သေနတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁၁ -
အာကွီဗတ်သေနတ်ကို တစ်ဆင့်တက်လိုက်သောအခါ စနက်မောင်းသေနတ် ဖြစ်လာပါသည်။ ထိုသေနတ်မျိုးတွင် သေနတ်ပြောင်းနောက်နား၌ စနက်မောင်းတစ်ခု တပ်ဆင်ထားပါသည်။ မီးရှို့မည့်အစား ခလုတ်ကိုဆွဲလိုက်ပါက စနက်မောင်းသည် စနက်ပေါက်တွင် လာရောက်ရိုက်သဖြင့် မီးပွင့်ပြီး သေနတ်ကျည်ဆန် ထွက်သွားပါသည်။ သို့သော် ဤသေနတ်မျိုးမှာ မိုးရွာလျှင် မီးမကူးသောကြောင့် ကျည်မထွက် ဖြစ်တတ်ပြန်ပါသည်။ ၁၅၄၀-ပြည့်လောက်တွင် စပိန်လူမျိုးတို့သည် စနက်မောင်းသေနတ်ထက် ကောင်းသော မတ်စကတ် (Musket) သေနတ်ကို တီထွင်ခဲ့ပြန်ပါသည်။ မတ်စကတ် သေနတ်တွင် ဒတ်ချ်တို့သည် ခဲကျည်လုံးကို အသုံးပြုထားပါသည်။ ပြောင်းဝလည်း ပိုရှည်ပါသည်။ ကျည်လုံးကို ယမ်းဆောင့်တံနှင့် ပြောင်းဝမှ ထိုးထည့်ပေးရပါသည်။ သို့မှသာ ယမ်းနှင့် ကျည်လုံးတို့ ထိနေမည်ဖြစ်ပါသည်။ ထိုအချိန်တွင် စနက်မောင်းဖြုတ်လိုက်ပါက ယမ်းပေါက်ကွဲပြီး ကျည်ထွက်သွားမည်ဖြစ်ပါသည်။
 
ဒတ်ချ်တို့သည် ၁၇-ရာစုတိုင်အောင် ဤမတ်စကတ်သေနတ်ကို အသုံးပြု၍ နယ်ချဲ့ခဲ့ကြပါသည်။ ခရစ် ၁၆၀၃-တွင် ပေါ်တူဂီလူမျိုး ငဇင်ကာသည်[[ငဇင်ကာ]]သည် မြန်မာနိုင်ငံသို့ ကျူးကျော်လာစဉ်က ဤသေနတ်မျိုးကို အသုံးပြုခဲ့ခြင်း ဖြစ်ပါသည်။ ၁၇-ရာစုမှ ၁၉-ရာစုတွင် မီးခတ်သေနတ်တမျိုး ပေါ်လာပြန်ပါသည်။ ယင်းမီခတ်သေနတ်သည် ပေါက်ကွဲအား ပိုမိုကောင်းမွန်သည့်အတွက် မတ်စကတ်အစား အသုံးများလာပြန်ပါသည်။ ပြင်သစ်တော်လှန်ရေးနှင့် နပိုလီယန် စစ်ပွဲများတွင် အဆိုပါ မီးခတ်သေနတ်ကို အသုံးပြုခဲ့ကြပါသည်။
 
ယနေ့ခေတ် အသုံးပြုနေကြသော ပစ္စတိုခေါ် ပြောင်းတိုသေနတ်မျိုးကို စတင်တီထွင်ခဲ့သူမှာ ဆင်မြူရယ်ကော့ (Saumel) အမည်ရှိ အမေရိကန်လူမျိုး သင်္ဘောသားတဦးပင် ဖြစ်ပါသည်။ ကော့တ်သည် ၁၈၃၀-တွင် သင်္ဘောသားအဖြစ် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ရပါသည်။ ထိုခရီးစဉ်တွင် ကော့တ်သည် သင်္ဘော၌ တပ်ဆင်ထားသော ရေယက်ဘီးကို ကြည့်မိရာမှ သေနတ်တွင် ဆုံလည်တပ်ဆင်လိုက်လျှင် ကျည်ဆံများများကို တချိန်တည်း ပစ်နိုင်မည်ဟု တွေးမိပါသည်။ ကော့တ်သည် သူ့အတွေးကို အကောင်အထည်ဖော်ရန် ကြိုးပမ်းခဲ့ရာ ၁၈၃၆-တွင် မူပိုင်အဖြစ် မှတ်ပုံတင်နိုင်ပြီး ပစ္စတိုသေနတ်၏ ဖခင်ကြီးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါသည်။ ကော့တ်ပြုလုပ်သော သေနတ်များကို ၁၈၃၇-မှစ၍ အမေရိကန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ကြပါသည်။