တူးမြောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:USS Bainbridge (CGN-25) underway in the Suez Canal on 27 February 1992.jpg|thumb|စူးအက်တူးမြောင်းထဲမှ အမေရိကန် စစ်သင်္ဘောတစ်စီး ကို တွေ့ရစဉ်]]
 
တူးမြောင်းသည်'''တူးမြောင်း'''သည် များသောအားဖြင့် [[လူ]]တို့ ဖောက်လုပ်ထားပြီး ရေစီးသွားရန် ပြုလုပ်ထားသည်။ ၁၈ ရာစုနှင့် ၁၉ ရာစုများတွင် လေးလံသော [[ဝန်စည်စလယ်]]များ သယ်ဆောင်ရန် တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြသည်။ တူးမြောင်းများသည် [[ရေကန်]]များ နှင့် [[မြစ်]]များ သို့မဟုတ် [[ပင်လယ်]]၊ [[သမုဒ္ဒရာ]]များ နှင့် ဆက်စပ်နေသည်။ တချို့ တူးမြောင်းများမှာ [[လှေ]]များဖြတ်သန်းနိုင်ကြသည်။ တချို့ မှာ [[စိုက်ပျိုးရေး]]အတွက် သာ ဖြစ်သည်။ ကျော်ကြားသော [[ပနားမား တူးမြောင်း]] သည် [[အတ္တလန်တစ် သမုဒ္ဒရာ]] နှင့် [[ပစိဖိတ် သမုဒ္ဒရာ]] နှစ်ခု ကို ဆက်သွယ်ထားသည်။ မြောင်းထိန်းနံရံ များကို [[ရွှံ့စေး]]များ သို့ [[ကွန်ကရစ်]] များဖြင့် ဆောက်လုပ်ထားလေ့ရှိသည်။
 
တူးမြောင်းကို လယ်ယာစိုက်ပျိုးရေးအတွက် ရေထုတ်ခြင်း၊ ရေသွင်းခြင်းအလို့ငှာသော်လည်းကောင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်သော်လည်းကောင်း ဖောက်လုပ်ကြသည်။ ရှေးဦးစွာ၌ တူးမြောင်းများကို လယ်ယာလုပ်ကိုင်ရေး အတွက်သာ ဖောက်လုပ်ခဲ့ကြဟန်တူ၏။ သို့သော် မကြာမီ အဆီးရီးယားနှင့် အီဂျစ်နိုင်ငံများမှာကဲ့သို့ ရေကြောင်းသယ်ယူပို့ဆောင်ရေး၌ ခရီးတွင်ကျယ်စေရန် တူးမြောင်းကို ဖောက်လုပ်လာကြသည်။ ရောမလူမျိုးတို့သည် တူးမြောင်းများကိုဖောက်၍ မာ့စနှင့် ရိုင်းမြစ်များကို ဒန်းညုမြစ်နှင့် ဆက်ပေးခဲ့သည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကြီးဆုံး တူးမြောင်းမှာ တရုတ်နိုင်ငံရှိ ယူဟိုးခေါ် တူးမြောင်းကြီးဖြစ်၍ ထိုတူးမြောင်းကြီးသည် မိုင်ပေါင်း ၁၀၀၀ ကျော် ရှည်လျားသည်။ ဟန်ချိုမြို့နှင့် တီယန်စင်မြို့ကို ဆက်ပေးလေသည်။
စာကြောင်း ၁၀ -
အင်္ဂလန်ပြည်၏ ရှေးအကျဆုံးတူးမြောင်းမှာ ရောမလူမျိုးများထံမှ အမွေအနှစ်အဖြစ်ရရှိသော ဖော့စဒိုက်တူးမြောင်းပင် ဖြစ်သည်။ ထိုတူးမြောင်းသည် လင်ကွန်းမှ တရင့်မြစ်အထိပေါက်သည်။ ၁၈ရာစုအလယ်ပိုင်းမတိုင်မီက အင်္ဂလန်ပြည်၌ တူးမြောင်းများ မရှိသလောက်ပင် နည်းပါသည်။ ၁၇၄၅ ခုနှစ်တွင် ဗရစ်ဂျဝါးတားမြို့စားသည် ဝါ့စလေမှ မန်ချက်စတာသို့ တူးမြောင်းတစ်ခုကို ဖောက်လုပ်ခဲ့ရာမှ အစပြု၍ တူးမြောင်းဖောက်လုပ်သည့်အလေ့ စတင်ပေါ်ပေါက်လာခဲ့သည်။ မီးရထားများအသုံးပြုသည့်အချိန်အထိ တူးမြောင်းများကို ဆက်လုပ်ဖောက်လုပ်ခဲ့သည်။ ထိုမန်ချက်စတာ တူးမြောင်းသည် အလွန်အသုံးဝင်သော တူးမြောင်းတစ်ခုဖြစ်သည်။ ကုန်ထုတ်လုပ်သည့် မန်ချက်စတာမြို့ကြီးသည် ပင်လယ်မှ ၃၅ မိုင်ဝေးသည်။ သို့သော် ထိုတူးမြောင်း၏ ကျေးဇူးကြောင့် ပင်လယ်ဆိပ်ကမ်းမြို့တမြို့ ဖြစ်လာခဲ့ပေသည်။ အင်္ဂလန်ပြည်တွင် ၁၈၃၀ ပြည့်နှစ်အထိ ဖောက်လုပ်ဲ့သည့်တူးမြောင်းများသည် စုစုပေါင်း မိုင် ၃၀၀၀ ခန့်မျှ ရှည်လျား၍၊ အကြီးဆုံး တူးမြောင်းမှာ မိုင် ၆၀ ရှည်သော ကယ်လဒိုးနီးယန်း တူးမြောင်း(၁၈၂၂)ဖြစ်သည်။ ထိုတူးမြောင်းများကြောင့် ပြည်တွင်းသယ်ယူပို့ဆောင်ရေးသည် အလွန်စရိတ်သက်သာ၍ တစ်နေ့တခြားတိုးတက်လာခဲ့ပေသည်။
အမေရိကန်နိုင်ငံတွင် ပထမဦးဆုံး တူးမြောင်းကို ၁၇၉၂ ခု−၁၇၉၆ ခုနှစ်များအတွင်း မန်ဆက်ချူးဆက်ပြည်နယ် ကွန်နက်တီကတ်မြစ်အတွင်းရှိ ရေမှော်များအနီးတဝိုက်၌ ဖောက်လုပ်ခဲ့ကြသည်။ ထို့နောက် ၁၉ ရာစုနှစ်ဦးမှအစပြု၍ အမေရိကန်၌ တူးမြောင်းဖောက်လုပ်ခြင်း ခေတ်စားလာခဲ့ရာ၊ ၁၈၃၇ ခုနှစ် မီးရထားများကို စတင်အသုံးပြုသည့် အချိန်အထိပင် ဖြစ်လေသည်။ အမေရိကန်နိုင်ငံတွင် အထင်ရှားဆုံးတူးမြောင်းမှာ အီရီအိုင်မှ ဟဒ်ဆင် မြစ်အထိ ဆက်သွယ်ဖောက်လုပ်ထားသော အီရီ တူးမြောင်းဖြစ်၍၊ ၃၆၅ မိုင်ခွဲ ရှည်သည်။ တခါက ဤတူးမြောင်းသည် ကုန်နှင့် လူများကို သယ်ယူပို့ဆောင်ရာ၌ အလွန်အသုံးဝင်ခဲ့သည်။ မကြာသေးမီက ဤတူးမြောင်းကို ဒေါ်လာ ၂၃၁ သန်း အကုန်ခံ၍ ပြင်ဆင်ခဲ့ပြီးနောက် "နယူယော့ပြည်နယ် တူးမြောင်း" ဟု အမည်သစ်ပေးခဲ့၏။ သို့သော် အမေရိကန်နိုင်ငံတွင် တူးမြောင်းခေတ်မှာ တဖြည်းဖြည်းကုန်ဆုံးပြီ ဖြစ်ရကား နယူယော့၊ ပင်ဆီလဗေးနီးယားနှင့် အိုဟိုင်းအို ပြည်နယ်များတွင် တူးမြောင်း မိုင်ပေါင်း ၄၅၀၀ ရှိသည့်အနက် ၁၉၁၁ ခုနှစ်တွင် ၂၄၄၄ မိုင်မျှရှည်သော တူးမြောင်းများသည် ကူးသန်းသွားလာရေးအတွက် အသုံးမဝင်ဖြစ်ခဲ့လေသည်။ ကနေဒါနိုင်ငံ၏ အရေးပါအရာရောက်သော တူးမြောင်းတခုမှာကား ဝဲလင်သင်္ဘော တူးမြောင်းဖြစ်သည်။ ၁၉၃၁−၃၂ ခုနှစ်များတွင် ဖောက်လုပ်ပြီးစီး၍ တူးမြောင်း၏ အရှည်မှာ ၂၇.၅ မိုင်ရှိသည်။ ထိုတူးမြောင်းသည် နိုင်အဂ္ဂရာကျွန်းဆွယ်ကို ဖြတ်ကျော်၍ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ရေအိုင်ကြီးများကို ဆက်သွယ်ထားသောတူးမြောင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် ထင်ရှားသောတူးမြောင်းများတွင်လည်း ပါဝင်သည်။ သို့သော် အမေရိကတိုက်တွင် အရေးပါအရာရောက်ဆုံးတူးမြောင်းမှာ ပနားမားတူးမြောင်းဖြစ်သည်။
 
==ကိုးကား==
{{Reflist}}
 
[[Category:တူးမြောင်း]]