ဂဠုန်ဦးစော: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၅၇ -
၁၉၃၇ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင်တို့က အိန္ဒယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဒေဝီတို့အား ဧည့်ခံဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဩဇာကြီးမား လာသည်နှင့်အမျှ သတင်းစာ၏ မူဝါဒကို ၎င်းစိတ်ကြိုက် ပြောင်းလဲခဲ့သည်။
 
၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ်ဆောင်ရွက်သည်။ ၁၉၃၆ ခု ဒုတိယ ကျောင်းသား သပိတ်ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၈၃၁၉၃၈ ခု၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ်ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) နေအိမ်တွင်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟင်္သာတဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ်ပါဝင်သည်။
 
၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်း အစိုးရအား အယုံအကြည်မရှိအဆို ထပ်မံတင်သွင်းရာ (၇၀) မဲ၊ (၃၇) မဲဖြင့် အနိုင်ရသည်။ ၁၉၃၉ ခု၊ မေလ (၃၀) ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၌ ဦးစောသည် လယ်ယာနှင့် သစ်တောရေးရာ ဝန်ကြီးဖြစ်လာသည်။ ၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် နန်းရင်းဝန် ရွှေကျင်ဦးပုအား အယုံအကြည်မရှိ အဆို ထပ်မံတင်သွင်းပြီး ရာထူးမှ ဖြုတ်ချကာ ဦးစောကိုယ်တိုင် နန်းရင်းဝန်အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်စဉ်က ဦးစောသည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန် ဥပဒေတစ်ခု ပြဌာန်းခဲ့သည်။ ယင်းဥပဒေမှာ “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဥပဒေ”ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)မြန်မာနိုင်ငံသို့ လာရောက်သောအခါ ဦးစောသည် ဗိုလ်မှူးကြီး စူဇူကီးအား ခေါ်ယူတွေ့ဆုံကာ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ထံမှ အကူအညီများ လိုချင်ကြောင်း ပြောကြားခဲ့သည်။