တရုတ်ပြည်သူ့သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
စာကြောင်း ၆၆ -
 
== နိုင်ငံခြားဆက်ဆံရေးနှင့် စစ်ရေးကိစ္စများ ==
ယခုအခါ တရုတ်နိုင်ငံသည် စီးပွားရေးအင်အားတောင့်တင်းလာသောကြောင့် စစ်ရေးလည်းတိုးချဲ့လာသည်။ အိမ်နီးချင်း[[အရှေ့တောင်အာရှနိုင်ငံများ]]၊ အရှေ့အာရှနိုင်ငံများဖြစ်သော [[ကိုရီးယား]]၊ [[ဂျပန်]]၊ [[ထိုင်ဝမ်]]တို့ကစိုးရိမ်လာကြသည်။ တရုတ်နိုင်ငံသည် [[တောင်တရုတ်ပင်လယ်]](အနောက်ဖိလစ်ပိုင်ပင်လယ်)ရှိ [[စပရက်စ်လေကျွန်းများ]]ပိုင်ဆိုင်မှုကိစ္စနှင့်ပတ်သက်၍လည်းအရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် [[ဖိလစ်ပိုင်]]၊ [[ဘရူနိုင်း]]၊ [[အင်ဒိုနီးရှား]]၊ [[ဗီယက်နမ်]]၊ [[ထိုင်ဝမ်]]တို့နှင့်အငြင်းပွားလျက်ရှိသည်။ ၎င်းကျွန်းများတွင် ရေနံစိမ်းသိုက်များရှိနိုင်ရာ စက်မှုထွန်းကားလာသဖြင့် စွမ်းအင်လိုအပ်ချက်ကြီးမားလာသောတရုတ်နိင်ငံအနေဖြင့် မျက်စိကျနေသည်။ ထို့ကြောင့် အငြင်းပွားနိုင်ငံများစစ်အင်အားပြသလေ့ရှိသည်။ တရုတ်သည် ဂျပန်နိုင်ငံနှင့်လည်း ဒိုင်အိုယုကျွန်းများပိုင်ဆိုင်မှုနှင်ပတ်သက်၍အငြင်းပွားလျက်ရှိသည်။ တရုတ်ရေတပ်မတော်သည် [[ရုရှားနိုင်ငံ]]မှ လေယာဉ်တင်သင်္ဘောဟောင်းတစ်စီးအားဝယ်ယူပြီး ပြန်လည်ပြင်ဆင်ကာအသုံးပြုလျက်ရှိသည်။ တရုတ်တို့၏ဒုံးပျံစနစ်မှာလည်းလျင်မြန်စွာတိုးတက်လျက်ရှိသည်။ ကမ္လာပတ်လမ်းကြောင်းပေါ်ရှိကမ္ဘာပတ်လမ်းကြောင်းပေါ်ရှိ ဂြိုဟ်တုဟောင်းတစ်လုံးအား ဒုံးပျံဖြင့်ပစ်ချပြီး မိမိအင်အားကိုပြသခဲ့သည်။
 
နိုင်ငံတကာဆက်ဆံရေးအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်လာသည်နှင့်အမျှ စက်သုံးဆီလိုအပ်ချက်ကြီးမားလာရာ အာဖရိသစသောနိုင်ငံများနှင့်ရင်းနီးအောင်ဆက်ဆံပြီးအာဖရိကစသောနိုင်ငံများနှင့်ရင်းနီးအောင်ဆက်ဆံပြီး ရေနံဝယ်ယူနိုင်ရန်ကြိုးပမ်းလျက်ရှိသည်။ ထို့ပြင်အဆိုပါနိုင်ငံများရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန်ကြိုးပမ်းလျက်ရှိသည်။ အိမ်နီးချင်း[[မြန်မာနိုင်ငံ]]မှ သဘာဝဓာတ်ငွေ့ကိုဝယ်ယူရန်စီစဉ်လျက်ရှိပြီး အဆိုပါလုပ်ငန်းများတွင်လည်း ငွေကြေးပမာဏမြောက်မြားစွာရင်းနှီးမြုပ်နှံထားသည်။ မြန်မာနိုင်ငံနှင့်[[အာဖရိက]]မှရေနံနှင့်သဘာဝဓာတ်ငွေ့များကို ဘင်္ဂလားပင်လယ်မှမြန်မာနိုင်ငံကိုဖြတ်သန်း၍ တရုတ်နိုင်ငံအထိ ပိုက်လိုင်းသွယ်တန်းခြင်းဖြင့်ခရီးလမ်းရှည်လျားပြီး ပင်လယ်ဓားပြပေါသော[[မလက္ကာရေလက်ကြား]]ကို ရှောင်ကွင်းနိုင်မည်ဖြစ်သည်။ ပိုက်လိုင်းနှင့်အပြိုင်ရထားလမ်း၊ ကားလမ်းများကိုတည်ဆောက်ခြင့်ဖြင့် [[ယူနန်ပြည်နယ်]]အတွက်ပင်လယ်ထွက်ရရှိပြီး တရုတ်ကုန်စည်များကို အာဖရိကနှင့်အရှေ့အလယ်ပိုင်းဈေးကွက်သို့ ခရီးလမ်းကြောင်းတိုတိုဖြင့်ပို့ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင်တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံများရှိ ရေအားလျှပ်စစ်နှင့်ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများတွင် ရင်းနှီးမြုပ်နှံလျက်ရှိသည်။ သို့ဖြင့်တရုတ်နိုင်ငံနှင့် [[လာအို]]၊ မြန်မာအစရှိသည့်အိမ်နီးချင်းနိင်ငံများနှင့်ဆက်ဆံရေးကောင်းမွန်လျက်ရှိသည်။