အောင်ရွှေ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၃၇ -
}}
 
ဗိုလ်မှူးချုပ် '''ဗိုလ်မှူးချုပ် ဦးအောင်ရွှေ''' (၁၉၁၈ – ၁၃ ဩဂုတ် ၂၀၁၇) သည် တပ်မတော် အရာရှိဟောင်းတစ်ဦးနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ [[အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်]] ကို စတင်တည်ထောင်ခဲ့သူများတွင် တစ်ဦးအပါအဝင်ဖြစ်ကာ ဥက္ကဋ္ဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။ ၂၀၀၀ ဆယ်စုနှစ် အစောပိုင်းကာလများတွင် [[ဒေါ်အောင်ဆန်းစုကြည်]]နှင့် [[တင်ဦး၊ သူရ ဗိုလ်ချုပ်ကြီး|ဦးတင်ဦး]]တို့ နေအိမ်အကျယ်ချုပ်ကျနေစဉ်အတွင်း ပါတီကို ဦးဆောင်ခဲ့သည်။<ref>{{Cite news|url=http://news.xinhuanet.com/english/2017-08/14/c_136524341.htm|title=Myanmar ruling party's former chairman U Aung Shwe dies|date=2017-08-14|work=Xinhua News Agency|access-date=|language=en}}</ref> ဦးအောင်ရွှေသည် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
 
အဖ ဦးဖိုးကွန်း၊ အမိ ဒေါ်သိန်းတို့မှ ၁၉၁၈ ခု၊ မေလ (၁၉) ရက်တွင် ဖွားမြင်သည်။ ၁၉၄၀ ခုတွင် [[ရန်ကုန်တက္ကသိုလ်]]မှ ဘီအေဘွဲ့ရသည်။ ၁၉၄၂-၄၅ ခုများတွင် [[ဗိုလ်ချုပ်အောင်ဆန်း]] ဦးဆောင်သည့် [[ဗမာ့လွတ်လပ်ရေးတပ်မတော်]]၊ [[ဗမာ့ကာကွယ်ရေးတပ်မတော်]]နှင့် ဗမာ့မျိုးချစ်တပ်မတော်တို့တွင် ပါဝင်၍ ဗြိတိသျှနယ်ချဲ့နှင့် ဂျပန် ဖက်ဆစ်ကို တော်လှန်ခဲ့သည်။