ဖေ၊ ဆရာ၊ အချုပ်တန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၄ -
[[မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း]]တွင် မက္ခရာမင်းသား နောက်တော်မှနေကာ အမှုတော်ကိုကြိုးစားထမ်းရွက်သည့် အလျောက် အောင်မြင်မှုရလေသည်။ နောက် [[ကနောင်မင်းသား]]၏ သားတော် ပတိမ်းစားမင်းသားက ဘကြီးတော်[[မင်းတုန်းမင်း]]ကို တော်လှန်ပုန်ကန်ရန် ရွှေဘိုမြို့သို့ထွက်ခွာသွားသောအခါတွင်လည်း မက္ခရာမင်းသား၏ အမိန့်တော်နှင့် ပတိမ်းစား၏ရန်ကို တွန်းလှန်ရာ၌ ပါဝင်ရလေသည်။
၁၂၃၆-ခုနှစ်သို့ ရောက်သောအခါ [[အိန္ဒိယဘုရင်ခံချုပ်]]သည် [[စင်္ကာပူကျွန်း]]၊ [[ကပ္ပလီကျွန်း]]သို့ တိုင်းခန်းလှည့်လည်သောအခါ မြန်မာဘုရင်များနည်းတူ ထီးဖြူတော် နှစ်ချက်မိုး၍ ခမ်းနားကြီးကျယ်စွာ လှည့်လည်ရာတွင် ကပ္ပလီအကျဉ်းသားတဦးက သက်တော်စောင့်အလစ်တွင် ဘုရင်ခံချုပ်အား ထားဖြင့်နှစ်ချက်ထိုးလေသည်။ ဤသတင်းကို ဆရာဖေကြားသောအခါ “ထီးဖြူရုံပြသာဒ်နှင့်၊ မအပ်သည့်အရာ၊ လပ်ဆိုသည့်မိစ္ဆာ၊ ပိတ်ရှာပြီဇီဝိ(ပ) မင်းတူတု၊ ခွေးသေသေ၊ သွေးတွေတွေ ယိုဘိ” စသော တေးထပ်ကို ရေးသဖြင့် [[အင်္ဂလိပ်]]တို့က ကန့်ကွက်သောကြောင့် မဟာမိတ် မပျက်စေရန်အတွက် စာဆိုရှင် ဦးဖေအား အပြစ်ပေးသော အားဖြင့် အချုပ်ချထားခြင်းခံရလေသည်။ အကြာမီပင် အချုပ်မှလွတ်လေ၏။
[[သီပေါမင်း]]လက်ထက်တွင်မူ ခေတ္တခဏမှျခေတ္တခဏမျှ မင်း၏အမှုတော်ကို ထမ်းရွက်ပြီးနောက် [[ရှမ်းပြည်]]သို့သွားရောက်ကာ [[သုံးဆယ်စော်ဘွားကြီး]]၏ အချီးမြှင့်ကိုခံရင်း အနိစ္စရောက်လေသည်။
<ref>မြန်မာကဗျားရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် H 594_ A (ဟံသာဝတီ)</ref>