ဘူလ်ဂေးရီးယားနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၁ -
ပထမကမ္ဘာစစ် ပြီးသည်မှစ၍ ဘူလ်ဂေးရီးယားနိုင်ငံတွင် နိုင်ငံရေး လှုပ်ရှားမှုများ ဖြစ်ပေါ်လာသည်။ မက်ဆီဒိုးနီးယားနှင့် ဒိုးဗရူးနယ်များကို ပြန်ရရန် လုံးပမ်းကြပြန်သည်။ ၁၉၁၄ ခုနှစ်တွင် အာဏာရှင်စနစ် ထွန်းကားလာပြန်သည်။ ၁၉၃၅ ခုနှစ် ဧပြီလတွင် တတိယ ဗောရစ်ဘုရင်သည် အစိုးရကို ကိုယ်တိုင်ဦးစီး၍ အာဏာရှင်အဖြစ် အုပ်ချုပ်သည်။
၁၉၄၀ ပြည့်နှစ် စက်တင်ဘာလတွင် ဟစ်တလာ၏ အဓမ္မတောင်းဆိုချက်ကြောင့် ရူမေးနီးယန်းတို့က ဘူလ်ဂေးရီးယန်းတို့အား ဒိုးဗရူးဂျ တောင်ပိုင်းကို ပေးအပ်လိုက်ရသည်။ ၁၉၄၁ ခုနှစ်တွင် ဂျာမနီက ယူဂိုဆလားဗီးယားနိုင်ငံအား စစ်ကြေညာသောအခါ၊ ဘူလ်ဂေ:ရီးယားနိုင်ငံသည် [[ဂျာမနီနိုင်ငံ]]ဖက်မှ ဝင်ရောက်တိုက်ခိုက်သည်။ ဂျာမန်တို့ စစ်နိုင်လာသည့်အခါ ဘူလ်ဂေ:ရီးယားနိုင်ငံသည် မက်ဆီဒိုးနီးယားနှင့် အရှေ့နယ်များကို ဆုအဖြစ် ရရှိသည်။ ၁၉၄၃ ခုနှစ်တွင် ဘောရစ်ဘုရင် နတ်ရွာစံ၍ သားတော် ဆီမီယွန် နန်းတက်သည်။ ၁၉၄၄ ခုနှစ် စက်တင်ဘာလတွင် ရုရှတို့က ဘူလ်ဂေ:ရီးယားနိုင်ငံအား စစ်ကြေညာခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ပြီးသောအခါ ဘူလ်ဂေးရီးယားနိုင်ငံကို ရုရှတို့က ချုပ်ကိုင်ထားရာမှ နောင်အခါ ဘူလ်ဂေးရီးယားနိုင်ငံသည် ကွန်မြူနစ်နိုင်ငံဖြစ်လာသည်။ ၁၉၄၆ ခုနှစ်တွင် ဆီမီယွန်ဘုရင်ကို နန်းချ၍၊ ဘူလ်ဂေးရီးယား ပြည်သူ့သမ္မတနိုင်ငံ အဖြစ် ထူထောင်လိုက်သည်။[[File:68thSFB Paratroopers.jpg|thumb|left|150px|<small>ဘူဂေးရီးယန်း လေထီးစစ်သားများ စစ်ရေးလေ့ကျင့်နေစဉ်</small>]]
 
== ထင်ရှားသော နေရာများ ==
ဘူလ်ဂေးရီးယားနိုင်ငံ၏ မြို့တော်သည် [[ဆိုဖီယာမြို့]] ဖြစ်သည်။ အခြားထင်ရှားသော မြို့ကြီးများမှာ ပလော့ဒစ်၊ ဗာနာ၊ ရုစ၊ ဗားဂတ် စသည့်မြို့များ ဖြစ်သည်။ ဗားဂတ်နှင့် [[ဗာနာမြို့]]ကြီး ၂ မြို့သည် ပင်လယ်နက်ပေါ်ရှိ ထင်ရှားသော သင်္ဘောဆိပ်မြို့ကြီးများ ဖြစ်သည်။