ဂျက်ဖရီအာချား: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၅ -
 
==စာရေးဆရာ ဖြစ်လာပုံ==
၁၉၇၃ ခုနှစ်တွင် ကနေဒီယံကုမ္ပဏီ၌ ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံရန် စီးပွားရေးသမား အပေါင်းအသင်းများက ဂျက်ဖရီအာချားကို တိုက်တွန်းကြသည်။ ထို့ကြောင့် သူသည် ရှိစုမဲ့စု ဒေါ်လာတစ်သန်းကို အစုရှယ်ယာပါဝင်ကာ ရင်းနှီးမြှုပ်နှံလိုက်သည်။ နောက်တစ်နှစ်ခန့်ကြာသောအခါ '''စကော့တကန်ယာ့ဒ်''' စုံထောက်အဖွဲ့ကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များ သူ့ထံသို့ရောက်လာကာ ''လူကြီးမင်း မြှပ်နှံထားတဲ့ အစုရှယ်ယာတွေ တစ်ပြားမှ မရှိတော့ဘူး၊ အားလုံး အသုံးမကျတဲ့ စက္ကူစုတ်တွေ ဖြစ်ကုန်ပြီ'' ဟု ပြောသည်။ ဤသို့ဖြင့် ဂျက်ဖရီအာချာသည် သူဌေးပေါက်စ ဘဝမှ ဆင်းရဲသားဘဝသို့ နေ့ချင်းညချင်း ရောက်ခဲ့ရသည်။ ထိုအကျိုးဆက်ကြောင့် နောက်နှစ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရပ်နားလိုက်ရသည်။
<ref name="ကမ္ဘာရန်"/>