတ်ငြိမ်းခွင့် ပြု၍ ပို့ပေးနေခြင်းသည်လည်း ကမ္ဘာ့စာပို့တိုက်သမဂ္ဂ၏ ထူးခြားချက် ဖြစ်သည်။ နိုင်ငံအချင်းချင်း၊ လူသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကို တိုးတက်စေသော ဆောင်ရွက်ချက်များကို ဂုဏ်ပြုသော အားဖြင့် နှစ်စဉ် အောက်တိုဘာလ ၉ ရက်နေ့တွင် ကမ္ဘာ့စာပို့လုပ်ငန်းသမဂ္ဂ၏ ကမ္ဘာ့စာပို့တိုက်သမဂ္ဂနေ့ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပလေ့ ရှိသည်။<ref>{{cite journal|last=|first=|authorlink=|coauthors=|year=၁၉၈၂|month=မေ|title=ကမ္ဘာ့စာပို့တိုက် သမဂ္ဂ|journal=နိုင်ငံတကာရေးရာ သတင်းစဉ်|volume=|issue=|pages=၄၁|id=|url=|accessdate=|quote=}}</ref>
 
== ကိုးကား ==
Line ၁၀၇ ⟶ ၁၂၃:
 
{{Commonscat|Universal Postal Union}}
<references />
 
 
{{ကုလသမဂ္ဂ}}