ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး robot Adding: krc:Дуния сатыу-алыу организация
အရေးမကြီး robot Adding: hak:Sṳ-kie Mo-yi Chû-chṳt; cosmetic changes
စာကြောင်း ၆၀ -
 
== WTO ၏အခြေခံမူများ ==
* (က) အသာဆုံးအခွင့်အရေးကို တန်းတူပေးရေး။
* (ခ) ကုန်သွယ်ရေးစနစ်သည် ဘက်လိုက်ခွဲခြားမှု မရှိစေရေး။
* (ဂ) ကုန်သွယ်ရေး ပိုမိုလွတ်လပ်မှုရှိစေရန် အကန့်အသတ်၊ အတားအဆီးများ ဖြေလျှော့ပေးရေး။
* (ဃ) ပွင့်လင်းမြင်သာမှုနှင့် ကြိုတင်ခန့်မှန်းမှု ရှိနိုင်ရေး။
* (င) လွတ်လပ်စွာ ယှဉ်ပြိုင်မှု ပိုမိုမြှင့်တင်ရေး။
* (စ) ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများအား ပိုမိုအကျိုးရှိစေရေး။
 
== လုပ်ငန်းတာဝန်များ ==
စာကြောင်း ၉၀ -
 
(ခ) အထွေထွေကောင်စီ(General Council)။ ဝန်ကြီးများအဆင့် ညီလာခံ ကြားကာလတွင် တာဝန်ယူသည်။
* (၁) အငြင်းပွားမှု ပြဿနာများ ဖြေရှင်းရန် (Dispute Settlement Body) ။
* (၂) ကုန်သွယ်ရေးဆိုင်ရာ မူဝါဒများကို ဆန်းစစ်ရန် (Trade Policy Review Body) အဖြစ်လည်းကောင်း ဆောင်ရွက်ပါသည်။
 
(ဂ) ကောင်စီများ(Councils)
* (၁) ကုန်စည်ကုန်သွယ်မှုဆိုင်ရာကောင်စီ (Council for Trade in Goods)။
* (၂) ဝန်ဆောင်မှုလုပ်ငန်းများ ကုန်သွယ်မှုကောင်စီ (Council for Trade in Services) ။
* (၃) ကုန်သွယ်ရေးနှင့် စပ်လျဉ်းသည့် မူပိုင်ခွင့်ကောင်စီ (Council for Trade Related Intellectual Property Rights)။
 
(ဃ) ကော်မတီများနှင့် အခြားအထောက်အကူပြုအဖွဲ့များ(Committees and other subsidiary bodies)ပါဝင်ပါသည်။
စာကြောင်း ၁၀၄ -
အထွေထွေကောင်စီ (General Council-GC)။ အထွေထွေကောင်စီသည် အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စားလှယ်များ ပါဝင်သည့် အမှုဆောင် ဆွေးနွေးမှုဖိုရမ် တစ်ရပ်ဖြစ်ပါသည်။ GC သည် ဝန်ကြီးအဆင့်ညီလာခံကို တာဝန်ခံရပြီး၊ ညီလာခံတစ်ခုနှင့် တစ်ခုအကြားတွင် ဝန်ကြီးအဆင့် ညီလာခံများက ချမှတ်သောလုပ်ငန်းများကို GC ကတာဝန်ယူ ဆောင်ရွက်ပါသည်။ GC သည် လိုအပ်သလို တွေ့ဆုံစည်းဝေးပါသည်။ GC သည် ၎င်း၏လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကိုလည်းကောင်း၊ WTO ၏ လုပ်ငန်းဆိုင်ရာ ကောင်စီများဖြစ်သည့် Council for Trade in Goods, Council for Trade in Services နှင့် Council for Trade-Related Aspects for Intellectual Property Rights (TRIPS) တို့အတွက် လုပ်ထုံးလုပ်နည်း စည်းမျဉ်းများကို အတည်ပြုချမှတ်ပေးပါသည်။ GC သည်-
 
* ကုန်သွယ်ရေးအငြင်းပွားဖြေရှင်းသည့် လုပ်ငန်းတာဝန်ဆောင်ရွက်ခြင်း။
* ကုန်သွယ်ရေးမူဝါဒ ပြန်လည်သုံးသပ်မှု လုပ်ငန်းတာဝန် ဆောင်ရွက်ခြင်း တို့ပြုလုပ်ပါသည်။
 
GC သည် ကုန်သွယ်ရေးအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့နှင့် ကုန်သွယ်ရေးမူဝါဒ ပြန် လည် သုံးသပ်မှု လုပ်ငန်းအဖွဲ့တို့ကို သီခြားအဖွဲ့ဥက္ကဌများ၊ လုပ်ထုုံးလုပ်နည်းများဖြင့် ဆောင် ရွက်စေနိုင်သည်။ GC သည်၎င်း၏လမ်းညွှန်၊ ကြီးကြပ်မှုအောက်တွင် အောက်ပါလုပ်ငန်း ကောင်စီ ၃ ရပ်ကို ဖွဲ့စည်းထားရှိပါသည်-
 
* Council for Trade in Goods-ကုန်စည်ကုန်သွယ်မှုဆိုင်ရာ နိုင်ငံ တကာ သဘောတူညီမှုများ၏ လုပ်ဆောင်မှုများကိုကြီးကြပ်ပါသည်။
* Council for Trade in Services- ဝန်ဆောင်မှုကုန်သွယ်ခြင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်ပါသည်။
* Council for TRIPS - ပိုင်ခွင့်များဆိုင်ရာ MTA လုပ်ငန်းများကို ကြီးကြပ်ပါသည်။
 
အထက်ပါကောင်စီတို့၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို GC ကအတည်ပြုချမှတ် ပါသည်။ အဆိုပါ ကောင်စီတို့တွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှကိုယ်စားလှယ်များအားအဖွဲ့ဝင် အဖြစ် လွတ်လပ်စွာဝင်ရောက်ခွင့်ပြုပါသည်။ ထိုကောင်စီသုံးရပ်သည် လိုအပ််ပါကလက်အောက်ခံ အဖွဲ့အစည်းများဖွဲ့စည်းတည်ထောင်နိုင်ပါသည်။ လက်အောက်ခံအဖွဲ့တို့၏ လုပ်ထုံးလုပ်နည်း များ၊ စည်းမျဉ်းများကို သက်ဆိုင်ရာကောင်စီတို့က အတည်ပြုသတ်မှတ် ပေးပါသည်။
စာကြောင်း ၁၁၇ -
ဝန်ကြီးအဆင့်ညီလာခံကဖွဲ့စည်းသောကော်မတီများ။ ဝန်ကြီးအဆင့်ညီလာခံသည်အောက်ပါလုပ်ငန်း ကော်မတီ ၃ရပ်ဖွဲ့စည်း၍ လုပ်ငန်းများ ကိုဆောင်ရွက်စေပါသည်-
 
* Committee on Trade and Development
* Committe on Balance of Payment Restrictions
* Committe on Budget, Finance and Administration
 
အထက်ပါလုပ်ငန်းကော်မတီများသည် GC ကအထူးတာဝန်ပေးအပ်သည့် လုပ်ငန်းများ ကိုလည်းဆောင်ရွက်ရသည်။ ဤကော်မတီများသို့ WTO အဖွဲ့ဝင်နိုင်ငံအားလုံးမှ ကိုယ်စား လှယ်များလွတ်လပ်စွာဝင်ရောက်နိုင်ပါ သည်။ကုန်သွယ်မှုဖွံ့ဖြိုးမှုကော်မတီ (Committe on Trade and Development)သည် MTA ပါဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများကို အခွင့်အလမ်း ပေးသည့် အထူးပြဌာန်းချက်စည်းကမ်းများအပေါ် ကာလအလိုက်ပြန်လည်သုံးသပ်ပြီး၊သင့် လျော်သည့်အရေးယူဆောင်ရွက်မှုပြုနိုင်ရန် GC သို့အစီရင်ခံရပါသည်။ PTA သဘော တူညီမှု လုပ်ငန်းအဖွဲ့များသည် WTO လုပ်ငန်းမူဘောင်အတွင်းဆောင်ရွက်ရပြီး ၄င်းတို့၏လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို GC သို့ပုံမှန်တင်ပြရပါသည်။
စာကြောင်း ၁၂၈ -
ဤရုုံးကို ညွှန်ကြားရေးမှူးချုပ်က ဦးစီးပါသည်။ ဆွစ်ဇာလန် နိုင်ငံ၊ ဂျီနီဗာ မြို့တွင်ရုံးစိုက်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ကို ဝန်ကြီးအဆင့်ညီလာခံက ခန့်အပ်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ရုံး နှင့်စပ်လျဉ်းသည့်စည်းမျဉ်းစည်းကမ်းများကို ဝန်ကြီး အဆင့် ညီလာခံက ချမှတ်ပေးပါသည်။ လက်ရှိညွှန်ကြားရေးမှူးချုပ်မှာ Mr.Supachai Panitchpakdi ဖြစ်ပါသည်။ ညွှန်ကြားရေးမှူးချုပ်ရုံး၏အရာထမ်းများကို ဝန်ကြီးအဆင့်ညီလာ ခံကချမှတ်သောစည်းမျဉ်းများနှင့်အညီ ညွှန်ကြားရေးမှူးချုပ်က ခန့်အပ်နိုင်သည်။ ညွှန်ကြားရေး မှူးချုပ်ရုံးသည် နိုင်ငံတကာအဖွဲ့အစည်းအသွင် လက္ခဏာရှိပြီး မည်သည့်အဖွဲ့ဝင်နိုင်ငံ၏ လမ်းညွှန်မှု အကြံပြုမှုတို့နှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိစေရပါ။ ညွှန်ကြားရေးမှူးချုပ်သည် WTO ၏နှစ်စဉ်ဘတ်ဂျက်နှင့် ဘဏ္ဍာရေးရှင်းတမ်းများပြင်ဆင်ရေးဆွဲရန် တာဝန်ရှိပါသည်။ ထိုစာရင်းရှင်းတမ်းများကို WTO ဘတ်ဂျက်၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရပါ သည်။ ကော်မတီကနှစ်စဉ် ဘတ်ဂျက်ခန့်မှန်းခြေများ၊ ဘဏ္ဍာရေးရှင်းတမ်းများကိုသုံးသပ်၍ ထောက်ခံ ချက်များပြုလုပ်ပြီး GC သို့တင်ပြရပါသည်။အထက်ပါကော်မတီသည် ၁၉၄၇ ခုနှစ် GATT စည်းမျဉ်းများနှင့်လက် တွေ့ဆောင်ရွက်မှုများကို အခြေခံ၍ဘဏ္ဍာရေးစည်းမျဉ်းများ ရေးဆွဲရပါသည်။ ထိုဘဏ္ဍာရေးစည်းမျဉ်းများတွင် အောက်ပါတို့နှင့်ပတ်သက်သည့် ပြဌာန်း ချက်များပါရှိရပါသည်-
 
# WTO အသုံးစရိတ်များအတွက် အဖွဲ့ဝင်နိုင်ငံများ၏ထည့်ဝင်ငွေ၊
# အဖွဲ့ဝင်နိုင်ငံများ၏ကြွေးကျန်များနှင့်ပတ်သက်၍ ဆောင်ရွက်ရန်နည်းလမ်းများ၊
 
အထွေထွေအတွင်းရေးမှူးရုံးတွင် နိုင်ငံတကာမှအမြဲတမ်းဝန်ထမ်းဦးရေ (၆၀၈)ဦးကို ခန့်ထား ဆောင်ရွက်ပါသည်။ ယင်းတို့အနက်အဆင့်မြင့်စီမံခန့်ခွဲမှု အရာရှိ(၆)ဦး၊ဒါရိုက်တာ (၂၇)ဦး၊ ပုံမှန်ဝန်ထမ်း (၅၇၅)ဦးတို့ပါဝင်ပါ သည်။ GC သည် WTO အဖွဲ့ဝင် ဦးရေထက် ဝက်ကျော်တို့၏ သဘောတူညီမှုဖြင့်ဘဏ္ဍာရေးစည်းမျဉ်းများနှင့်နှစ်စဉ် ဘတ်ဂျက်တို့ ကိုသတ် မှတ်ရပါသည်။ အဖွဲ့ဝင်နိုင်ငံတိုင်းသည် GC ကပြဌာန်းသော ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အ ညီ WTO၏ကုန်ကျစရိတ်များကာမိစေရန် ထည့်ဝင်ရမည့်ဝေစုကိုစောလျှင် ်စွာထည့်ဝင်ရန် လိုအပ် ပါသည်။ ၂၀၀၄ ခုနှစ်တွင်အဖွဲ့ဝင် ၁၆၄ နိုင်ငံတို့၏စုစုပေါင်းထည့်ဝင်မှုပမာဏမှာ ၁၆၀ ယ၃၇၈ယ ၇၇၆ စီအိချ်အက်ဖ်(CHF) ရှိပါသည်။
စာကြောင်း ၁၃၉ -
== မူလအဖွဲ့ဝင်များ ==
WTO ၏မူလအဖွဲ့ဝင်များမှာ အောက်ပါတို့ပါဝင်ပါသည်။
# ၁၉၄၇ ခုနှစ် GATT တည်ထောင်မှုတွင်ပါဝင်လက်မှတ်ရေးထိုုးခဲ့သော အဖွဲ့ဝင်များ။
# ၁၉၉၄ ခုနှစ် GATT ၏နောက်ဆက်တွဲ Schedule of Concessions and Commitmentsအတွက်လည်းကောင်း၊ဝန်ဆောင်မှုကုန်သွယ်ရေး အထွေထွေ သဘောတူ စာချုပ် (GATT) ၏နောက်ဆက်တွဲ Schedules of Specific Commitments အတွက်လည်းကောင်၊ WTO သဘောတူစာချုပ်နှင့်နိုင်ငံတကာကုန်သွယ်မှုသဘောတူစာချုပ်များကိုလက်ခံ ံသော ဥရောပဘုံစျေးအဖွဲ့ ဝင်နိုင်ငံများ။
 
== WTO အဖွဲ့ဝင်တို့၏အခွင့်အရေးများ ==
WTOအဖွဲ့ဝင်နိုင်ငံတို့သည် အောက်ပါအခွင့် အရေးများ ကို ရရှိခံစား နိုင်ပါသည်-
 
# ၂ နှစ် ၁ ကြိမ်ကျင်းပသည့်ဝန်ကြီးအဆင့်ညီလာခံသို့ ကိုယ်စားလှယ်တက် ရောက်ခွင့်။
# အခါအားလျော်စွာကျင်းပသည့်အထွေထွေကောင်စီအစည်းအဝေးသို့ ကိုယ်စား လှယ်တက် ရောက်ခွင့်။
# WTO ၏လုပ်ငန်းဆိုင်ရာ ကောင်စီသုံးရပ်တွင်ကိုယ်စားလှယ်ပါဝင်ခွင့်။
# WTO အဖွဲ့ဝင်တိုင်းရရှိအပ်သော သက်သာခွင့်များ၊ အခွင့်အရေးများတန်းတူခံစားခွင့်။
# အဖွဲ့ဝင်နိုင်ငံများ၏ကိုယ်စားလှယ်အရာရှိများသည် ၂၁-၁၁-၂၀၀၄ ရက်နေ့တွင် UN Assembly အတိုင်းခံစားခွင့်။
# မည်သည့်အဖွဲ့မဆို WTO ၏မည်သည့်သဘောတူပြဌာန်းချက်ကိုမဆို ပြင်ဆင် ရန်အဆိုပြုခွင့်။
# WTO သဘောတူစာချုပ်(၁၉၉၅)၏ Article XV အရအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်။
 
* WTO အဖွဲ့ဝင်အဖြစ်မှနှုတ်ထွက်လိုသော မည်သည့်အဖွဲ့ဝင်နိုင်ငံမဆို နှုတ်ထွက်နိုင်ပါ သည်။ WTO သဘောတူညီချက်နှင့်နိုင်ငံတကာကုန်သွယ်မှုသဘောတူညီချက်အဖွဲ့ဝင် ်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန် WTO ညွှန် ကြားရေးမှူးချုပ်ထံစာဖြင့်ရေးသားတင်ပြ၍ ထိုတင်ပြသည့်နေ့မှ ၆ လပြည့်လျှင်နှုတ်ထွက်ပြီးဖြစ်ပါသည်။
 
== ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ဝင်ရောက်ခြင်း ==
GATT အဖွဲ့ဝင်နိုင်ငံများသည် ဥရုဂွေးဆွေးနွေး ပွဲသ ဘောတူညီချက်များကို လက်မှတ်ရေးထိုးပြီး၊သက်ဆိုင်ရာနိုင်ငံများ၏ ဥပဒေပြု အဖွဲ့မှ အတည်ပြုပြီးပါက ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏အဖွဲ့ဝင်နိုင်ငံဖြစ်လာပါသည်။အကယ်၍ယခင်က GATT အဖွဲ့ဝင်မဟုတ်ဘဲ ယခုမှကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဝင်ဖြစ်လိုပါက အောက်ပါလုပ်ထုံး လုပ်နည်းများအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်-
 
# အဖွဲ့ဝင်ဖြစ်လိုသောနိုင်ငံအစိုးရသည် WTO သဘောတူညီချက်များအရမိမိ နိုင်ငံ၏ ကုန်သွယ် ရေးနှင့်စီးပွားရေးဆိုင်ရာမူဝါဒအားလုံးကို WTO သို့ပေးပို့ရ သည်။
# ပေးပို့သောမှတ်တမ်းအားလုံးကို WTO အဖွဲ့မှအဖွဲ့ခွဲ၍အသေးစိတ်စစ်ဆေးသည်။
# အဖွဲ့ဝင်ဖြစ်လိုသောနိုင်ငံအစိုးရသည်WTO အဖွဲ့ဝင်နိုင်ငံအစိုးရများနှင့်နှစ်နိုင်ငံ ချင်းညှိနှိုင်းဆွေး နွေးပွဲများပြုလုပ်ရမည်။
# ညှိနှိုင်းဆွေးနွေးရာတွင်ဖွဲ့ဝင်သစ်ဖြစ်လိုသောနိုင်ငံမှ ကုန်စည်နှင့်ဝန်ဆောင် မှု၊ကုန်သွယ်ရေးတွင် လျော့ပေါ့ရေးမူများနှင့်လိုက်နာဆောင်ရွက်ရမည့် ကတိ ကဝတ်တို့ပါဝင် သည်။
# အဖွဲ့ဝင်ဖြစ်လိုသောနိုင်ငံ၏ကုန်သွယ်ရေးနှင့်စီးပွားရေးမူဝါဒများကို စိစစ်မှုပြီး ဆုံးပါက စိစစ်ရေး အဖွဲ့ကဝင်ခွင့်ြ့ပုမည့် စည်းကမ်းချက်များကိုရေးဆွဲရသည်။
# နောက်ဆုံးအဆင့်တွင်စိစစ်ရေးအဖွဲ့၏အစီရင်ခံစာနှင့်နှစ်နိုင်ငံအတွင်း ရေးဆွေး နွေးမှုမှရရှိလာသော သဘောတူညီချက်များကို အထွေထွေကောင်စီ (သို့မဟုတ်) ဝန်ကြီး အဆင့်အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူရမည်။
# အကယ်၍ သုံးပုံနှစ်ပုံကမဲပေး၍သဘောတူညီပါက WTO အဖွဲ့ဝင်ခွင့်ရရှိလာ မည့်လျှောက်ထားနိုင်ငံ၏ဥပဒေပြုအဖွဲ့မှ အတည်ပြုပြီး နောက်သဘောတူညီ ချက်စာချုပ်တွင် ်လက်မှတ်ရေးထိုးပြီးပါက WTO အဖွဲ့ဝင်ဖြစ်လာပါမည်။
 
== WTO ဝင်ရောက်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ ==
WTO အဖွဲ့ဝင်ရောက်ပြီး ကမ္ဘာ့ ကုန်သွယ်မှု စနစ်တွင်ပါဝင်ခြင်းဖြင့် အောက်ပါအကျိုးကျေုးဇူးများရရှိနိုင်ပါသည်။ WTO ကြီးမှူး သောကမ္ဘာ့ကုန်သွယ်မှုစနစ် သည်-
 
# ငြိမ်းချမ်းရေးမြှင့်တင်ပေးပါသည်။
# ကုန်သွယ်ရေး အငြင်းပွါးမှုများကို အပြုသဘောဖြင့်ကိုင်တွယ်ဖြေရှင်းပေးပါသည်။
# အစိုးရများအားအမြင်ကျဉ်းမြောင်းသည့် တစ်ဖက်သက်အကျိုးစီးပွားရေးရှေး ရှူမှုများကြောင့် ထိပ်တိုက်တွေ့ဆုံစေ့စပ်ညှိနှိုင်းရမည့် အခြေအနေများမှ ကာကွယ်ပေးပါသည်။
# အဖွဲ့ဝင်နိုင်ငံများအားလုံး၏ပိုမိုလွယ်ကူသက်သာသော စီးပွားရေးဘဝအခြေ အနေများကို ကုန်သွယ်မှုစည်းမျဉ်းများဖြင့် ဖန်တီးပေးပါသည်။
# ပိုမိုလွတ်လပ်မှုရှိသောကုန်သွယ်မှုဖြင့်နိုင်ငံများ၏လူနေစရိတ်များကို သက်သာ စေပါသည်။
# ကုန်ပစ္စည်းများနှင့်အရည်အသွေးများကို ရွေးချယ်ရာတွင်အခွင့်အလမ်း ပိုမိုများ ပြားစွာ ရရှိစေပါသည်။
# ကုန်သွယ်မှုမှ ဝင်ငွေတိုးတက်စေပါသည်။
# ကုန်သွယ်မှုသည် စီးပွားရေးတိုးတက်မှုနှုန်းပို၍မြင့်မားရန် အားပေးပါသည်။
# ကုန်သွယ်ရေးအခြေခံမူများသည်ကုန်သွယ်မှုစနစ်ကိုစီးပွားရေးအရ စွမ်းဆောင်ရည်ပို၍မြင့်မားစေပြီး၊စရိတ်များလျော့နည်းစေပါသည်။
# အစိုးရကုန်သွယ်ရေးမူဝါဒအရည်အသွေးကောင်းမွန်စေမှုကို ဖြစ်ထွန်းစေပါသည်။ <ref>Ministry of Commerce</ref>
 
== ကိုးကား ==
<references/>
 
[[Category:အဖွဲ့အစည်း]]
 
Line ၂၀၉ ⟶ ၂၁၀:
[[gl:Organización Mundial do Comercio]]
[[gu:વિશ્વ વેપાર સંગઠન]]
[[hak:Sṳ-kie Mo-yi Chû-chṳt]]
[[he:ארגון הסחר העולמי]]
[[hi:विश्व व्यापार संगठन]]