အန်းနက် လောရင့်: တည်းဖြတ်မှု မူကွဲများ

"'''အန်းနက် အော်လ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၁ -
'''အန်းနက် အော်လန်ဒိုလောရင့်အော်လန်ဒို လောရင့်''' ([[အင်္ဂလိပ်]] : Ernest Orlando Lawrence) ကို ၁၉၀၁ ခုနှစ် ဩဂုတ်လ ၈ ရက်တွင် [[အမေရိကန်ပြည်ထောင်စု]]၊ တောင်-[[ဒါကိုတာ နယ်မြေ|ဒါကိုတာပြည်နယ်]]၊ ကန်တန်မြို့၌ မွေးဖွားခဲ့သည်။ သူ၏မိဘများသည် [[နော်ဝေနိုင်ငံ]]သားများဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကြသူများဖြစ်သည်။ လောရင့်သည် အထက်တန်းပညာရပ်များ သင်ယူပြီးသည့်အခါ တောင်-ဒါကိုတာတက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၂၂ ခုနှစ်တွင် ဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သည်။ အဆိုပါ နှစ်မှာပင် မင်နယ်ဆိုး တက္ကသိုလ်မှ အမ်အေဘွဲ့နှင့် ၁၉၂၅ ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ ပါရဂူဘွဲ့ရခဲ့သည်။ သူသည် ငယ်ရွယ်စဉ်ကပင် ရူပဗေဒပညာရပ်နယ်ပယ်၌ ထင်ရှားသော သိပ္ပံပညာရှင်တစ်ဦးဖြစ်ခဲ့သည်။ လော့ရင့်သည် ယေးလ်တက္ကသိုလ်ရှိ သုတေသနတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ၎င်းမှ ရူပဗေဒလက်ထောက်ပါမောက္ခနှင့် ၁၉၂၈ ခုနှစ်တွင် ဘတ်ကလေးမြို့ရှိ ကာလီဖိုးနီးယားတက္ကသိုလ်တွင် ပါမောက္ခတစ်ဦးဖြစ်လာသည်။ ၁၉၃၆ ခုနှစ်တွင် အဆိုပါတက္ကသိုလ်ရှိ သုတေသနဓာတ်ခွဲခန်းတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာ ၎င်းတွင် သူကွယ်လွန်သည့် အချိန်အထိဖြစ်သည်။ သူသည် ကိုလံဘီယာရှိ ကင်ဆာသုတေသနသိပ္ပံ၏ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သည်။