သရက်သီး: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
အရေးမကြီး ပတ္တမြားငမောက်၊ <space>
စာကြောင်း ၁၀ -
သရက်သီးတို့သည်အမျိုးအစားလိုက်၍ အရွယ်အစား စားပုံသဏ္ဌာန်အမျိုးမျိုး ရှိကြလေသည်။ အငယ်ဆုံးအမျိုး အစားသည် ဆီးသီးခန့်မျှသာရှိ၍ အချို့အမျိုးအစားသည် တစ်လုံးလျှင်တစ်ပိသာ ကျော်ခန့်ပင်အလေးချိန်စီးအောင်ကြီးမား သည်။ အချို့အသီးများသည် ဘဲဥပုံဖြစ်၍ အချို့သည်လုံးဝန်းသည်။ အချို့သည်အရင်းကား၍ အဖျားရှူးပြီးလျှင် အချို့တို့သည် ရှည်လျားလျားပုံသဏ္ဌာန် ဖြစ်ကြသည်။ များသောအားဖြင့် အသီး၏အဖျားပိုင်းသည် ငှက်နှုတ်သီးကဲ့သို့ ခပ်ကောက်ကောက်ရှိတတ်လေသည်။ သရက်သီးများမှည့်လာလျှင်အသီးခွံသည်လှပစွာဝါဝင်းလာသည်။ အနံ့လည်းမွှေးလာသည်။ အချို့အသီးမှည့်များသည်အနီတစ်ပိုင်းအဝါတစ်ပိုင်းဖြင့်တစ်မျိုးတစ်ဖုံလှပကြ ပေသည်။ အချို့သရက်မျိုးတို့ကားမှည့်နေသည်တိုင်အောင်အစိမ်းပုပ်ရောင်ပင်ရှိနေတတ်လေသည်။
 
သရက်သီးကို အသီးများ၏ဘုရင်ဟုတင်စားခေါ်ဆိုကြသည်။ သရက်ကို မြန်မာတစ်နိုင်ငံလုံးရှိ အိမ်တိုင်းလိုလိုစိုက်ပျိုးကြသည်။ သရက်ပင်ဆိုသည်မှာ အလွန်အေးသောနေရာများ အထူးသဖြင့် ပေ၄၀၀၀ အထက်နေရာများတွင် မဖြစ်ထွန်းပါ။ ကမ္ဘာပေါ်တွင် သရက်သီးမျိုးစိတ်ပေါင်း ၄၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အစိုက်အများဆုံးသရက်မျိုးများမှာ စိန်တလုံး၊ ရွှေဟင်္သာ၊ ပတ္တမြားငမောက်၊ရင်ကွဲပတ္တမြားငမောက်၊ ရင်ကွဲ နှင့်မချစ်စုမျိုးတို့ဖြစ်ကြသည်။
 
==ပုံစံမျိုးစုံ စားသုံးနိုင်သော သရက်သီး==