ရှင်ဘို့မယ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၇ -
===(၁)ပထမမင်းခေါင်===
ရှင်ဘို့မယ် ၈ နှစ်အရွယ်တွင် အင်းဝပထမမင်းခေါင်( ၇၆၇-၇၈၃ ) က မိဖုရားမြှောက်၍ တောင်ညာတင်သည်။ ၇၆၉ ခုနှစ်တွင် မွန်တို့ပြည်သို့ဘုရင်မင်းခေါင် စစ်ချီရာတွင်
မိဖုရားရှင်ဘို့မယ်နှင့် မိဖုရား ရှင်မိနောက်တို့လည်း ပါသွားသည်။ စားရေးရိက္ခာ မလုံလောက်၍ မြန်မာတပ်များ တပ်ဆုတ်သည်ကို မွန်တို့အပြင်းအထန် လိုက်တိုက်ရာ ရှင်မိနောက်ကို ဆင်နှင့်တကွ မွန်မင်းရာဇာဓိရာဇ် ရလိုက်သည်။ ရှင်ဘို့မယ်မှာမူ ဆင်ထက်မှ လျောကျ၍ ချောင်းနားတွင် ကျန်ခဲ့သည်ကို ဆင်လေးသဖြင့်နောက်မှ ဖြည်းဖြည်းလိုက်လာသူ ဆင်ကဲတွေ့၍ ဆောင်ယူခဲ့ရသည်။ ရှင်ဘို့မယ်နှင့် ဆင်ကဲကို ဘုရင်မင်းခေါင်းဘုရင်မင်းခေါင် ယုံကြည်တော်မမူသဖြင့် ဆင်ကဲအားကွပ်သည်။ဆင်ကဲအား ကွပ်သည်။ နောက်မှ မှား
ကြောင်းသိသည်။ ဆင်ကဲနှင့် ဘို့မယ် အဖြစ်အပျက်ဇာတ်လမ်းကို အလွမ်း အသောကလေးများ ဖြည့်၍ ဇာတ်ကပြကြသဖြင့် လူသိများလေသည်။ ဦးကုလားမဟာရာဇဝင်၌ကား ဘို့မယ်ဟု မဆို၊ မောင်းမငယ် တစ်ဦးဟုသာ ဆိုသည်။
 
===(၂)ဆင်ဖြူရှင် သီဟသူ===
ဘုရင် ပထမမင်းခေါင် နတ်ရွာစံသောအခါ မိဖုရားရှင်မိနောက်တွင် မြင်သော သားတော် ဆင်ဖြူရှင် သီဟသူ (၇၈၃-၇၈၇)နန်းတက်၍ ရှင်ဘို့မယ်အားပင် ဆက်လက်မိဖုရား မြှောက်သည်။ ဆင်ဖြူရှင် သီဟသူတွင် မိဖုရားကြီး စောမင်းလှ ရှိသော်လည်း သီဟသူသည် ရှင်ဘို့မယ်အား သာလွန်စွာ မြတ်နိုးယုယတော်မူသဖြင့် မိဖုရား[[စောမင်းလှ]]သည် နန်းတွင်းမှဆင်း၍၊ ရွှေစေတီအနောက်ဘက်၌ တန်ဆောင်းကြီး ဆောက်နေလေသည်။ ထို့ကြောင့် မိဖုရား စောမင်းလှကို ရာဇဝင်များ၌ '''တန်ဆောင်းရှင် စောမင်းလှ'''ဟု တွင်ခြင်းဖြစ်သည်။ သို့ရာတွင် ၇၈၄ ခုနှစ်တွင် မွန်မင်းသမီး[[ရှင်စောပု]] ရောက်လာသောအခါ၊ သီဟသူသည် ရှင်ဘို့မယ်အား မေ့အလျော့ထား၍ ရှင်စောပု ကိုသာ ယုယတော်မူလှသဖြင့် ရှင်ဘို့မယ်သည် စိတ်နာကာ အုန်းဘောင်လယ်သံဘွားထံသို့ စေသည်။ သီဟသူသည် အောင်ပင်လယ် အရပ်၌ ကိုယ်လုပ်၊ မောင်းမနှင့် ပျော်ပါးနေခိုက် လုပ်ကြံပြီးလျှင် အင်းဝရွှေနန်းကို တက်၍ မင်းပြုပါမည်ဟု မှာသည့်အတိုင်း အုန်းဘောင်လယ်သံဘွား အလုံးအရင်းနှင့် ချီလာကာ ဆင်နှင့်တိုက်သည်။ သီဟသူလည်း ရဲခက်စံလှဟူသော ဆင်ကိုစီး၍ ခံတော်မူသည်တွင် မခံနိုင်ချေ၍၊ ဆင်တော် ညွံသို့ကျလျှင် ကိုယ်တော်ကိုလည်း မြား ၃ ချက်သင့်လေသည်။ ဆင်ဖြူရှင် ကံကုန်လျှင်