မင်းယုဝေ: တည်းဖြတ်မှု မူကွဲများ

၂ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၅ နှစ်
အရေးမကြီး
အရေးမကြီး (re-cat)
 
[[ဧရာဝတီတိုင်း]] ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့တွင် အဖ ကုန်သည်ကြီး ဦးထွန်းဆိုင်၊ အမိ ဒေါ်သင်တို့မှ ၁၉၂၇ ခုနှစ် စက်တင်ဘာလ ၂၆ ရက် ဗုဒ္ဒဟူးနေ့တွင် ဖွားမြင်သည်။ မွေးချင်း ၈ ယောက်တွင် အငယ်ဆုံး ဖြစ်၍ အမည်ရင်းမှာ ဦးဝင်းမောင် ဖြစ်သည်။ <ref>http://www.myanmarebooks.net/category/%E1%80%99%E1%80%84%E1%80%B9%E1%80%B8%E1%80%9A%E1%80%AF%E1%80%B1%E1%81%80</ref>
 
 
== ပညာရေး ==
ကန်ကြီးထောင့်မြို့ မင်းကုန်းကျောင်း (၁၉၃၄ ခုနှစ်)၊ [[ပုသိမ်မြို့]] အမျိုးသား အထက်တန်း ေကျောင်း (၁၉၃၅)၊ နှင့် ဂျပန်စာသင်ကျောင်း (၁၉၄၁)၊ ကန်ကြီးထောင့် ခေတ်သစ်တန်းမြင့် ကျောင်း (၁၉၄၂) နှင့် ပုသိမ်မြို့ အမျိုးသား အထက်တန်းကျောင်း တို့တွင် ပညာသင်ကြားခဲ့ ပြီး ၁၉၄၆ ခုနှစ်တွင် ၁၀ တန်း အောင်မြင်ခဲ့သည်။ [[ရန်ကုန်တက္ကသိုလ်]]တွင် ၁၉၄၆ ခုနှစ်မှ ၁၉၅၁ ခုနှစ်အထိ ပညာဆည်းပူးကာ ဝိဇ္ဇာဘွဲ့ ရခဲ့သည်။
 
၁၉၅၂ ခုနှစ်တွင် ကဗျာဆရာမ ငွေတာရီနှင့် အိမ်ထောင်ပြုပြီး သမီး ခင်ရီဝင်း အား ထွန်းကား ခဲ့သည်။ ၁၉၅၅ ခုနှစ်နှင့် ၁၉၅၆ ခုနှစ်များတွင် လန်ဒန်တက္ကသိုလ် အရှေ့တိုင်းနှင့် အာဖရိက ကောလိပ်တွင် တက်ရောက်ကာ အဘိဓာန် ပညာရပ်ကို သင်ယူခဲ့သည်။
 
 
== ထမ်းဆောင်ခဲ့သည့်တာဝန်များ ==
ဝန်ထမ်းဘဝတွင် ပြန်ကြားရေး ဝန်ကြီးဌာန အထက်တန်း ဘာသာပြန် အရာရှိ (၁၉၅၁)၊ အင်းစိန်ခရိုင် ပညာအုပ် (၁၉၅၂)၊ စာပေဗိမာန် စာအုပ်တိုက်တွင် စာပြု (၁၉၅၃) နှင့် ရန်ကုန် တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနတွင် လက်ထောက်စာတည်း (၁၉၅၄) တာဝန်များ ထမ်းဆောင်ခဲ့သည်။
 
နိုင်ငံခြား ပညာသင်အဖြစ် [[လန်ဒန်မြို့|လန်ဒန်]]မှ ပြန်လာပြီးနောက်တွင်လည်း [[ရန်ကုန်တက္ကသိုလ်]] ဘာသာပြန်ဌာနတွင်ပင် လက်ထောက်စာတည်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၈ ခုနှစ်အထိ ငွေတာရီ မဂ္ဂဇင်းတွင် တာဝန်ခံ စာတည်း အဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၆၃-၆၄ ခုနှစ်များတွင် ရုပ်ရှင် ဆင်ဆာအဖွဲ့ဝင်လူကြီး၊ ထိုနောက် မြဝတီ ပုံနှိပ်တိုက်တွင် အယ်ဒီတာချုပ် (၁၉၆၈-၇၉)၊ စာပေဗိမာန် စာပေဆုနှင့် အမျိုးသားစာပေဆု ရွေးချယ်ရေး အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ [[ကျောင်းသုံးစာအုပ်]] ကော်မတီ အဖွဲ့ဝင် (၁၉၆၈-၇၉) တာဝန်များလည်း ထမ်းဆောင်ခဲ့သည်။
 
နောက်ပိုင်းတွင် ပုဂ္ဂလိက စာစောင်များဖြစ်သော မြစ်မခ စာပဒေသာ၊ မြစ်မခ အင်္ဂလိပ်စာဥယျာဉ် တို့တွင် အယ်ဒီတာချုပ်အဖြစ် ၁၉၈၀ မှ ၁၉၈၄ အထိ လည်းကောင်း၊ မြတ်မင်္ဂလာ စာစောင်တွင် ၁၉၈၅ ခုနှစ်မှစ၍ ယနေ့အထိနှင့် မင်္ဂလာမောင်မယ် စာစောင်တွင် ၁၉၈၉ ခုနှစ်မှ ယနေ့အထိ အယ်ဒီတာချုပ်တာဝန်များ ထမ်းဆောင်နေသည်။
 
 
== ခရီးစဉ် ==
နိုင်ငံတော်၏ အစီအစဉ်ဖြင့် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] (၁၉၆၅ ခုနှစ်)၊ [[အိန္ဒိယနိုင်ငံ]] (၁၉၇၃) နှင့် [[အမေရိကန်ပြည်ထောင်စု]] (၁၉၇၆) တို့သို့ လေ့လာရေးခရီးများ ထွက်ခဲ့သည်။