သီလ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊နှုတ်၊စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ [[ထေရဝါဒ]] [[ဗုဒ္ဓဘာသာ]] တရားတော်အရ သီလကို [[ငါးပါးသီလ]]၊ [[ရှစ်ပါးသီလ]]၊ [[ဆယ်ပါးသီလ]] စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားပါသည်။ [[ငါးပါးသီလ]] စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့်သီလအမျိုးအစားဖြစ်သည်။ [[ရှစ်ပါးသီလ]] မှာမူ လူပုဂ္ဂိုလ်များအတွက် [[လဆန်း]] (၈)ရက်၊ [[လဆုပ်]] (၈)ရက်၊ [[လပြည့်]]၊ [[လကွယ်]] စသော [[အခါကြီးရက်ကြီး]] [[ဥပုသ်နေ့]]များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်ပါသည်။ နောက်ထပ် အင်္ဂါရှစ်ပါးပါဝင်သော [[အာဇီဝဋ္ဌမကသီလ]]ဆိုသော သီလတစ်မျိုးကိုမူ သိသူနည်းကြသည်။ [[ဆယ်ပါးသီလ]]မှာမူ [[ရှင်သာမဏေ]] (ကိုရင်) များစောင့်ထိန်းကြရသည့် သီလဖြစ်ပါသည်။ ယခုအခါတွင် [[မြန်မာ့ရုပ်မြင်သံကြား]]မှ [[ဥပုသ်နေ့]]နံနက်တိုင်း [[ကိုးပါးသီလ]] ဆောက်တည်နိုင်ရန်အတွက် ဆရာတော် [[သံဃာတော်]] များက သီလပေးခြင်းကို ထုတ်လွှင့်လျှက်ရှိပါသည်။ အထက်ဖော်ပြပါ ငါးပါး၊ ရှစ်ပါး၊ ကိုးပါး၊ ဆယ်ပါး စသောသီလများသည် [[သာမန်လူပုဂ္ဂိုလ်]]များနှင့် [[ရှင်သာမဏေ]]များအတွက်ဖြစ်ပြီး၊ [[ရဟန်းသံဃာ]]များအတွက်မူ ပိုမိုများပြားသော သီလတော်များကို အစဉ်ဆောက်တည်ကြရပါသည်။ သီလကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာ[[သုဂတိ]][[ဘုံဘဝ]]များသို့ ရောက်ရှိခြင်းနှင့် [[ဝိပဿနာဉာဏ်]]၊ [[မဂ်ဉာဏ်]]များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်ပါသည်။ [[ဘုရားလောင်း]]အဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော [[ပါရမီဆယ်ပါး]]တွင်လည်း [[သီလပါရမီ]]သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။
သီလ ပါရမီ = သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။
<br />
"https://my.wikipedia.org/wiki/သီလ" မှ ရယူရန်