မစ်(ဂ်)-၂၉: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၂၆ -
၁၉၆၀ ခုနစ်နှောင်းပိုင်းတွင် အမေရိကန်လေတပ်သည် F-X ခေါ် ပရိုဂရမ်တစ်ခုကို စတင်ခဲ့ပြီး ယင်းအစီအစဉ်မှ မက်ဒေါ်နယ် ဒေါက်ကလက် ဖက်-၁၅ လင်းယုန်ကို ၁၉၆၉ ခုနှစ်နောက်ပိုင်း ထုတ်လုပ်နိုင်ရန် အမှာစာ ပေးပို့ခံရသည်အထိ ဦးဆောင်နိုင်ခဲ့သည်။ စစ်အေးတိုက်ပွဲ၏ အပြင်းထန်ဆုံး အချိန်လည်း ဖြစ်သည့်အလျောက် ဆိုဗီယက်ပြည်ထောင်စုသည် ယင်းတို့၏ လက်ရှိတိုက်လေယာဉ်များ ထက် အလွန်အဆင့်မြင့်လွန်းသည့် နည်းပညာများအသုံးပြုကာအသာစီးရနေသည့် အမေရိကန် တိုက်လေယာဉ်များအား ယှဉ်ပြိုင်နိုင်ရန်အတွက် ဆိုဗီယက်၏ တုံ့ပြန်မှုတစ်ခုလိုအပ်လာလေသည်။ ဤသို့ဖြင့် အဆင့်မြင့် တိုက်လေယာဉ်အသစ်တစ်စင်း တိုးတက်လာရေးသည် အဓိကဖြစ်လာခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဆိုဗီယက် ဗိုလ်ချုပ်ကြီးများသည် Perspektivnyy Frontovoy Istrebitel (PFI)(အဓိပ္ပာယ်-အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ်) လိုအပ်ချက်ကို တင်ပြလာကြသည်။ အချက်အလက်များမှာ အလွန်ကြီးကျယ်လွန်းပြီး အဝေးဆုံးရောက်ရှိနိုင်ရေး၊ ပြေးလမ်းတိုကွင်းများတွင် ဆင်းတက်ပြုလုပ်နိုင်စွမ်း(ကြမ်းတမ်းသော ပြေးလမ်းများတွင်ပင် ဆင်းတက်နိုင်ရေးအပါအဝင်)၊ အထူးပေါ့ပါးမြန်ဆန်ခြင်း၊ အသံထက် ၂ ဆမြန်သော အလျှင်နှင့် ကြီးမားလေးလံသော စစ်လက်နက်များ တပ်ဆင်နိုင်ရေးများပါဝင်သည်။ ရုရှားလေကြောင်းပညာတက္ကသိုလ်တစ်ခုဖြစ်သော TsAGI သည် ထိုသို့သောလေယာဉ်ဖြစ်ပေါ်လာရေးအတွက် ဆူခွိုင်း ဒီဇိုင်းဗျူရိုနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။
 
မည်သို့ပင် ဖြစ်စေ၊ ၁၉၇၁ ခုနှစ်တွင် ဆိုဗီယက်လေ့လာသူများ ဆုံးဖြတ်ချက် ချလိုက်သည်ကား မတူထူးခြားသည် တိုက်လေယာဉ်များ လိုအပ်သည် ဆိုသည်သာဖြစ်သည်။ PFI (အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ်) အစီအစဉ်အား LPFI(အဆင့်မြင့် ဗျူဟာမြောက် အပေါ့စားတိုက်လေယာဉ်) စီမံကိန်းက ထောက်ခံပေးပြီးနောက် ဆိုဗီယက် တိုက်ခိုက်ရေးအဖြွ့သည် အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ် ၃၃ % နှင့် (အဆင့်မြင့် ဗျူဟာမြောက် အပေါ့စားတိုက်လေယာဉ် ၆၇ % ပါဝင်သည် အစီအစဉ်ကို အတည်ပြုခဲ့သည်။ PFIနှင့် LPFIတို့သည် အမေရိကန်လေတပ်၏ အပေါ့စားတိုက်ခိုက်ရေးလေယာဉ် တီထွင်ဖန်တီးရေ အစီစဉ်များနှင့် General Dynamics F-16 Fighting Falcon and Northrop YF-17 အစီအစဉ်တို့အား န်ှိုင်းယှဉ်ခဲ့ကြသည်။ PFI PFI (အဆင့်မြင့် ရှေ့တန်းတိုက်လေယာဉ်) ဖြစ်မြောက်ရေးအတွက် ဆူခွိုင်း ကုပ္မဏီအားကုမ္ပဏီအား တာဝန်ယူစေပြီး ရလာဒ်အနေဖြင့် ဆူခွိုင်း Su-27 အားတီတွင်နိုင်ခဲ့သည်။ LPFI (အဆင့်မြင့် ဗျူဟာမြောက် အပေါ့စားတိုက်လေယာဉ်) ဖြစ်မြောက်ရေးအတွက် မီခိုရမ် ကုပ္မဏီအားကုမ္ပဏီအား တာဝန်ယူစေခဲ့သည်။ ထို့နောက် Mikoyan Product 9 အား အသေးစိတ် ဒီဇိုင်း ရေးဆွဲစေပြီး မစ်-29အေ(Mig-29A) ကို ၁၉၇၄ ခုနှစ်တွင် စတင်ပြုလုပ်စေပြီး ပထမဆုံးသော အစမ်းပျံသန်းမှုကို ၁၉၇၇ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် စတင်ခဲ့သည်။ ထိုနှစ် နိုဝင်ဘာလအတွင်းတွင် အမေရိကန်ထောက်လှမ်းရေး ဂြိုလ်တိုမှတစ်ဆင့် ထုတ်လုပ်အရေးအကြိုလေယာဉ်အား အစက်ပြထောက်လှမ်းတွေ့ရှိခဲ့သည်။ ရမ်စကိုရီမြို့ (Ramenskoye) ၏ Zhukovsky လေယာဉ်အစမ်းလေ့ကျင်ရေးဗဟိုဌာနတွင် ရှာဖွေ ထောက်လှမ်းရမိသည့် ထိုအရာအား ရမ်-အယ် အဖြစ်အမည်ပေးခဲ့သည်။
[[File:Soviet MiG-29 DF-ST-99-04977.JPG|thumb|left|၁၉၈၉၊ အက်ဘော့စ်ဖို့ဒ်လေကြောင်းပြပွဲတွင် ရပ်တန့်ထားသော မစ်-၂၉ လေယာဉ်အားတွေ့ရပုံMiG-29 ]]
 
Mig-29 သည် ၁၉၈၀ ခုနှစ်အလယ်ပိုင်းအတွင်း ဆိုဗီယက်လေတပ်၏ ရှေ့တန်း တာဝန်ထမ်းဆောင်ရန်အတွက်ရွေးချယ်ခံရခြင်းဖြင့် TPFI နှင့် LPFI နှစ်ခုကြားရှိ အလုပ်တာဝန်ကို ခွဲဝေစေသည်။ အကွာအဝေးပိုမိုသွားနိုင်ပြီး ကြီးမားသည့် Su-27 များအား နေတိုးတို့၏ ဈေးကြီးလှသော ပစ်မှတ်များအား သိမ်းကြုံးဖြိုလဲရန်သိမ်းကျုံးဖြိုလဲရန် အလွန်လေးနက်၊ ဆန်းကျယ်ပြီး အန္တရာယ်များလှသော ဝေဟင်စီးချင်းထိုး တိုက်ခိုက်ရေးလုပ်ငန်းများတွင် အသုံးပြုနေချိန် သေးငယ်သော Mig-29 များကို ရှေ့တန်းလေကြောင်းအရေးသာမှု အတွက် Mig-23 နေရာများတွင် တိုက်ရိုက်အစားထိုးခဲ့သည်။ဆိုဗီယက် စစ်ဗျူဟာရေးဆွဲသူများသည် ထိခိုက်ပျက်စီးမှုများ သို့မဟုတ် လျှင်မြန်ပြီး အဆင့်မြင့်သံချပ်ကာယာဉ်များ နှင့် ထိတွေ့ရာတွင်လည်းကောင်း၊ ပျက်စီးနေသော သို့မဟုတ် မပြင်ဆင်ထားသော လေယာဉ်ကွင်းများတွင် ဆင်းတက်နိုင်ရန် ကြမ်းတမ်းသည့်မြေပြင်များတွင် ဆင်းသက်နိုင်သော ဂီယာများနှင့် အကာအကွယ်ပါဝင်သော လေဝင်ပေါက်များကိုထည့်သွင်းတည်ဆောက်ထားသည်။
 
===ဈေးကွက်ဝင်လာခြင်းနှင့် အဆင့်မြှင့်တင်မှုများ===