တူးမြောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး added Category:တူးမြောင်း using HotCat
No edit summary
စာကြောင်း ၂ -
 
တူးမြောင်းသည် များသောအားဖြင့် [[လူ]]တို့ ဖောက်လုပ်ထားပြီး ရေစီးသွားရန် ပြုလုပ်ထားသည်။ ၁၈ ရာစုနှင့် ၁၉ ရာစုများတွင် လေးလံသော [[ဝန်စည်စလယ်]]များ သယ်ဆောင်ရန် တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြသည်။ တူးမြောင်းများသည် [[ရေကန်]]များ နှင့် [[မြစ်]]များ သို့မဟုတ် [[ပင်လယ်]]၊ [[သမုဒ္ဒရာ]]များ နှင့် ဆက်စပ်နေသည်။ တချို့ တူးမြောင်းများမှာ [[လှေ]]များဖြတ်သန်းနိုင်ကြသည်။ တချို့ မှာ [[စိုက်ပျိုးရေး]]အတွက် သာ ဖြစ်သည်။ ကျော်ကြားသော [[ပနားမား တူးမြောင်း]] သည် [[အတ္တလန်တစ် သမုဒ္ဒရာ]] နှင့် [[ပစိဖိတ် သမုဒ္ဒရာ]] နှစ်ခု ကို ဆက်သွယ်ထားသည်။ မြောင်းထိန်းနံရံ များကို [[ရွှံ့စေး]]များ သို့ [[ကွန်ကရစ်]] များဖြင့် ဆောက်လုပ်ထားလေ့ရှိသည်။
 
တူးမြောင်းကို လယ်ယာစိုက်ပျိုးရေးအတွက် ရေထုတ်ခြင်း၊ ရေသွင်းခြင်းအလို့ငှာသော်လည်းကောင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်သော်လည်းကောင်း ဖောက်လုပ်ကြသည်။ ရှေးဦးစွာ၌ တူးမြောင်းများကို လယ်ယာလုပ်ကိုင်ရေး အတွက်သာ ဖောက်လုပ်ခဲ့ကြဟန်တူ၏။ သို့သော် မကြာမီ အဆီးရီးယားနှင့် အီဂျစ်နိုင်ငံများမှာကဲ့သို့ ရေကြောင်းသယ်ယူပို့ဆောင်ရေး၌ ခရီးတွင်ကျယ်စေရန် တူးမြောင်းကို ဖောက်လုပ်လာကြသည်။ ရောမလူမျိုးတို့သည် တူးမြောင်းများကိုဖောက်၍ မာ့စနှင့် ရိုင်းမြစ်များကို ဒန်းညုမြစ်နှင့် ဆက်ပေးခဲ့သည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကြီးဆုံး တူးမြောင်းမှာ တရုတ်နိုင်ငံရှိ ယူဟိုးခေါ် တူးမြောင်းကြီးဖြစ်၍ ထိုတူးမြောင်းကြီးသည် မိုင်ပေါင်း ၁၀၀၀ ကျော် ရှည်လျားသည်။ ဟန်ချိုမြို့နှင့် တီယန်စင်မြို့ကို ဆက်ပေးလေသည်။
ရှေးအထက်ကျော်ကာရီက တူးမြောင်းများကို ဖောက်ခဲ့သော်လည်း၊ ကုန်းမြင့်ခံလျက်ရှိသော ဒေသတို့၌ ထိုကုန်းမြင့်များကို လှေသဗ္ဗန်တို့ကျော်လွှားသွားနိုင်အောင် ကြံဆောင်နိုင်ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် တူးမြောင်းများသည် အရာရောက်သင့်သလောက် မရောက်ခဲ့ကြပေ။ သို့သော် ရေတံခါးကို ကြံစည်တီထွင်လာသည့်အခါ တူးမြောင်းဖောက်လုပ်ရေး နည်းနာတို့သည် အကြီးအကျယ် ပြောင်းလဲသွားလေသည်။ ရေတံခါးကို မည်သူက စတင်တီထွင်ခဲ့သည်ကို ကျွန်ုပ်တို့ တပ်အပ်သေချာစွာမသိရချေ။ ဟောလန်နိုင်ငံသည် အီတလီနိုင်ငံထက် ပထဝီအသွင်အကြင်အနေအထားအရ တူးမြောင်းများကို အသုံးပြုရန် အခြေအနေ ပိုကောင်းသည့်အတွက် အီတလီထက် နှစ်ပေါင်း ၁၀၀ခန့်စော၍ ရေတံခါးများကို ဖန်တီးသုံးစွဲခဲ့ကြသည်ဟု အချို့ကယူဆကြသည်။ အချို့ကမူ ၁၄၈၁−၈၇ ခုနှစ်များမှစ၍ အီတလီလူမျိုးများသာလျှင် ရေတံခါးကို ရှေးဦးစွာအသုံးပြုခဲ့ကြသည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ ရေတံခါားသည် ၁၄ ရာစုနှစ်သို့မဟုတ် ၁၅ ရာစုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့၍ ထိုသို့ ပေါ်ပေါက်လာခြင်းကြောင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးမှာ များစွာ တိုးတက်ခဲ့ရပေသည်။
ဥရောပတိုက်တွင် ပထမဆုံးဖောက်လုပ်ခဲ့သော တူးမြောင်းမှာ ပြင်သစ်နိုင်ငံရှိ လန်းဒေါ့ တူးမြောင်းဖြစ်သည်။ ယင်းတူးမြောင်းကို ၁၆၈၁ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့၍ ဗစ္ဏကေးပင်လယ်အော်နှင့် မြေထဲပင်လယ်ကို ဆက်ထားသည်။ အရှည်မှာ ၁၄၈ မိုင်ရှိ၍ ၆ပေခွဲမျှ နက်၏။ ရေတံခါင်းပေါင်း ၁၁၉ခုရှိ၍ ပင်လယ်ရေမျက်နှာပြင်မှ ပေ ၆၂၀ အထိမြင့်သည်။ ထိုတူးမြောင်းကို ဖောက်လုပ်ပြီးနောက် ပြင်သစ်လူမျိုးတို့သည် မိုင်ပေါင်း ၃၀၀၀ ကျော်မျှရှိသော တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံရှိ ထိုတူးမြောင်းများနှင့်တကွ အခြားရေကြောင်းလမ်းများသည် ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ်ပျက်စီးခဲ့ကြသည်။ သို့သော် စစ်ပြီးဆုံးသောအခါ ယင်းတို့ကို ရှေးကထက် ပိုမိုကောင်းမွန်လာအောင် ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ကြသည်။
ဂျာမနိုင်ငံတွင်ကား ကီးတူးမြောင်းသည် အကြီးဆုံးဖြစ်သည်။ ထိုတူးမြောင်းသည် ၆၁မိုင်ခွဲမျှ ရှည်လျား၍ ကမ္ဘာပေါ်တွင် အကြီးဆုံးသော တူးမြောင်းများတွင် အပါအဝင်ဖြစ်သည်။ ၁၈၉၅ ခုတွင် ဖောက်လုပ်ပြီးစီး၍ မြောက်ပင်လယ်နှင့် ဗောလတစ် ပင်လယ်တို့ကို ဆက်စပ်ထားသည်။ ၁၉၀၇−၉ ခုနှစ်များအတွင်း တူးမြောင်းဝ၏အကျယ်ကို ၇၂ ပေမှ ၁၄၄ပေအထိ တိုးချဲ့ခဲ့သည်။ ရေအနက်ကိုလည်းပေ ၃၀မှ ပေ၃၆ပေအထိ တိုး၍ တူးဖော်ခဲ့၏။ ဆောင်းရသီတွင် တူးမြောင်းအတွင်းရှိ ရေသည် ခဲသဖြင့် ရေခဲခွဲသော သင်္ဘောများကို အသုံးပြု၍ ရှင်းလင်းရသည်။ သို့သော် တူးမြောင်းကို ပိတ်ထားခြင်းမရှိဘဲ တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထား၏။ ဖြတ်သန်းသည့် သင်္ဘောများ၏ အသွားနှုန်းကို ရေမိုင် ၈.၁ နှင့် ၅.၄ အထိသာ ခွင့်ပြသည်။ အဝင်အထွက် အလွန်များသောနှစ်တွင် တူးမြောင်းကို အသုံးပြုသော သင်္ဘောပေါင်း ၅၆၀၀၀ မျှရှိသည်။ ပျမ်းမျှခြင်းအားဖြင့် ၂၄ နာရီလျှင် သင်္ဘောပေါင်း ၁၅၀ ကျော်မှ ထိုတူးမြောင်းထဲသို့ ဝင်ထွက်သွားလာကြသည်။ အဆိုပါ ကီးတူးမြောင်းအပြင် ဂျာမနီနိုင်ငံ၌ ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီ နှစ်များအတွင်း အခြားအရေးပါအရာရောက်သော တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြပေးသည်။ယင်းတူးမြောင်းတို့မှာ ဒေါ့တမွန့်−အမ်း−ဗေဇာတူးမြောင်း၊ ဘာလင်−ရှတတ်တင်းတူးမြောင်းနှင့် ဗရွမ်းဗတ် တူးမြောင်းတို့ ဖြစ်သည်။
ဟော်လန်နိုင်ငံရှိ တူးမြောင်းများမှာကား သယ်ယူပို့ဆောင်ရေးအတွက်သာမက ရေသွင်းသော ဆည်များအတွက်လည်း ဖြစ်သည်။ ထိုနိုင်ငံရှိ တူးမြောင်းများမှာ မြေညီတွင် ခပ်ပြေပြေတူးဖောက်ထားခြင်းကြောင့် ကျယ်ဝန်း၍ ရေလည်းနက်၏။ ရေစီးလည်းနှေးသဖြင့် လှေသင်္ဘောများ အသွားအလာအတွက် ခက်ခဲခြင်းမရှိချေ။ အမ္မစတာဒမ် နှင့် အိုင်မွိုင်ဒင်ကို ဆက်သွယ်ထားသော မြောက်ပင်လယ်တူးမြောင်းကို ၁၉၃၇ ခုနှစ်တွင် တိုးချဲဖောက်လုပ်ခဲ့ရာ အင်္ဂလန်ပြည်ရှိ မန်ချက်စတာ သင်္ဘောတူးမြောင်းအနီးပါးမျှ ကြီးကျယ်လာသည်။ ထို့နောက် အမ္မစတာဒမ်နှင့် လက်မြစ်၊ ဝါလမြစ်များကို ဆက်သွယ်ထားသော မာဗေးဒီတူးမြောင်းလည်းရှိသေး၏။ နောက်ဆုံးဖောက်လုပ်သည့် တူးမြောင်းဟု ဆိုရမည်ဖြစ်သော တူးမြောင်းမှာကား အမ္မစတာဒမ်−ရိုင်းတူးမြောင်းပင်ဖြစ်လေသည်။ ထိုတူးမြောင်းကို ၁၉၅၂ ခုနှစ်တွင် ဖွင်လှစ်၍၊ အရှည် ၄၅မိုင် ရှိသည်။ ဗဲလဂျီယမ်နိုင်ငံ၌ ရှေးအကျဆုံး တူးမြောင်းမှာ ၁၈၂၅−၂၇ ခုနှစ်များအတွင်း ဖောက်လုပ်ခဲ့သော ဂင့်−တနာဇင် တူးမြောင်း ဖြစ်သည်။ ဂင့်မြို့နှင့် စကဲမြို့တိုကို တနာဇင်မြို့ဆုံရာ၌ ဆက်သွယ်ထားသောတူးမြောင်းဖြစ်သည်။ ၁၈မိုင်မျှရှည်သော ထိုတူးမြောင်း၏ အလျားတဝက်သည် ဟော်လန်နိုင်ငံ နယ်နိမိတ်အတွင်း၌ ရှိ၍ ကျန်တဝက်မှာကား ဗဲလဂျီယမ် နယ်နိမိတ်အတွင်း၌ ရှိသည်။ ယခုအခါ ထိုတူးမြောင်းကို တိုးချဲ့ဖောက်လုပ်ထားသဖြင့် တူးမြောင်းဝမ်းအကျယ်မှာ ၁၆၄ ပေရှိ၍ ရေအနက် ၂၈ ၂/၃ ပေရှိသည်။ ၁၉၃၉ ခုနှစ်တွင် အလျား မိုင် ၈၀ ရှည်သော အဲလဗတ်တူးမြောင်း ဖွင့်လှစ်ပေးခဲ့သေးသည်။
အင်္ဂလန်ပြည်၏ ရှေးအကျဆုံးတူးမြောင်းမှာ ရောမလူမျိုးများထံမှ အမွေအနှစ်အဖြစ်ရရှိသော ဖော့စဒိုက်တူးမြောင်းပင် ဖြစ်သည်။ ထိုတူးမြောင်းသည် လင်ကွန်းမှ တရင့်မြစ်အထိပေါက်သည်။ ၁၈ရာစုအလယ်ပိုင်းမတိုင်မီက အင်္ဂလန်ပြည်၌ တူးမြောင်းများ မရှိသလောက်ပင် နည်းပါသည်။ ၁၇၄၅ ခုနှစ်တွင် ဗရစ်ဂျဝါးတားမြို့စားသည် ဝါ့စလေမှ မန်ချက်စတာသို့ တူးမြောင်းတစ်ခုကို ဖောက်လုပ်ခဲ့ရာမှ အစပြု၍ တူးမြောင်းဖောက်လုပ်သည့်အလေ့ စတင်ပေါ်ပေါက်လာခဲ့သည်။ မီးရထားများအသုံးပြုသည့်အချိန်အထိ တူးမြောင်းများကို ဆက်လုပ်ဖောက်လုပ်ခဲ့သည်။ ထိုမန်ချက်စတာ တူးမြောင်းသည် အလွန်အသုံးဝင်သော တူးမြောင်းတစ်ခုဖြစ်သည်။ ကုန်ထုတ်လုပ်သည့် မန်ချက်စတာမြို့ကြီးသည် ပင်လယ်မှ ၃၅ မိုင်ဝေးသည်။ သို့သော် ထိုတူးမြောင်း၏ ကျေးဇူးကြောင့် ပင်လယ်ဆိပ်ကမ်းမြို့တမြို့ ဖြစ်လာခဲ့ပေသည်။ အင်္ဂလန်ပြည်တွင် ၁၈၃၀ ပြည့်နှစ်အထိ ဖောက်လုပ်ဲ့သည့်တူးမြောင်းများသည် စုစုပေါင်း မိုင် ၃၀၀၀ ခန့်မျှ ရှည်လျား၍၊ အကြီးဆုံး တူးမြောင်းမှာ မိုင် ၆၀ ရှည်သော ကယ်လဒိုးနီးယန်း တူးမြောင်း(၁၈၂၂)ဖြစ်သည်။ ထိုတူးမြောင်းများကြောင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးသည် အလွန်စရိတ်သက်သာ၍ တစ်နေ့တခြားတိုးတက်လာခဲ့ပေသည်။
အမေရိကန်နိုင်ငံတွင် ပထမဦးဆုံး တူးမြောင်းကို ၁၇၉၂ ခု−၁၇၉၆ ခုနှစ်များအတွင်း မန်ဆက်ချူးဆက်ပြည်နယ် ကွန်နက်တီကတ်မြစ်အတွင်းရှိ ရေမှော်များအနီးတဝိုက်၌ ဖောက်လုပ်ခဲ့ကြသည်။ ထို့နောက် ၁၉ ရာစုနှစ်ဦးမှအစပြု၍ အမေရိကန်၌ တူးမြောင်းဖောက်လုပ်ခြင်း ခေတ်စားလာခဲ့ရာ၊ ၁၈၃၇ ခုနှစ် မီးရထားများကို စတင်အသုံးပြုသည့် အချိန်အထိပင် ဖြစ်လေသည်။ အမေရိကန်နိုင်ငံတွင် အထင်ရှားဆုံးတူးမြောင်းမှာ အီရီအိုင်မှ ဟဒ်ဆင် မြစ်အထိ ဆက်သွယ်ဖောက်လုပ်ထားသော အီရီ တူးမြောင်းဖြစ်၍၊ ၃၆၅ မိုင်ခွဲ ရှည်သည်။ တခါက ဤတူးမြောင်းသည် ကုန်နှင့် လူများကို သယ်ယူပို့ဆောင်ရာ၌ အလွန်အသုံးဝင်ခဲ့သည်။ မကြာသေးမီက ဤတူးမြောင်းကို ဒေါ်လာ ၂၃၁ သန်း အကုန်ခံ၍ ပြင်ဆင်ခဲ့ပြီးနောက် "နယူယော့ပြည်နယ် တူးမြောင်း" ဟု အမည်သစ်ပေးခဲ့၏။ သို့သော် အမေရိကန်နိုင်ငံတွင် တူးမြောင်းခေတ်မှာ တဖြည်းဖြည်းကုန်ဆုံးပြီ ဖြစ်ရကား နယူယော့၊ ပင်ဆီလဗေးနီးယားနှင့် အိုဟိုင်းအို ပြည်နယ်များတွင် တူးမြောင်း မိုင်ပေါင်း ၄၅၀၀ ရှိသည့်အနက် ၁၉၁၁ ခုနှစ်တွင် ၂၄၄၄ မိုင်မျှရှည်သော တူးမြောင်းများသည် ကူးသန်းသွားလာရေးအတွက် အသုံးမဝင်ဖြစ်ခဲ့လေသည်။ ကနေဒါနိုင်ငံ၏ အရေးပါအရာရောက်သော တူးမြောင်းတခုမှာကား ဝဲလင်သင်္ဘော တူးမြောင်းဖြစ်သည်။ ၁၉၃၁−၃၂ ခုနှစ်များတွင် ဖောက်လုပ်ပြီးစီး၍ တူးမြောင်း၏ အရှည်မှာ ၂၇.၅ မိုင်ရှိသည်။ ထိုတူးမြောင်းသည် နိုင်အဂ္ဂရာကျွန်းဆွယ်ကို ဖြတ်ကျော်၍ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ရေအိုင်ကြီးများကို ဆက်သွယ်ထားသောတူးမြောင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသောတူးမြောင်းများတွင်လည်း ပါဝင်သည်။ သို့သော် အမေရိကတိုက်တွင် အရေးပါအရာရောက်ဆုံးတူးမြောင်းမှာ ပနားမားတူးမြောင်းဖြစ်သည်။
 
[[Category:တူးမြောင်း]]