စောမွန်နစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
ပုဂံမင်းဆက်၏ နောက်ဆုံးဘုရင်ဖြစ်သူ စောမွန်နစ်သည် ဖခင်စောနစ်၏ဖခင်[[စောနစ်|စောနစ်]]၏ အရိုက်အရာကို ဆက်ခံ၍ ခရစ်နှစ် (၁၃၂၅)နန်းတက်သည်။ ဘွဲ့အမည်မှာ '''သီရိတြိဘဝနာဒိတျာ သုဓမ္မရာဇာ''' ဖြစ်ပြီး အချို့ကျောက်စာများတွင် '''အစောနုထာမင်းကြီး''' ဟုဖော်ပြသည်ကိုတွေ့ရသည်။ထိုအချိန်တွင် ပုဂံဩဇာမှာ နေဝင်ချိန်ရောက်နေပြီဖြစ်ပြီး [[ပင်းယ]]နှင့် [[စစ်ကိုင်း]]မြို့များတွင် [[တစ်စီးရှင်သီဟသူ|သီဟသူ]]အဆက်အနွယ်များက အပြိုင်အဆိုင်ထီးပြိုင်ပြုနေချိန်ဖြစ်သည်။ နန်းသက်နောက်ဆုံးကာလများတွင်လည်း [[သတိုးမင်းဖျား]]က [[အင်းဝ]]မြို့တည်၍ [[အင်းဝခေတ်]]ကို တည်ထောင်သည်ကို ထောက်ခြင်းအားဖြင့် ပုဂံမင်း စောမွန်နစ်၏ အနေအထားကို မှန်းဆနိုင်သည်။ စောမွန်နစ် ကွယ်လွန်ချိန်တွင် အင်းဝတွင် မင်းကြီး[[စွာစော်ကဲ]] ပင် နန်းတက်နေပြီဖြစ်သည်။
 
{{ပုဂံခေတ်}}