အနော်ရထာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Reverted edits by 37.111.13.6 (talk) to last revision by Phyo WP
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၃၃ -
 
== တိုင်းပြည်အတွက် ကြိုးပမ်းပုံ ==
အနော်ရထာမင်း နန်းတက်သောအခါ ပုဂံပြည် ဠသဇာသြဇာ ပြန့်နှံ့ရာအရပ်မှာ ယခု [[မန္တလေး]]၊ [[မိတ္ထီလာမြို့|မိတ္ထီလာ]]၊ [[မြင်းခြံ]]၊ [[ကျောက်ဆည်]]၊ [[ရမည်းသင်း]]၊ [[မကွေး]]၊ [[စစ်ကိုင်း]]၊ [[ကသာ]]၊ [[ပခုက္ကူ]]၊ [[မင်းဘူး]]တဝိုက်မျှသာ ကျယ်ဝန်းဟန် တူသည်။
 
အနော်ရထာမင်းကြီးသည် နန်းတက်သည်နှင့် တပြိုင်နက် နိုင်ငံစီးပွားရေးနှင့် စစ်အင်အားကို စည်းရုံးခဲ့သည်။ စီးပွားရေးအင်အား တောင့်တင်းရန်အတွက် ကျောက်ဆည်နယ်၌ တူးမြောင်းများကို စံနစ်တကျစနစ်တကျ ဆည်ဖို့စေလျက် [[မြစ်ငယ်မြစ်]]၊ [[ပန်းလောင်မြစ်]]နှင့် [[စမုန်မြစ်]]တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါးကောက်ပဲသီးနှံ အများအပြား ထွက်အောင် စီမံခန့်ခွဲခဲ့သည်။ ဤသို့ လယ်ယာစိုက်ပျိုးမှုကို ကောင်းစွာ အားပေးပြုစုသဖြင့် ကျောက်ဆည်နယ်သည် ပုဂံပြည်၏ စားရေရိက္ခာ သိုမှီးရာ စပါးကျီသဖွယ် ဖြစ်လာလေသည်။
 
စားရေရိက္ခာ လုံလောက်ပေါများ လာသောအခါ အနော်ရထာမင်းသည် စစ်သည်ရဲမက်တို့ကို အရေးပေါ်လျှင် ပေါ်သည့်အားလျော်စွာ စုရုံး ဖွဲ့စည်းနိုင်ခဲ့သည်။ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူရဲကောင်းများကိုလည်း မြတ်နိုးစွာ မြှောက်စားချီးမြှင့်ခဲ့၏။ ထို့ကြောင့်လည်း အမတ်သူရဲကောင်းများ ပေါများလေသည်။ အမတ်သူရဲကောင်းများအနက် သားတော်[[ကျန်စစ်သား]]သည် အမြော်အမြင်နှင့်ပြည့်စုံ၍ လက်ရုံးတဆူ အားကိုးရသော မင်းသားဖြစ်သည်။ ကျန်အမတ် သူရဲကောင်းများမှာ [[ငထွေရူး]]၊ [[ငလုံးလက်ဖယ်]]၊ [[ညောင်ဦးဖီး]]၊ [[ဗျတ္တ]]နှင့် [[ရွှေဖျဉ်းညီနောင်]] စသည်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံကြီးကို စည်းရုံး ဖွဲ့နှောင်လျက် ပြုစုပျိုးထောင်ရာ၌ ဤသူရဲကောင်းများသည် ကြီးစွာသော အကူအညီပေးခဲ့သည်။