မြန်မာနိုင်ငံဘာသာပြန်စာပေအသင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၇ -
ဘာသာပြန် စာပေအသင်း ဖွဲ့စည်းပုံအရ အသင်းတခုလုံးကို တာဝန်ခံအုပ်ချုပ်သူမှာ အုပ်ချုပ်မှု ဒါရိုက်တာ (Managing Director) ဦးစံထွား ([[မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်|မြို့မ]] ကျောင်းဆရာကြီး၊ ၁၉၂၀ ရန်ကုန် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားကြီး) ဖြစ်သည်။ [[ဆရာကြီး ဦးစံထွား]] ၏ လက်အောက်၌ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနများ ရှိသည်။ လက်ထောက် အုပ်ချုပ်ရေး အရာရှိ ဦးလှမောင်နှင့် ဒေါ်မိမိကြီး တို့က ဦးစံထွားအား ကူညီကြသည်။ ဘဏ္ဍာရေးဌာန အကြီးအကဲမှာ ဦးစောမောင် ဖြစ်သည်။
 
စာပေဗိမာန် ဖွဲ့စည်းပုံတွင် အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးဌာနတို့ အပြင် အဓိက လုပ်ငန်းကြီးများ ဖြစ်ကြသော စာတည်းဌာနများ၊ မဂ္ဂဇင်းထုတ်ဝေရေးဌာန၊ စွယ်စုံကျမ်း ပြုစုရေးဌာန၊ [[ကျောင်းသုံးစာအုပ်]] ထုတ်လုပ်ရေး ဌာန၊ သုတေသန ဌာန၊ ရုံးပြင်လုပ်ငန်း ဌာန၊ စာကြည့်တိုက် ဟူ၍ ဌာနများ ပါဝင်သည်။စာတည်း ဌာနမှာလည်း အထွေထွေ ဝိဇ္ဇာဌာနနှင့် သိပ္ပံဌာန ဟူ၍ ရှိသည်။ အထွေထွေ ဝိဇ္ဇာသိပ္ပံ ဌာန အကြီးအကဲမှာ စာတည်း ဦးမြတ်စိုး B.Sc. (Hons.) ဖြစ်သည်။
စွယ်စုံကျမ်း ပြုစုရေး ဌာန အကြီးအကဲ စာတည်း ဦးဒိုး (မဟာဝိဇ္ဇာ) ဖြစ်သည်။ စာပေဗိမာန် မဂ္ဂဇင်း ထုတ်ဝေရေးဌာန အကြီးအကဲမှာ စာတည်း ဦးတင်မောင် ([[ထင်ကြီး၊ တက္ကသိုလ်|တက္ကသိုလ်ထင်ကြီး]]) ဖြစ်သည်။
သုတေသနဌာန အကြီးအကဲမှာ ဗိုလ်ဘကို B.A. (Hons.) B.L., M.A. (Yale) ဖြစ်သည်။ ဗိုလ်ဘကိုသည် ၁၉၅၅ ခုနှစ်လောက်က ရုပ်ရှင်မင်းသား မဖြစ်သေး။ ရုပ်ရှင်နယ်၌ ခြေချရန် ပြင်ဆင်နေသည်ကို ယူဆရသည်။