နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
Reverted 1 edit by 103.242.98.19 (talk). (TW)
စာကြောင်း ၅၀ -
}}
[[File:State seal of Burma 2008.svg|thumb|alt=Politics and government of Burma.]]
'''နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ''' (အတိုကောက် SPDC သို့မဟုတ် မြန်မာဘာသာဖြင့် န အ ဖ) သည် ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် မြန်မာ စစ်အစိုးရ၏ တရားဝင်အမည်ဖြစ်သည်။ နအဖ သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ကောင်စီ (နဝတ) ( SLORC) ဟု မူလအစက သိရှိထားခဲ့သည်။ နဝတ သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) (BSPP) ၏ အခန်းကဏ္ဍကို အစားထိုးပြောင်းလဲထားပြီး၊ အပေါ်ယံကသာ အဓိကပြောင်းထားခြင်းဖြစ်သည်။ ၁၉၉၇ တွင် နဝတ ကို ဖျက်သိမ်းပြီး၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) (SPDC)အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
 
နအဖ တွင် ဌာနကြီးများနှင့် ဒေသဆိုင်ရာစစ်တိုင်းကြီးများ၏ တပ်မှူးကြီးများ ပါဝင်ကြသည်။ စစ်အာဏာပိုင်အဖွဲ့၏ အဖွဲ့ဝင် ၁၁ ဦးသည် အစိုးရဝန်ကြီးများအဖွဲ့ထက် အာဏာကိုပို၍ သုံးနိုင်ခွင့်ရှိသည်။ စစ်အာဏာပိုင်အဖွဲ့၏ အချို့သောအဖွဲ့ဝင်များသည် ဝန်ကြီးများအဖွဲ့၏ ဝန်ကြီးရာထူးများကိုလည်းယူထားသည်။ အများ၏ထင်မြင်ယူဆချက်တွင် စစ်တိုင်းမှုးများသည် ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသများတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် များများစားစားရရှိခြင်းကို ပျော်ရွှင်နှစ်သက်ကြသည်။ အစိုးရသည်တစ်ပါတီစနစ်ဖြင့် အုပ်ချုပ်သော မဆလ ၏ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်စံနစ်မှ နောက်ဆုတ်ထားသော်လည်း၊ လူ့အခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်များ အများအပြားရှိ နေသည်။ အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို ပစ်ပယ်ထားပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားသည်။