ဒဂုန်နတ်ရှင်: တည်းဖြတ်မှု မူကွဲများ

+infobox
စာကြောင်း ၅၇ -
ထို့နောက် ဗဟိုသိပ္ပံ မဂ္ဂဇင်းတွင် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း၊ တက္ကသိုလ် သိပ္ပံ မဂ္ဂဇင်း၊ တိုးတက်ရေး မဂ္ဂဇင်း၊ ဆယ်သန်း ဂျာနယ်တို့တွင် အယ်ဒီတာအဖြစ် လည်းကောင်း၊ မောရိယ နေ့စဉ် သတင်းစာ၊ ရန်ကုန် နေ့စဉ် သတင်းစာနှင့် စတူးဒင့်ဝေါ အင်္ဂလိပ် သတင်းစာတို့တွင် အယ်ဒီတာချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။
 
ရန်ကုန်မြို့ ဗုဒ္ဓဘာသာနှင့် ကမ္ဘာ့ ဆက်ဆံရေး အဖွဲ့ကြီး အတွင်းရေးမှူး၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌ၊ ဗုဒ္ဓသာသနာ့ အဖွဲ့၊ ငါးပါးသီလ လုံခြုံရေး အဖွဲ့တို့တွင် ကော်မတီဝင်၊ [[ကျောင်းသုံးစာအုပ်]] ကော်မတီဝင် စသည့် တာဝန်များကိုလည်း ဆောင်ရွက်သည်။
 
ဆရာကြီးသည် စာအုပ်စာတမ်း များစွာ ရေးသား ပြုစုခဲ့သည်။ အိမ်ထောင်ဦး ရှုဖွယ်ကျမ်း ('သူရသတ္တိ' အမည်ဖြင့် ထပ်မံ ဖြည့်စွက်သည်)၊ အချစ်ဂဏ္ဍိ၊ ယောက်ျား၊ ခြင်္သေ့စိတ်၊ လူ့သွေးခေါ် သွေးတိုးကျမ်း၊ ဓာတ်ချုပ်ရောဂါ ကုထုံးကျမ်း၊ ဆရာဝန် ဒိုင်ယာရီ (သုံးတွဲ)၊ သုတကြေးမုံ၊ လောကနိဗ္ဗာန်၊ စိတ်ပညာကျမ်း (ခြောက်တွဲ)၊ မြန်မာ့ရိုးရာ ကွမ်းဓလေ့၊ မြန်မာ့ရိုးရာ ဆင်တန်ဆာ၊ အကြံသစ်၊ အာဇာနည်၊ ပါနောက်၏ ရုပ်ကြီးစင်၊ စာပေဝတ်ဆံ (ရှစ်အုပ်)၊ မြန်မာ့လုပ်ငန်း ဆယ်ပွင့်ပန်း၊ ဒဂုန်နတ်ရှင်၏ ဘဝခရီးစဉ်၊ ရတနာပုံ နိဒါန်း၊ ဘာသာရေး အမွေအနှစ်များ၊ စာပေ အမွေအနှစ်များ စသည်တို့ ဖြစ်သည်။