မော်လဒိုက်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄၉ -
 
မော်လဒိုက်ကျွန်းနိုင်ငံသည် ဘီစီအီး လေးရာစုကတည်းကပင် [[အိန္ဒိယ]]တိုက်ငယ်နှင့် သမိုင်းကြောင်းအရ၊ ယဉ်ကျေးမှုအရ ကူးလူးဆက်ဆံမှု ရှိပြီး ဖြစ်သည်။ မော်လဒိုက်ကျွန်းဆွယ်သည် ၁၂ ရာစုတွင် အစ္စလာမ် ဘာသာ သွတ်သွင်းခြင်း ခံရပြီး ဆူလတန်များ အုပ်ချုပ်သည်။ [[အာရှ]]နှင့် [[အာဖရိက]]တို့နှင့် ကူးသန်းရောင်းဝယ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းတို့၌ ဖွံ့ဖြိုးခဲ့သည်။ ၁၆ ရာစုအလယ်ပိုင်းမှ စ၍၊ [[ဥရောပ]] ကိုလိုနီပြု နိုင်ငံများ၏ လွှမ်းမိုးမှုကို ခံရပြီး၊ ၁၈၈၇ တွင် ဗြိတိသျှ ကိုလိုနီ လက်အောက်ခံ နိုင်ငံ ဖြစ်လာသည်။ ၁၉၆၅ တွင် ဗြိတိန်က လွတ်လပ်ရေး ပေးပြီး သမ္မတ ရွေးကောက်ကာ သမ္မတနိုင်ငံ ထူထောင်သည်။ နောင်ဆယ်စုနှစ်များစွာတွင် နိုင်ငံရေး မတည်ငြိမ်ခြင်း၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရန် ကြိုးပမ်းနေကြခြင်းနှင့် [[ရာသီဥတုပြောင်းလဲခြင်း]]ကြောင့် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရခြင်းတို့ကြောင့် လူသိများလာသည်။
 
မော်လဒိုက်သည် တောင်အာရှနိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အသင်း (South Asian Association for Regional Cooperation - SAARC) တို့၏ အဖွဲ့ဝင်နိုင်ငံဖြစ်သည်။ [[ကုလသမဂ္ဂ]]၊ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Cooperation)နှင့် ဘက်မလိုက် လှုပ်ရှားမှုအဖွဲ့(Non Aligned Movement) တို့တွင်လည်း အဖွဲ့ဝင် ဖြစ်သည်။ ကမ္ဘာ့ဘဏ်က မော်လဒိုက်ကို အလယ်အလတ် ဝင်ငွေ ရရှိသော အထက်တန်း စီးပွားရေး ရှိသည်ဟု သတ်မှတ်သည်။<ref>[http://data.worldbank.org/income-level/UMC Upper middle income] [[World Bank]]. Retrieved 18 September 2015.</ref> ငါးဖမ်းလုပ်ငန်းကို ရှေးယခင်ကတည်းက ကြီးကျယ်စွာ လုပ်ကိုင်လာပြီး၊ ယခုအခါ ခရီးသွားလုပ်ငန်းလည်း လျင်မြန်စွာ တိုးတက်လာသည်။ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်း မြင့်မားသည်ဟု သတ်မှတ်ခံရသော တောင်အာရှ နိုင်ငံ ၂ နိုင်ငံတွင် ပါဝင်ပြီး၊ သီရိလင်္ကာနှင့် အပြိုင် ဖြစ်သည်။<ref name="HDI" /> မော်လဒိုက်သည် ဇူလိုင် ၁၉၈၂ ခုနှစ်ကတည်းက [[ဓနသဟာယနိုင်ငံများအဖွဲ့|ဓနသဟာယ]]အဖွဲ့ဝင် နိုင်ငံ (Commonwealth republic) ဖြစ်ခဲ့သော်လည်း၊ အကျင့်ပျက်ခြစားခြင်းနှင့် [[လူ့အခွင့်အရေး|လူ့အခွင့်အရေး]]နှင့် ပတ်သက်၍ ၎င်း၏ မှတ်တမ်းများကို နိုင်ငံတကာက ဝေဖန်သည့်အခါ ဆန့်ကျင်သည့်အနေဖြင့် အောက်တိုဘာ ၂၀၁၆ တွင် [[ဓနသဟာယနိုင်ငံများအဖွဲ့|ဓနသဟာယ အဖွဲ့]]မှ နှုတ်ထွက်လိုက်သည်။
 
== ကိုးကား ==