တမ်းပလိတ်:Featured article: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
ကျောက်မီးသွေးသည် ဗွိုင်လာခန်းအပေါက်မှ ကျဆင်းသွား ၍၊ အလိုအလျောက် မီးထိုးပေးသည့် မီးဖိုကြီးသို့ ရောက်ရှိသွား သည်။ ယင်းမီးဖိုကြီးတို့အနက် အသုံးများသည့်အမျိုးမှာ 'ကြိုး မီးဖိုကြီး'မျိုးပင်ဖြစ်သည်။ ဤမီးဖိုတွင် သံကြိုးများသည် လျှပ်စစ်ဓာတ်ဖြင့် ဘီးများကို လှည့်ပတ်နေကြသည်။ သံကြိုး ပေါ်တွင် သံတန်းများပါရှိလေရာ၊ ကျောက်မီးသွေးသည် ထို သံတန်းများပေါ်၌ မီးစွဲလောင်ကာ၊ တဘက်အစွန်းမှ လိုက်ပါ သွားသည်။ အခြားတဘက်အစွန်းသို့ ရောက်သောအခါ၊ မီး ကျွမ်းသွားပြီးလျှင် ပြာမှုန့်များဖြစ်၍ အောက်သို့ကျသွားသည်။ အချို့စက်ရုံများတွင် မီးသွေးအမှုန့်ကို အသုံးပြုသည်။ အသုံး ပြုပုံမှာ မီးသွေးကို ပထမဦးစွာ အမှုန့်ဖြစ်အောင် ကြိတ်၍၊ မီးလောင်ခန်းအတွင်းသို့ မှုတ်သွင်းပေးလိုက်သည်။ ထိုအခါ မီးသွေးမှုန့်တို့သည် ဓာတ်ငွေ့ကဲ့သို့ လောင်ကျွမ်းသွားကြသည်။ မီးသွေးမှုန့်များကို အသုံးပြုရာ၌ စရိတ်ကြီးလေးသည့်အပြင်၊ အလွန်သေးငယ်သော ပြာမှုန်များ ခေါင်းတိုင်သို့မရောက်အောင် တားဆီးရသည့် အခက်အခဲနှင့် တွေ့ကြုံကြရလေသည်။သို့သော် မီးကို အလိုရှိသကဲ့သို့ အုပ်ထိန်းထားနိုင်ခြင်းနှင့် ညံ့ဖျင်း သော ကျောက်မီးသွေးကို အသုံးပြုနိုင်ခြင်းတို့ကြောင့် မီးသွေး မှုန့်ကိုလည်း သုံးကြရသည်။ ခေတ်စက်ရုံများတွင် မီးဖို၏ကြမ်း ပြင်သည် သန့်ရှင်းလျက်ရှိသည့်အပြင်၊ မီးအကြောင်းကိုသိရှိရန် မီးဖိုးကိုကြည့်ဖို့ မလိုချေ။ မီးဖိုတွင် တပ်ဆင်ထားသည့် ကရိယာများကို ကြည့်၍၊ ဗွိုင်လာအိုး၏ ဝန်၊ နေရာအနှံ့အပြား ရှိ အပူချိန်၊ မီးခိုးတိုင်မှ ထွက်လာသည့် ဓာတ်ငွေ့များတွင် ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုက် ရာခိုင်နှုန်း စသည်တို့ကို သိရှိရသည်။
'''ရှင်မဟာသီလဝံသ'''သည် [[အင်းဝခေတ်]] စာဆိုကျော် တစ်ဦးဖြစ်သည်။ ဇာတိမှာ [[တောင်တွင်းကြီး]]ဖြစ်ပြီး [[အင်းဝမြို့|အင်းဝနေပြည်တော်]]သို့ ပြောင်းရွေ့နေထိုင်ခဲ့သည်။ မြန်မာစာပေသမိုင်းတွင် ထင်ရှားသော [[ပျို့]]၊ [[မော်ကွန်း]]၊ [[လင်္ကာ]]၊ [[ရတု]] ဆုံးမစာ၊ ရာဇဝင်၊ ဗုဒ္ဓစာပေကျမ်းဂန်များနှင့် ဇာတ်ဝတ္တုတော်များကို ရေးသားခဲ့သည်။ အင်းဝခေတ်တွင် ပေါ်ထွန်းခဲ့သော [[ပေလေးပင် သျှင်လေးပါး]]ဟု ကျော်ကြားသည့် တောင်တွင်းကြီးမြို့ဇာတိ ပညာရှိရဟန်း လေးပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည်။ ထိုခေတ်က စာပေဖွဲ့ဆိုသူများသည် စာပေနှင့် ကဗျာများကို လောကရေး၊ ဓမ္မရေး၊ ရာဇရေး ဟူ၍ အကြောင်းအရာ သုံးမျိုးတို့ကို အခြေခံဖွဲ့ဆိုခဲ့ကြရာ ဆရာတော်သည် ဓမ္မရေးဟူသော ဘာသာရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဦးစားပေးရေးဖွဲ့ခဲ့သည်။ ဓမ္မစာပေများကို ကျွမ်းကျင်နှံ့စပ်သောကြောင့် ဆရာတော်၏ အရေးအသားများသည့် လေးနက်၍ အဓိပ္ပာယ်နက်နဲသည်ဟု ဆိုကြသည်။
[[File:ဆ.jpg|ဆ.jpg]]
 
'''''[[သျှင်မဟာ သီလဝံသဓာတ်အားပေးစက်ရုံ|ဆက်လက်ဖတ်ရှုရန် ...]]'''''
 
'''''[[သျှင်မဟာ သီလဝံသ|ဆက်လက်ဖတ်ရှုရန် ...]]'''''