အန်းနက် လောရင့်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ် |
||
စာကြောင်း ၄ -
ပါမောက္ခလောရင့်၏ ဆိုင်ကလိုထရွန်ကိရိယာကို တီထွင်ခဲ့ခြင်းနှင့် သဘာဝအလျောက်မဟုတ်ဘဲ တုပဖန်တီးနိုင်သည့် ရေဒီယိုသတ္တိကြွဒြပ်စင်များအကြောင်းကို ဖော်ထုတ်နိုင်ချက်ကြောင့် ၁၉၃၉ ခုနှစ်အတွက် ရူပဗေဒပညာရပ်ဆိုင်ရာထူးချွန်သူအဖြစ် [[နိုဘဲလ်ဆု]] ချီးမြှင့်ခြင်း ခံရသည်။ လောရင့်သည် ပိုမိုအားကောင်းသော ဆိုင်ကလိုထရွန်ကို တည်ဆောက်ခဲ့ပြီး ၁၉၄၁ ခုနှစ်တွင် အဆိုပါ ကိရိယာကို မက်ဆွန်(mesons) ခေါ် ကော့စမစ်ဒြပ်မှုန်များကို ထုတ်လုပ်ရာ၌ အသုံးပြုခဲ့သည်။ ဆိုင်ကလိုထရွန်ကိရိယာကို နျူးကလီးယားရူပဗေဒလက်တွေ့စမ်းသပ်များပြုလုပ်ရာတွင် ရာစုနှစ်ပေါင်းများစွာ သုံးခဲ့ကြသည်။ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင်လည်း ယနေ့တိုင် သုံးနေကြဆဲဖြစ်သည်။ ထို့အပြင် ကင်ဆာရောဂါကုသသည့်လုပ်ငန်းတွင်နှင့် အနုမြူဗုံးထုတ်လုပ်သည့် လုပ်ငန်းများတွင်လည်း သုံးကြသည်။ သူသည် လျှပ်စစ်မီးပွား ရိုက်ခတ်မှုအကြောင်းကို လေ့လာခဲ့ပြီး ၎င်းကိုအံ့ဩဖွယ် အလွန်မြန်သည့် တစ်စက္ကန့်၏ သန်းပေါင်းများစွာသော အချိန်အတွင်း တိုင်းတာသည့် နည်းလမ်းကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အီလက်ထရွန်၏ Charge to Mass Ratio (e/m ratio) အချိုးကို တိကျစွာတိုင်းတာသည့်နည်းကိုလည်း တီထွင်ခဲ့သည်။ လောရင့်သည် ၁၉၃၂ ခုနှစ်တွင် Mary Kimberly Blumer နှင့် အိမ်ထောင်ပြုခဲ့ပြီး သားသမီးခြောက်ဦး ထွန်းကားခဲ့သည်။ သူသည်လှေစီးခြင်း၊ [[တင်းနစ်ကစားခြင်း]]နှင့် [[တေးဂီတ]]တွင် ဝါသနာပါသူဖြစ်သည်။ အော်လန်ဒို လောရင့်သည် ၁၉၅၈ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် သူ၏ အသက် ၅၇ နှစ်အရွယ်တွင် ကာလီဖိုးနီးယားပြည်နယ်၊ ပယ်လိုအယ်တိုမြို့၌ ကွယ်လွန်ခဲ့သည်။
[[Category:၁၉၀၁ မွေးဖွားသူများ]]
[[Category:၁၉၅၈ ကွယ်လွန်သူများ]]
|