တူးမြောင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂ -
 
'''တူးမြောင်း'''သည် များသောအားဖြင့် [[လူ]]တို့ ဖောက်လုပ်ထားပြီး ရေစီးသွားရန် ပြုလုပ်ထားသည်။ ၁၈ ရာစုနှင့် ၁၉ ရာစုများတွင် လေးလံသော [[ဝန်စည်စလယ်]]များ သယ်ဆောင်ရန် တူးမြောင်းများကို ဖောက်လုပ်ခဲ့ကြသည်။ တူးမြောင်းများသည် [[ရေကန်]]များ နှင့် [[မြစ်]]များ သို့မဟုတ် [[ပင်လယ်]]၊ [[သမုဒ္ဒရာ]]များ နှင့် ဆက်စပ်နေသည်။ တချို့ တူးမြောင်းများမှာ [[လှေ]]များဖြတ်သန်းနိုင်ကြသည်။ တချို့ မှာ [[စိုက်ပျိုးရေး]]အတွက် သာ ဖြစ်သည်။ ကျော်ကြားသော [[ပနားမား တူးမြောင်း]] သည် [[အတ္တလန်တစ် သမုဒ္ဒရာ]] နှင့် [[ပစိဖိတ် သမုဒ္ဒရာ]] နှစ်ခု ကို ဆက်သွယ်ထားသည်။ မြောင်းထိန်းနံရံ များကို [[ရွှံ့စေး]]များ သို့ [[ကွန်ကရစ်]] များဖြင့် ဆောက်လုပ်ထားလေ့ရှိသည်။
 
==သမိုင်း==
တူးမြောင်းကို လယ်ယာစိုက်ပျိုးရေးအတွက် ရေထုတ်ခြင်း၊ ရေသွင်းခြင်းအလို့ငှာသော်လည်းကောင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်သော်လည်းကောင်း ဖောက်လုပ်ကြသည်။ ရှေးဦးစွာ၌ တူးမြောင်းများကို လယ်ယာလုပ်ကိုင်ရေး အတွက်သာ ဖောက်လုပ်ခဲ့ကြဟန်တူ၏။ သို့သော် မကြာမီ အဆီးရီးယားနှင့် အီဂျစ်နိုင်ငံများမှာကဲ့သို့ ရေကြောင်းသယ်ယူပို့ဆောင်ရေး၌ ခရီးတွင်ကျယ်စေရန် တူးမြောင်းကို ဖောက်လုပ်လာကြသည်။ ရောမလူမျိုးတို့သည် တူးမြောင်းများကိုဖောက်၍ မာ့စနှင့် ရိုင်းမြစ်များကို ဒန်းညုမြစ်နှင့် ဆက်ပေးခဲ့သည်။ ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အကြီးဆုံး တူးမြောင်းမှာ တရုတ်နိုင်ငံရှိ ယူဟိုးခေါ် တူးမြောင်းကြီးဖြစ်၍ ထိုတူးမြောင်းကြီးသည် မိုင်ပေါင်း ၁၀၀၀ ကျော် ရှည်လျားသည်။ ဟန်ချိုမြို့နှင့် တီယန်စင်မြို့ကို ဆက်ပေးလေသည်။
Line ၂၈ ⟶ ၂၉:
မြန်မာနိုင်ငံ၌လည်း ရေကြောင်းခရီးသယ်ယူပို့ဆောင်ရေးနှင့် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တူးမြောင်းများရှိသည်။ တွံတေးတူးမြောင်း၊ ကျိုက်ထိုတူးမြောင်းနှင့် ပဲခူး စစ်တောင်းတူးမြောင်းတို့သည် ရေကြောင်းခရီးသယ်ယူပို့ဆောင်ရေးလွယ်ကူစေရန် ဖောက်လုပ်ထားသော တူးမြောင်းများဖြစ်သည်။ မန္တလေးတူးမြောင်း(၁၉၀၂−၀၃ ခုနှစ်ဖွင့်သည်။) ရွှေဘိုတူးမြောင်း (၁၉၀၆−၀၇ ခုနှစ်ဖွင့်သည်)၊ ရေဦးတူးမြောင်း( ၁၉၁၁−၁၂ ခုနှစ်ဖွင့်သည်။)၊ မုန်းတူးမြောင်း(၁၉၁၁−၁၂ ခုနှစ် ဖွင့်သည်။) စလင်းတူးမြောင်း (၁၉၂၅−၂၆ ခုနှစ်ဖွင့်သည်။) မန်းတူးမြောင်းနှင့် မူး တူးမြောင်းဟောင်းစသည်တို့မှာ ခြောက်သွေ့သော မိုးခေါင်ရေရှားအရပ်များ၌ လယ်ယာ စိုက်ပျိုးလုပ်ကိုင်နိုင်စေရန် ဖော်လုပ်ထားသော တူးမြောင်းများဖြစ်ကြလေသည်။
[[File:Thal Canal.JPG|thumb|သည်း တူးမြောင်း, [[ပန်ဂျပ်၊ ပါကစ္စတန်]]]]
 
==မြန်မာပြည်ရှိတူးမြောင်းများ==
ရေကြောင်းခရီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ တူးမြောင်းများအနက် ရန်ကုန်မြစ်နှင့် ချိုင်းနားဗာကာမြစ်တို့ကို ဆက်သွယ်ထားသော အလျား ၂၁ မိုင်ရှည်သည့် [[တွံတွေးတူးမြောင်း]]သည် အရေးအကြီးဆုံးဖြစ်သည်။ ရှေးအခါက ပြည်တွင်းရေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ လာရာ၌ ခရီးရှည်လျား၍ အချိန်ကုန်သော တွံတေးချောင်းမှ လာရ၏။ ယခုသော် တွံတေးတူးမြောင်းကို ဖောက်လုပ်ခြင်းအားဖြင့် ရန်ကုန်မြို့သို့ လှေသင်္ဘောအသွားအလာ လွယ်ကူလျင်မြန်လာသည့်အပြင် အချိန်ကုန်ခြင်းနှင့် စရိန်ကုန်ခြင်းလည်း များစွာသက်သာလာခဲ့သည်။ အထက်မြန်မာနိုင်ငံမှ ဆန်နှင့် သစ်များကိုလည်း ဤတူးမြောင်းမှပင် လွယ်ကူစွာသယ်ယူတင်ပို့နိုင်ပေသည်။ တွံတေးတူးမြောင်းကို ၁၉၁၆−၁၇ခုနှစ်အတွင်း၌ ဖွင့်လှစ်အသုံးပြုခဲ့၍ ၁၉၃၅ ခုနှစ်တွင် တူးမြောင်းကို ဆည်ပြီးလျှင့် ထပ်မံချဲ့ထွင်ခဲ့သည်။ တူးမြောင်း ဖောက်လုပ်ခြင်းအတွက် စုစုပေါင်း ကုန်ကျငွေမှာ ၁၀၃၉၆၀၀၀ ကျပ်ခန်ဖြစ်သည်။
Line ၃၃ ⟶ ၃၅:
[[ရန်ကုန်မြစ်]]မှ ခွဲထက်သော ပဲခူးမြစ်ပေါ်ရှိ တာဝမြို့နှင့် စစ်တောင်းမြစ်ပေါ်ရှိ မြစ်ကျိုးရွာမှ စတင်၍ [[ပဲခူးမြို့]]တောင်ဘက်ရှိ တာဝရွာတွင် ပဲခူးမြစ်နှင့် လာရောက်ဆက်သွယ်သည့် ပဲခူးစစ်တောင်းတူးမြောင်းသည် အလျား ၃၈ မိုင်ရှည်၍၊ တူးမြောင်း၏ ထိပ်နှစ်ဘက်တွင် အရှည်ပေ ၂၄၀၊ အကျယ်ပေ ၃၀ ရှိသော ရေတံခါးတစ်ခုစီ တပ်ဆင်ထားသည်။ ထိုတူးမြောင်းသည် ၁၈၈၅ ခုနှစ် ရန်ကုန်တောင်ငူ မီးရထားလမ်း ဖွင့်သည့်အချိန်ထိ ရန်ကုန်နှင့် တောင်ငူအကြား၌ တစ်ခုတည်းသော လမ်းပန်းအဆက်အသွယ်ဖြစ်ခဲ့သည်။ ၁၈၈၇−၈၈ ခုနှစ်များအတွင်းသို့ရောက်မှ ပဲခူးစစ်တောင်း တူးမြောင်းကို စံနစ်တကျ ဖွင့်လှစ်နိုင်ခဲ့သည်။ စစ်တောင်းမြစ်တလျှောက် မျှောချလာသော သစ်ဖောင်များသည် ထိုတူးမြောင်းမှတဆင့် ရန်ကုန်မြို့သို့ ရောက်သည်။ ပဲခူးစစ်တောင်းတူးမြောင်း ဖောက်လုပ်ခြင်းအတွက် စုစုပေါင်း ကုန်ကျငွေမှာ ၇၉၄၆၀၀၀ ကျပ်ခန့်ဖြစ်သည်။
ကျိုထိုတူးမြောင်းသည် [[ကျိုက်ထိုမြို့]]တည်ရှိရာ ကျိုက်ထိုမြစ်မှ စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်းအထိ ဆက်သွယ်ထား၍၊ မိုင် ၂၀ ခန့်ရှည်ပြီးလျှင် တူးမြောင်း ထိပ်နှစ်ဘက်၌ ရေတံခါးတစ်ခုစီရှိသည်။ ပဲခူး စစ်တောင်း တူးမြောင်းမှ တဆင့် ကျိုက်ထိုတူးမြောင်းသို့ ဆက်လက်သွားလာနိုင်သဖြင့် ဤတူးမြောင်းကို ပဲခူး ကျိုက်ထိုတူးမြောင်းဟုလည်းခေါ်သည်။ ယခုအခါ ကျိုက်ထိုတူးမြောင်းမှာ တိမ်ကောသွားပြီးဖြစ်၍ အသုံးပြုခြင်းမရှိတော့ချေ။
 
==တူးမြောင်းတခုအလုပ်လုပ်ပုံ==
ရှေးအခါက ရေသွင်းပေးရန်၊ ရေတံခါး၌ အပေါက်ငယ်များကို ဖောက်လုပ်ထားသည်။ ယခုခေတ်တွင်မူ ရေတံခါး၏ နံရံရှိ ရေလွှဲပေါက်များကို အသုံးပြုကြသည်။ ရေတံခါးများဖြင့် လှေ သင်္ဘောများကို နိမ့်ရာမှ မြင့်ရာသို့ တင်ပေးပုံမှာ ဤသို့ဖြစ်၏။ ပမအားဖြင့် သင်္ဘောတစ်စင်းသည် ရေမျက်နှာပြင်နိမ့်လျက်ရှိသော မြစ်တစ်မြစ်မှ ရေမျက်နှာပြင်မြင့်သော အခြားမြစ်တစ်ဖက်သို့ တူးမြောင်းဖြင့် ဖြတ်သွားလိုသည် ဆိုကြပါစို့။ တူးမြောင်းတွင် မြစ်နှစ်မြစ် ကြားရှိ မြင့်မားသော ကုန်းမြေကို ဖြတ်၍ သင်္ဘောကို သယ်ဆောင်ပို့ပေးနိုင်ရန် ရေတံခါးများကို အဆင့်ဆင့် ပြုလုပ်ထားသည်။ သင်္ဘောသည် တူးမြောင်းကို ဖြတ်ကျော်ရန် ပထမရေတံခါးထဲသို့ ရောက်ရှိလာသောအခါ အခန်း၏ တံခါးကို ပိတ်ပြီးလျှင် ရေလွှဲပေါက်များကို ရေသွင်းပေးသည်။ ဤသို့ ရေသွင်းပေး၍ ပထမအခန်းရှိရေသည် ဒုတိယအခန်းကို ဖွင့်ပေးသည်။ ထို့နောက် သင်္ဘောကို ဒုတိယအခန်းတွင်းသို့ ဆွဲသွင်း၍ ဒုတိယအခန်းကို တဖန်ပြန်ပိတ်ရပြန်သည်။ ယင်းကဲ့သို့ ဆင့်ကဲ ဆင့်ကဲ ပြုလုပ်ပေးခြင်းဖြင့် သင်္ဘောသည် ရေတံခါးအထပ်ထပ်ကို ဖြတ်ကျော်၍ နောက်ဆုံးတွင် မိမိသွားလိုရာ မြစ်ထဲသို့ ရောက်ရှိလေသည်။ တူးမြောင်းအတွင်း မြင့်ရာမှ နိမ့်ရာသို့ စုန်ဆင်းသောအခါ၌လည်း ဤနည်းကို ပြောင်းပြန် အသုံးပြုရသည်။ ရှေးအခါက တူးမြောင်းများတွင် လှေသင်္ဘောများကို ဆွဲယူရန် လူအား တိရစ္ဆာန်အားကိုသာ အသုံးပြုခဲ့ကြသည်။ ယခုအခါ၌ပင် အချို့ဒေသများ၌ ဤနည်းကို အသုံးပြုဆဲဖြစ်၏။ ခေတ်မှီသော ရေတံခါးများတွင်မူ လျှပ်စစ်ဓာတ်အားကို အသုံးပြုလျက်ရှိပြီဖြစ်သည်။
 
==တူးမြောင်းအမျိုးအစားများ==
တူးမြောင်းများတွင် ပြည်တွင်းသုံးရန် တူးမြောင်းနှင့် သင်္ဘောကြီးများ သွားလာရန် တူးမြောင်းဟူ၍ နှစ်မျိုးရှိသည်။ သင်္ဘောကြီးများ အသုံးပြုသည့် တူးမြောင်းမျိုးမှာ ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုသို့ ကူးသွားရာ၌ ခရီးကို နီးအောင် ကျွန်းဆွယ်များကို ဖြတ်၍ ဖောက်လုပ်ထားသည့် တူးမြောင်းမျိုး သို့မဟုတ် ပြည်တွင်းအရေးကြီးသည့်နေရာကို သင်္ဘောဆိပ်ဖြစ်အောင် တူးယူသည့် တူးမြောင်းမျိုး ဖြစ်သည်။ သင်္ဘောကြီးများအသုံးပြုသည့် တူးမြောင်းများအနက် ပင်လယ်ချင်း ဆက်သွယ်ထားသော တူးမြောင်းများမှာ အီဂျစ်နိုင်ငံရှိ ဆူးအက်တူးမြောင်း၊ ဂျာမနီနိုင်ငံရှိ ကီးတူးမြောင်း၊ အမေရိကန်နိုင်ငံရှိ ပနားမားတူးမြောင်းစသည်တို့ဖြစ်ကြ၍၊ ကယ်လဒိုးနီးယန်းတူးမြောင်းမှာ ဤအမျိုးအစားတွင် ရှေးအကျဆုံး တူးမြောင်းဖြစ်သည်။ အင်္ဂလန်ပြည်ရှိ မန်ချက်စတာတူးမြောင်းမှာကား မန်ချက်စတာမြို့ကို သင်္ဘောဆိပ်မြို့ ဖြစ်လာစေရန် ဖောက်သွယ်ထားသော တူးမြောင်းဖြစ်လေသည်။ <ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၅) အပိုင်း (၁)</ref>
 
==ကိုးကား==
{{Reflist}}