ပဋိစ္စသမုပ္ပါဒ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဥ် +ဉ်)
အနက်အကျဥ်းထပ်ဖြည့်ပါသည်။
စာကြောင်း ၁၀ -
 
ဧဝ မေတဿ ကေဝလဿ ဒုက္ခက္ခန္ဓဿ သမုဒယော ဟောတိ။
 
===ပဋိစ္စသမုပ္ပါဒ် အနက် အဓိပ္ပာယ်အကျဥ်း===
အဝိဇ္ဇာပစ္စယာ သင်္ခါရာ - အဝိဇ္ဇာ - သစ္စာလေးပါးကို မသိမှုကြောင့် သင်္ခါရ စိတ်ပါလက်ပါ ပြုလုပ်မှု ဖြစ်လာသည်။
 
သင်္ခါရပစ္စယာ ဝိညာဏံ - သင်္ခါရ စေတနာပါပါပြုလုပ်မှုကြောင့် ဝိညာဏ် - သိမှု ဖြစ်လာသည်။
 
ဝိညာဏပစ္စယာ နာမရူပံ - ဝိညာဏ် သိမှုကြောင့် နာမရူပ - ရုပ်နာမ် ခန္ဓာငါးပါးဖြစ်ပေါ်လာသည်။
 
နာမရူပ ပစ္စယာ သဠာယတနံ - ရုပ်နာမ်ခန္ဓာငါးပါး၌ သဠာယတန- အာရုံ ၆ပါးတို့ တည်ရာ ဖြစ်ပေါ်လာသည်။
 
သဠာယတနပစ္စယာ ဖဿော - အာရုံ ၆ပါးတည်ရာ၌ ဖဿ- အာရုံတို့ထိတွေ့မှု ဖြစ်လာသည်။
 
ဖဿပစ္စယာ ဝေဒနာ - အာရုံတို့ ထိတွေ့ရာမှ ဝေဒနာ ခံစားမှုတို့ ဖြစ်လာသည်။
 
ဝေဒနာ ပစ္စယာ တဏှာ - ဝေဒနာ ခံစားရာမှ တဏှာ တပ်မက်မှုတို့ ဖြစ်လာသည်။
 
တဏှာပစ္စယာ ဥပါဒါနံ - တဏှာ တပ်မက်ရာမှ ဥပါဒါန် ပြင်းထန်စွာ စွဲလမ်းမှု ဖြစ်လာသည်။
 
ဥပါဒါနပစ္စယာ ဘဝေါ - ပြင်းစွာ စွဲလမ်းရာမှ ဘဝ - ဖြစ်တည်မှု ဖြစ်လာသည်။
 
ဘဝပစ္စယာ ဇာတိ - ဘဝ ဖြစ်တည်မှုမှ ဇာတိ - ပဋိသန္ဓေ ဖွားမြင်မှု ဖြစ်လာသည်။
 
ဇာတိပစ္စယာ ဇရာမရဏံ၊သောက ပရိဒေဝ ဒုက္ခ ဒေါမနဿုပါယာသာ - မွေးဖွားမှုမှ အိုမင်းမှု၊ သေဆုံးမှု၊ စိုးရိမ်ပူပန်ရမှု စသည့် ဒုက္ခများ ဖြစ်ပေါ်လာသည်။
 
 
=== [[ဝိမလ၊ ဦး (မိုးကုတ်ဆရာတော်ဘုရားကြီး)|မိုးကုတ်ဆရာတော်]]ဘုရားကြီး၏ လင်္ကာဆောင်ပုဒ် ===