တူးမြောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၆ -
 
ရှေးအထက်ကျော်ကာရီက တူးမြောင်းများကို ဖောက်ခဲ့သော်လည်း၊ ကုန်းမြင့်ခံလျက်ရှိသော ဒေသတို့၌ ထိုကုန်းမြင့်များကို လှေသဗ္ဗန်တို့ကျော်လွှားသွားနိုင်အောင် ကြံဆောင်နိုင်ခြင်းမရှိခဲ့ချေ။ ထို့ကြောင့် တူးမြောင်းများသည် အရာရောက်သင့်သလောက် မရောက်ခဲ့ကြပေ။ သို့သော် ရေတံခါးကို ကြံစည်တီထွင်လာသည့်အခါ တူးမြောင်းဖောက်လုပ်ရေး နည်းနာတို့သည် အကြီးအကျယ် ပြောင်းလဲသွားလေသည်။ ရေတံခါးကို မည်သူက စတင်တီထွင်ခဲ့သည်ကို ကျွန်ုပ်တို့ တပ်အပ်သေချာစွာမသိရချေ။ ဟောလန်နိုင်ငံသည် အီတလီနိုင်ငံထက် ပထဝီအသွင်အကြင်အနေအထားအရ တူးမြောင်းများကို အသုံးပြုရန် အခြေအနေ ပိုကောင်းသည့်အတွက် အီတလီထက် နှစ်ပေါင်း ၁၀၀ခန့်စော၍ ရေတံခါးများကို ဖန်တီးသုံးစွဲခဲ့ကြသည်ဟု အချို့ကယူဆကြသည်။ အချို့ကမူ ၁၄၈၁−၈၇ ခုနှစ်များမှစ၍ အီတလီလူမျိုးများသာလျှင် ရေတံခါးကို ရှေးဦးစွာအသုံးပြုခဲ့ကြသည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ ရေတံခါားသည် ၁၄ ရာစုနှစ်သို့မဟုတ် ၁၅ ရာစုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့၍ ထိုသို့ ပေါ်ပေါက်လာခြင်းကြောင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးမှာ များစွာ တိုးတက်ခဲ့ရပေသည်။
[[Image:Alter Strom.jpg|thumb|The Alter Strom, in the sea resort of [[Warnemünde]], Germany.]]
[[Image:IMG RoyalCanalnrKinnegad5706w.jpg|thumb|The [[Royal Canal]] in Ireland.]]
[[File:Basingstoke Canal - Lock.JPG|thumb|upright|Small boat canals such as the [[Basingstoke Canal]] fuelled the industrial revolution in much of Europe and the United States.]]
[[File:Wenecja, kanał wodny (Aw58TF).jpg|thumb|Canal in Venice]]
 
ဥရောပတိုက်တွင် ပထမဆုံးဖောက်လုပ်ခဲ့သော တူးမြောင်းမှာ ပြင်သစ်နိုင်ငံရှိ လန်းဒေါ့ တူးမြောင်းဖြစ်သည်။ ယင်းတူးမြောင်းကို ၁၆၈၁ ခုနှစ်တွင် ဖောက်လုပ်ပြီးစီးခဲ့၍ ဗစ္ဏကေးပင်လယ်အော်နှင့် မြေထဲပင်လယ်ကို ဆက်ထားသည်။ အရှည်မှာ ၁၄၈ မိုင်ရှိ၍ ၆ပေခွဲမျှ နက်၏။ ရေတံခါင်းပေါင်း ၁၁၉ခုရှိ၍ ပင်လယ်ရေမျက်နှာပြင်မှ ပေ ၆၂၀ အထိမြင့်သည်။ ထိုတူးမြောင်းကို ဖောက်လုပ်ပြီးနောက် ပြင်သစ်လူမျိုးတို့သည် မိုင်ပေါင်း ၃၀၀၀ ကျော်မျှရှိသော တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံရှိ ထိုတူးမြောင်းများနှင့်တကွ အခြားရေကြောင်းလမ်းများသည် ဒုတိယကမ္ဘာစစ်အတွင်းက အကြီးအကျယ်ပျက်စီးခဲ့ကြသည်။ သို့သော် စစ်ပြီးဆုံးသောအခါ ယင်းတို့ကို ရှေးကထက် ပိုမိုကောင်းမွန်လာအောင် ပြန်လည်ပြုပြင်ဆောက်လုပ်ခဲ့ကြသည်။
Line ၂၃ ⟶ ၂၇:
 
မြန်မာနိုင်ငံ၌လည်း ရေကြောင်းခရီးသယ်ယူပို့ဆောင်ရေးနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တူးမြောင်းများရှိသည်။ တွံတေးတူးမြောင်း၊ ကျိုက်ထိုတူးမြောင်းနှင့် ပဲခူး စစ်တောင်းတူးမြောင်းတို့သည် ရေကြောင်းခရီးသယ်ယူပို့ဆောင်ရေးလွယ်ကူစေရန် ဖောက်လုပ်ထားသော တူးမြောင်းများဖြစ်သည်။ မန္တလေးတူးမြောင်း(၁၉၀၂−၀၃ ခုနှစ်ဖွင့်သည်။) ရွှေဘိုတူးမြောင်း (၁၉၀၆−၀၇ ခုနှစ်ဖွင့်သည်)၊ ရေဦးတူးမြောင်း( ၁၉၁၁−၁၂ ခုနှစ်ဖွင့်သည်။)၊ မုန်းတူးမြောင်း(၁၉၁၁−၁၂ ခုနှစ် ဖွင့်သည်။) စလင်းတူးမြောင်း (၁၉၂၅−၂၆ ခုနှစ်ဖွင့်သည်။) မန်းတူးမြောင်းနှင့် မူး တူးမြောင်းဟောင်းစသည်တို့မှာ ခြောက်သွေ့သော မိုးခေါင်ရေရှားအရပ်များ၌ လယ်ယာ စိုက်ပျိုးလုပ်ကိုင်နိုင်စေရန် ဖော်လုပ်ထားသော တူးမြောင်းများဖြစ်ကြလေသည်။
[[Image:caen.hill.locks.in.devizes.arp.jpg|alt=A series of approximately 20 black lock gates with white ends to the paddle arms and wooden railings, each slightly higher than the one below. On the right is a path and on both side's grass and vegetation.|thumb|left|The flight of 16 consecutive locks at [[Caen Hill Locks|Caen Hill]] on the [[Kennet and Avon Canal]], [[Wiltshire]], England]]
 
ရေကြောင်းခရီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ တူးမြောင်းများအနက် ရန်ကုန်မြစ်နှင့် ချိုင်းနားဗာကာမြစ်တို့ကို ဆက်သွယ်ထားသော အလျား ၂၁ မိုင်ရှည်သည့် တွံတွေးတူးမြောင်းသည် အရေးအကြီးဆုံးဖြစ်သည်။ ရှေးအခါက ပြည်တွင်းရေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ လာရာ၌ ခရီးရှည်လျား၍ အချိန်ကုန်သော တွံတေးချောင်းမှ လာရ၏။ ယခုသော် တွံတေးတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် ရန်ကုန်မြို့သို့ လှေသင်္ဘောအသွားအလာ လွယ်ကူလျင်မြန်လာသည့်အပြင် အချိန်ကုန်ခြင်းနှင့် စရိန်ကုန်ခြင်းလည်း များစွာသက်သာလာခဲ့သည်။ အထက်မြန်မာနိုင်ငံမှ ဆန်နှင့် သစ်များကိုလည်း ဤတူးမြောင်းမှပင် လွယ်ကူစွာသယ်ယူတင်ပို့နိုင်ပေသည်။ တွံတေးတူးမြောင်းကို ၁၉၁၆−၁၇ခုနှစ်အတွင်း၌ ဖွင့်လှစ်အသုံးပြုခဲ့၍ ၁၉၃၅ ခုနှစ်တွင် တူးမြောင်းကို ဆည်ပြီးလျှင့် ထပ်မံချဲ့ထွင်ခဲ့သည်။ တူးမြောင်း ဖောက်လုပ်ခြင်းအတွက် စုစုပေါင်း ကုန်ကျငွေမှာ ၁၀၃၉၆၀၀၀ ကျပ်ခန်ဖြစ်သည်။
ရန်ကုန်မြစ်မှ ခွဲထက်သော ပဲခူးမြစ်ပေါ်ရှိ တာဝမြို့နှင့် စစ်တောင်းမြစ်ပေါ်ရှိ မြစ်ကျိုးရွာမှ စတင်၍ ပဲခူးမြို့တောင်ဘက်ရှိ တာဝရွာတွင် ပဲခူးမြစ်နှင့် လာရောက်ဆက်သွယ်သည့် ပဲခူးစစ်တောင်းတူးမြောင်းသည် အလျား ၃၈ မိုင်ရှည်၍၊ တူးမြောင်း၏ ထိပ်နှစ်ဘက်တွင် အရှည်ပေ ၂၄၀၊ အကျယ်ပေ ၃၀ ရှိသော ရေတံခါးတစ်ခုစီ တပ်ဆင်ထားသည်။ ထိုတူးမြောင်းသည် ၁၈၈၅ ခုနှစ် ရန်ကုန်တောင်ငူ မီးရထားလမ်း ဖွင့်သည့်အချိန်ထိ ရန်ကုန်နှင့် တောင်ငူအကြား၌ တစ်ခုတည်းသော လမ်းပန်းအဆက်အသွယ်ဖြစ်ခဲ့သည်။ ၁၈၈၇−၈၈ ခုနှစ်များအတွင်းသို့ရောက်မှ ပဲခူးစစ်တောင်း တူးမြောင်းကို စံနစ်တကျ ဖွင့်လှစ်နိုင်ခဲ့သည်။ စစ်တောင်းမြစ်တလျှောက် မျှောချလာသော သစ်ဖောင်များသည် ထိုတူးမြောင်းမှတဆင့် ရန်ကုန်မြို့သို့ ရောက်သည်။ ပဲခူးစစ်တောင်းတူးမြောင်း ဖောက်လုပ်ခြင်းအတွက် စုစုပေါင်း ကုန်ကျငွေမှာ ၇၉၄၆၀၀၀ ကျပ်ခန့်ဖြစ်သည်။