ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး အက်(စ်)->အက်စ်
အရေးမကြီးNo edit summary
စာကြောင်း ၁ -
ထို'''ဖွဲ့စည်းပုံအခြေခံဥပဒေ'''ဆိုသည်မှာ စည်းမျဉ်းစည်းကမ်းများအားလုံးနိုင်ငံတော် သို့မဟုတ် အခြားသော အဖွဲ့အစည်းတစ်ခု အုပ်ချုပ်မှုအရ အခြေခံသဘောတရားများ သို့မဟုတ် ရှိနှင့်ပြီးသော ထုံးတမ်းသာဓကများကို စုစည်းထားခြင်း ဖြစ်သည်။ ထိုစည်းမျဉ်းစည်းကမ်းများအားလုံး စုပေါင်း၍ မည်သည်ကမျက်မြင်ထင်ရှား တည်ရှိနေသည်တို့ ပါဝင်သည်။ ထို သဘောတရားများအားထိုသဘောတရားများအား တရားဝင် စာရွက်စာတမ်းများအဖြစ်သို့ ချရေးပြီးသောအခါ ထိုစာရွက်စာတမ်းတို့ကို စာဖြင့်ရေးသားထားသော ဥပဒေ အဖြစ် ဖွဲ့စည်းပြောဆိုနိုင်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံတော် သို့မဟုတ် အခြားသော အဖွဲ့အစည်းတစ်ခု အုပ်ချုပ်မှုအရ အခြေခံသဘောတရားများသို့မဟုတ် ရှိနှင့်ပြီးသောထုံးတမ်းသာဓကများကို စုစည်းထားခြင်းဖြစ်သည်။
ထို စည်းမျဉ်းစည်းကမ်းများအားလုံး စုပေါင်း၍ မည်သည်ကမျက်မြင်ထင်ရှား တည်ရှိနေသည်တို့ ပါဝင်သည်။ ထို သဘောတရားများအား တရားဝင် စာရွက်စာတမ်းများအဖြစ်သို့ ချရေးပြီးသောအခါ ထိုစာရွက်စာတမ်းတို့ကို စာဖြင့်ရေးသားထားသော ဥပဒေ အဖြစ် ဖွဲ့စည်းပြောဆိုနိုင်သည်။
 
အခြေခံဥပဒေသည် အဖွဲ့အစည်းအဆင့်အမျိုးမျိုး၊ အာဏာပိုင် မှ ကုမ္ပဏီများ နှင့် သမဝါယမ မဟုတ်သော အသင်းအဖွဲ့တို့အထိ သက်ဆိုင်သည်။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ဖွဲ့စည်းခြင်းဟူသည့် သဘောတူစာချုပ် သည်လည်း ထိုအဖွဲ့အစည်းမှ မည်သို့ ပါဝင်ဖွဲ့စည်းရမည်ကို ဖွင့်ဆိုထားသော အခြေခံဥပဒေပင်ဖြစ်သည်။ နိုင်ငံတော် အတွင်းတွင် အာဏာပိုင် သို့မဟုတ် ဗဟိုအစိုးရ မည်သူအုပ်ချုပ်သည်ဖြစ်စေ နိုင်ငံတော်အပေါ်တွင် အခြေပြုသော သဘောတရား ထုံးတမ်းများ၊ မည်သည့် ဥပဒေများကို ပြုလုပ်ပုံ နှင့် မည်သူမှ ဥပဒေကိုပြုသည်တို့ကို အခြေခံဥပဒေမှ သတ်မှတ်သည်။ အချို့သော အခြေခံဥပဒေတို့တွင် အထူးသဖြင့် ရေးသားတင်သွင်းထားသော အခြေခံဥပဒေများသည် အခြေခံကျသောအခွင့်အရေးများ ကဲ့သို့သော နိုင်ငံအုပ်ချုပ်သူတို့မှ ကျူးကျော်ခြင်းမပြုနိုင်သည့် လိုင်းများကို ဖော်ပြခြင်းဖြင့် နိုင်ငံအာဏာ ကန့်သတ်ချက် အဖြစ်လည်း ဆောင်ရွက်နိုင်သည်။
 
အိန္ဒိယနိုင်ငံ၏အခြေခံဥပဒေ[[အိန္ဒိယနိုင်ငံ]]၏အခြေခံဥပဒေ သည်ကမ္ဘာပေါ်တွင် ရှိသည့် အာဏာပိုင်တို့အုပ်ချုပ်သမျှ တိုင်းပြည်တို့တွင် အရှည်လျားဆုံး ရေးသားထားသည့် အခြေခံဥပဒေဖြစ်သည်။ အင်္ဂလိပ်ဘာသာဖြင့်မူတွင် စာလုံးပေါင်း ၁၁၇,၃၆၉ လုံးပါဝင်သည့် စာချုပ်ပါ ပိုဒ်ခွဲပေါင်း ၄၄၄ ခုပါဝင်သည် လုပ်ငန်းစဉ်ပေါင်း ၁၂ ခုနှင့် ပြင်ဆင်ဖြည့်စွက်ချက် ၉၄ ခုတို့ပါဝင်သည်။ အမေရိကန်ပြည်ထောင်စု၏အခြေခံဥပဒေမှာ[[အမေရိကန်ပြည်ထောင်စု]]၏အခြေခံဥပဒေမှာ
အတိုဆုံး ရေးသားထားသည့် အခြေခံဥပဒေဖြစ်သည်။
 
== ဝေါဟာရသမိုင်း ==
အခြေခံဥပဒေ ဟူသောဝေါဟာရသည် [[ပြင်သစ်ဘာသာစကား|ပြင်သစ် စကားဖြစ်ပြီးစကား]]ဖြစ်ပြီး လက်တင် စကားလုံး constitutio (ကွန်စတီကျူတီအို) မှဆင်းသက်လာသည်။ အင်ပါယာနှင့် ဆိုင်သော ဥပဒေပြုခြင်း တို့ကဲ့သို့သော စည်းမျဉ်း၊ နှင့် အစီအစဉ်ပြုမှု တို့တွင် သုံးသည်။ (constitutiones principis (ကွန်စတီကျူတီရှင်းနီး ပရင်စီးပီးစ်) –edicta(အက်ဒစ်တာ)၊ mandata (မန်ဒါ တာ)၊ decreta(ဒီခရီတာ)၊ rescripta(ရက်(စ်)ခရစ်တာ)။[6] ထို့နောက်တွင်မူ ထိုအသုံးအနှုန်းကို အရေးကြီးသော ဆုံး ဖြတ်ချက်များအတွက် ဘာသာရေးဥပဒေထုံး တွင် ကျယ်ပြန့်စွာအသုံးပြုလာခဲ့သည်။ အထူးသဖြင့် ပုပ်ရဟန်းမင်းကြီး တို့မှ ဆုံးဖြတ်သော ဥပဒေ တို့တွင်သုံးပြီး ယခုအခါ ပုပ်ရဟန်းမင်းနှင့်သက်ဆိုင်သောဥပဒေ အဖြစ် သတ်မှတ်ထားသည်။
 
== ယေဘုယျ ပါဝင်မှုများ ==
Line ၂၄ ⟶ ၂၃:
== သမိုင်းဖြစ်စဉ် နှင့် ဖွံ့ဖြိုးတိုးတက်လာမှု ==
 
'''===ရှေးဦး အခြေခံဥပဒေများ'''===
၁၈၇၇ ခုနှစ်တွင် Ernest de Sarzec (အားနက်(စ်) ဒီ ဆာဇက်) ၏ ယနေ့ခေတ် အီရတ်တွင် မြေတွင်းများတူးခြင်း တွင် ဘီစီ ၂၃၀၀ ဝန်းကျင်ခန့်က Lagash (လာဂတ်(ရှ်)) ၏ Sumerian (ဆုမာရီးယန်) ဘုရင် Urukagina (ယူကာဂီနား) မှတင်သွင်းအဆိုပြုခဲ့သည့် အစောဆုံး တရားဥပဒေ ၏ကျင့်ဝတ် စည်းကမ်းများ ရှိခဲ့သည့် အထောက်အထားများ တွေ့ခဲ့သည်။ အစိုးရနှင့်ပတ်သက်သော ဥပဒေ အစောဆုံး ပုံစံ မျိုးကိုမူ ရှာတွေ့ခြင်း မရှိခဲ့သော်လည်း ၎င်းသည် သူ့တိုင်းသူပြည်သားတို့၏ အခွင့်အရေးတို့ကို ခွင့်ပြုပေးခဲ့သည်။ ဥပမာအားဖြင့် မုဆိုးမ နှင့် မိဘမဲ့များအား အခွန်အခတို့မှ ကင်းလွတ်ပေးခဲ့ပြီး၊ ချမ်းသာသူတို့မှ သူဆင်းရဲတို့အား အတိုးကြီးစား၍ ငွေတိုးချခြင်း တို့ကို ကာကွယ်ပေးခဲ့သည်။
 
၎င်းနောက်တွင် အစိုးရတို့မှာ အထူး အဆိုပြုရေးသားတင်သွင်းထားသော ဥပဒေတို့နှင့် အုပ်ချုပ်ခဲ့သည်။ ထိုကဲ့သို့ ရှေးအကျဆုံး စာရွက်စာတမ်းများဖြစ်သည့်Ur (အာနိုင်ငံ)(ဘီစီ ၂၀၅၀ ဝန်းကျင်) ၏ Code of Ur-Nammu ( အာ-နမ်မူ ကိုဓဥပဒေ) သည် ရှိနေဆဲ ဖြစ်သည်ဟုသိရသည်။ လူသိများသော အခြား ရှေးဟောင်း ဥပဒေ စည်းကမ်းတို့တွင်Isin (အိုင်စင်နိုင်ငံ) ၏ Lipit-Ishtar (လီပစ်-အစ်ရှတာ) ၊ Babylonia (ဘေဘီလိုနီးယား) ၏ code of Hammurabi (ဟမ်မူရာဘီ ကိုဓဥပဒေ)၊ Hittite code (ဟစ်တီ ကိုဓဥပဒေ) ၊ Assyrian code (အက်စ်စီရီးရမ်း ကိုဓဥပဒေ) နှင့် Mosaic law (မိုးဇက် ဥပဒေ) တို့ပါဝင်သည်။
 
=== နောက်ပိုင်း အခြေခံဥပဒေများ ===
'''====အေသင်'''====
 
ဘီစီ ၆၂၁ ခုတွင် စာရေးတစ်ဦးဖြစ်သော Draco (ဒရက်ကို) မှ အေသင် ၏ နိုင်ငံ အာဏာပိုင် တို့၏ ရက်စက် ကြမ်းကြုတ်သော နုတ်ထွက် ဥပဒေတို့ကို ရေးသားစံပြု ဥပဒေ ပြုခဲ့သည်။ ၎င်းတွင် ပြစ်မှုများစွာတို့အတွက် သေဒဏ် ပေးထားသည်၊ (ယနေ့ခေတ်တွင် အလွန်ပြင်းထန်သော စည်းကမ်းမျိုးကို"Draconian" ("ဒရက်ကိုဥပဒေ") ဟုပင် ခေါ်သည်)။ Solon (ဆိုလွန်) တွင် ဘီစီ ၅၉၄ က၊ အေသင်၏ အုပ်ချုပ်သူများသည် Solonian Constitution (ဆိုလိုနီယံအခြေခံဥပဒေ )ကိုဖန်တီးခဲ့ကြသည်။ ၎င်းသည် အလုပ်သမားတို့၏ ဒုက္ခဆင်းရဲတို့ကို သက်သာစေခဲ့သည်။ အုပ်ချုပ်သူလူတန်းစားအဖွဲ့ဝင်ခြင်းသည် မျိုးနွယ် (မင်းမျိုးမင်းနွယ်) အရထက် စည်းစိမ်ကြွယ်ဝမှု (ဓနရှင်) ပေါ်တွင် အခြေခံရန် ဆုံးဖြတ်ခဲ့သည်။ ဘီစီ ၅၀၈ တွင် Cleisthenes (ကလပ်(စ)စီသီးနစ်(စ်))မှ တစ်ဖန် အေသင်အခြေခံဥပဒေကို ပြန်လည်ပြုပြင်၍ ဒီမိုကရက်တစ် အုတ်မြစ်အဖြစ် ထားရှိခဲ့သည်။
Line ၃၆ ⟶ ၃၅:
Aristotle (အရစ်စတိုတယ်) (ဘီစီ ၃၅၀ ဝန်းကျင်) သည် အခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဖြစ်သော အစိုးရ တို့၏သဘောတရားတို့ကို ဖော်ထုတ်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဖြစ်သော အစိုးရပုံစံ အမျိုးပေါင်းများစွာကို အဆင့်သတ်မှတ်ရန် ကြိုးစားခြင်းဖြင့် သာမန်ဥပဒေ နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအကြား တရားဝင်ကွဲပြားခြားနားခြင်း တို့ကို ပြုလုပ်ခဲ့သည့် ပထမဆုံး သမိုင်းမှတ်တမ်းဝင်သူဖြစ်သည်။ သူက ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံအကျဆုံး ဖွင့်ဆိုချက်အဖြစ် သာမန်အသုံးအနှုန်းတို့ဖြင့် “ နိုင်ငံတော်အတွင်း ရုံး၊ ဌာနများကို စီစဉ်ထားရှိခြင်း” ဟုဖွင့်ဆိုခဲ့သည်။ သူ၏ လုပ်ဆောင်ချက်များတွင် အေသင်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံရေး နှင့် Nicomachean Ethics (နီကိုမာချီယမ် ကျင့်ဝတ်)၊ သူ့ခေတ်အခါ၏ အေသင်၏ အခြေခံ ဥပဒေအပါအဝင်၊ Sparta (စပါတာ) နှင့် Carthage (ကာသေ့ချ်) တို့၏ အခြေခံဥပဒေ အမျိုးစုံကို ရှာဖွေ ထုတ်ဖော်ခဲ့သည်။ သူ ကောင်းသည်၊ ဆိုးသည်ဟု ယူဆသတ်မှတ်ထားသည့် အခြေခံဥပဒေတို့ကို အဆင့် ခွဲခြားသတ်မှတ်ပြီး နောက်ဆုံးတွင် အကောင်းဆုံး အခြေခံဥပဒေဟူသည် ရောနှောထားသည့် စနစ်တစ်ခုမျိုးဖြစ်ကြောင်း၊ သက်ဦးစံပိုင်စနစ်၊ မင်းမျိုးစိုးနွယ် စနစ် နှင့် ဒီမိုကရက်တစ် လိုအပ်ချက်မျိုးစုံပါဝင်သည်ဟု ကောက် ချက်ချခဲ့သည်။ နိုင်ငံတော်တာဝန်ထမ်းဆောင်ခွင့်ရှိသူ နိုင်ငံသားများ၊ နိုင်ငံသားမဟုတ်သူများ နှင့် ကျွန်များ၊ တာဝန် ထမ်းဆောင်ခွင့်မရှိသူများဟူ၍လည်း ခွဲခြားခဲ့သည်။
 
==== ရောမ ====
ရောမတို့၏ ပထမဆုံး အခြေခံဥပဒေကို ဘီစီ ၄၄၉ တွင် Twelve Tables (စားပွဲ တစ်ဆယ့်နှစ်လုံး) ဟုပြဌာန်းခဲ့သည်။ အချိန်နှင့်အမျှ ထပ်ပေါင်းထည့်ထားသော ဥပဒေများအောက်တွင် စီရင်ခဲ့ကြသော်လည်း ရောမ ဥပဒေသည် Codex Theodosianus (ကိုဒက် သီအိုဒိုဆိုင်းနပ်(စ်)) (အေဒီ ၄၃၈) မပေါ်ခင်အထိ ဥပဒေတစ်ခု အဖြစ် အသိအမှတ်ပြုခြင်း မခံခဲ့ရပေ။ နောက်ပိုင်းတွင် အရှေ့ပိုင်းအင်ပိုင်ယာတွင် Codex repetitæ prælectionis (ကိုဒက် ရီပီတီတေး ပရာလက်ရှင်းနစ်) (၅၃၄) သည် ဥရောပ တစ်ဝှမ်းအထိ အကြီးအကျယ် လွှမ်းမိုးခဲ့သည်။ အရှေ့ပိုင်းတွင် Leo III the Isaurian (လီယို III အစ်ဇယ်ယူရီယမ်) (၇၄၀) ၏ Ecloga (အီကလိုဂါ) နှင့် Basil I (ဘာဆေး(လ်) I )(၈၇၈) ၏ Basilica (ဘာစီလီကာ) တို့အဖြစ် လိုက်နာခဲ့သည်။
 
==== အိန္ဒိယ ====
ရှေးဟောင်း အိန္ဒိယ တွင်အုပ်စိုးခဲ့သော ၃ ရာစု ဘီစီ Maurya (မာယူရ) ဘုရင် အတွက် Edicts of Ashoka (အာသောက၏ အမိန့်ပြန်တမ်း ) သည် အခြေခံဥပဒေ နည်းနာကျင့်ထုံးများအဖြစ် ထုတ်ဖော်ခဲ့သည်။
 
==== မီဒီနာ ====
Constitution of Medina (မီဒီနာ၏ အခြေခံဥပဒေ)(Arabic (အာရေဗျ): صحیفة المدینه‎, Ṣaḥīfat al-Madīna), မီဒီနာ၏ ပဋိညာဉ် စာတမ်း ဟုလည်းခေါ်သည်။ ယင်းကို အစ္စလမ်ပညာရှိ မူဟာမက် မှအကြမ်းရေးခဲ့သည်။ ယင်းတွင် မူဟာမက် နှင့် Yathrib (ရသရစ်) (နောင်တွင် Medina (မီဒီနာ)ဟုခေါ်ဆို) ရှိ မူဆလင်၊ ဂျူး နှင့် ဗာဟီရဝါဒီ တို့အပါအဝင် အားလုံးသော အရေးကြီးသည့် လူမျိုးနွယ်စုများနှင့် မိသားစုများ အကြား တရားဝင် သဘောတူညီချက်များ ပါဝင်သည်။ [8][9] ထိုစာတမ်းသည် မီဒီနာအတွင်း Aws (အောစ်) Aus (အောက့်(စ်)) အဖွဲ့များ နှင့် Khazraj (ခါဇ်ဂျေး) တို့အကြား ခါးသီးသော လူမျိုးစုတွင်း ရန်ပွဲများအား အဆုံးသတ်ခြင်းသို့ ယူဆောင်လာစေရန် အထူးရည်ရွယ်ထားခြင်းဖြစ်သည်။ ယင်း၏အကျိုးသက်ရောက်မှုကြောင့် မီဒီနာရှိ မူဆလင် ၊ ဂျူး နှင့် ဗာဟီရဝါဒီလူမှုရေးနယ်ပယ် တို့တွင် အခွင့်အရေးနှင့် တာဝန်ယူမှုများစွာတို့ကို တည်ဆောက်ပေးနိုင်ခဲ့ပြီး Ummah (အူမာ) ဟူသည့် တစ်နယ်တည်းအဖြစ် တည်ထောင်ပေးခဲ့သည်။
 
မီဒီနာ၏ အခြေခံဥပဒေပေါ်ပေါက်လာသည့် နေ့စွဲအတိအကျကို အငြင်းပွားနေဆဲဖြစ်သော်လည်း ယေဘုယျအားဖြင့် ပညာရှင်တို့က Hijra (ဟစ်ဂျရား) (၆၂၂) အပြီး မကြာမီပင်ဖြစ်သည်ဟု လက်ခံကြသည်။ ယင်းသည် ပထမဆုံး အစ္စလမ်နိုင်ငံတော်ကို ထိရောက်စွာ တည်ထောင်နိုင်ခဲ့သည်။ အခြေခံဥပဒေ ပြဌာန်းခြင်းသည် လူမှုရေး နယ်ပယ်၏ လုံခြုံရေး၊ ဘာသာရေးလွတ်လပ်မှု၊ မီဒီနာအား haram (ဟေရမ်) သို့မဟုတ် မြင့်မြတ်သောနေရာ အဖြစ်သတ်မှတ်ခြင်း (အားလုံးသော အကြမ်းဖက်မှု နှင့် လက်နက်တို့အားတားမြစ်ခြင်း)၊ အမျိုးသမီးတို့၏ လုံခြုံရေး၊ မီဒီနာအတွင်း လူမျိုးစုတို့၏ တည်ငြိမ်သောဆက်ဆံရေး၊ ပဋိပက္ခတွင်း လူမှုရေးနယ်ပယ်အားထောက်ပံ့ရေးအတွက် အခွန်စနစ်၊ ပြင်ပနိုင်ငံရေးရာ မဟာမိတ်များအတွက် သတ်မှတ်ချက်ဘောင်၊ လူတစ်ဦးချင်းစီအတွက် ကာကွယ်မှု ပေးအပ်ထားသော စနစ်၊ စည်းကမ်းဖောက်ဖျက်မှုတို့ကို ဖြေရှင်းမည့် တရားစီရင်ရေးစနစ်၊ နှင့် လူသတ်ခ( မိသားစုများ သို့မဟုတ် လူမျိုးစုများအကြား တစ်စုံတစ်ဦးကို သတ်ခြင်းအတွက် ဥပဒေအရ အညီအမျှပြန်လည် အပြစ်ပေးခံရခြင်း အစား ပေးရသော အဖိုးအခ) ပေးရန်ကိုပါ ထိန်းညှိထားသည်။
 
==== အင်္ဂလန် ====
၁၁၀၀ ခုနှစ်က အင်္ဂလန် တွင် Henry I's ( ဟင်နရီ I၏ ) လွတ်လပ်ခွင့်ကြေညာစာတမ်း အရ ဘုရင်မင်းမြတ်အား ပထမဆုံးအကြိမ်အဖြစ် သူ၏ ဘုန်းတော်ကြီး နှင့် မှူးမတ်မျိုးနွယ်တို့ အပေါ်ဆက်ဆံမှုကို ချုပ်ကိုင်ခဲ့သည်။ ၎င်းအယူအဆသည် အင်္ဂလိပ်မှူးမတ်တို့မှ ၁၂၁၅ ခုနှစ်တွင် King John (ဘုရင်မင်းမြတ် ဂျွန်) အား Magna Carta(မက်နာ ကာတာ) ကိုလက်မှတ်ရေးထိုးရန် ဖိအားပေးခြင်းဖြင့် အဓွန့်ရှည်၊ မွမ်းမံခဲ့သည်။ Magna Carta(မက်နာ ကာတာ) ၏အရေးအကြီးဆုံး အကြောင်းအရာမှာ “ဖမ်းဆီးခံရသူတစ်ဦးကို လွှတ်ပေးသင့်၊ မပေးသင့် စုံစမ်းစစ်ဆေးရန် ရုံးတော်ရှေ့မှောက်သို့ ဆင့်ခေါ်သည့်အမိန့်စာ” နှင့်စပ်လျဉ်းသည်။ ဆိုထားသည်မှာ ဘုရင်မင်းမြတ်သည် တစ်စုံတစ်ဦးကို ထောင်သွင်းအကျဉ်းချခြင်း၊ ဥပဒေဖောက်ဖျက်သည်ဟု သတ်မှတ်ခြင်း၊ ပြည်နှင်ဒဏ်ပေးခြင်း သို့မဟုတ် သတ်ခြင်းတို့ကို စိတ်ကူးပေါက်၍ပြုလုပ်ခြင်းမှ ခွင့်မပြုထားပေ။ ပထမဦးစွာ ဥပဒေအရသာ အဆင့်ဆင့်ဆောင်ရွက် ၍ဥပဒေနှင့်အညီဆုံးဖြတ်ရမည်ဟု ပါသည်။
 
Line ၅၃ ⟶ ၅၂:
သတ်မှတ်ထွက်ဆိုသည့် တရားဥပဒေအရ သို့မဟုတ် နိုင်ငံတော်၏ဥပဒေအရ အပြစ်ရှိသည်ဟုသတ်မှတ်ခြင်း မဟုတ်ဘဲနှင့် သူ့အားမလိုလား၍ ပြုလုပ်ခြင်း၊ ပို့ဆောင်ခြင်း မပြုလုပ်ရ ဟူ၏။ ထိုအချက်မှစ၍ ထိုပြဌာန်းချက်မှာ အင်္ဂလိပ်လွတ်လပ်မှုအခွင့်အရေး၏ အုတ်မြစ်ဖြစ်လာသည်။ မူလဖြစ်သော ဘုရင်မင်းမြတ် နှင့် သူ၏ မှူးမတ်မျိုးနွယ်၊ မင်းစိုးရာဇာတို့ အကြား လူမှုရေးဆိုင်ရာ သဘောတူညီချက် မှ ပြည်သူလူထုတစ်ရပ်လုံး အထိ တဖြည်းဖြည်း ကျယ်ပြန့်သွားသည်။ ယင်းသည် အခြေခံဥပဒေနှင့်အုပ်ချုပ်သည့်ဘုရင်စနစ်သို့ ဦးတည်သွားသည်။ ယင်းမှာ ဘုရင်းမင်းမြတ်၏အာဏာနှင့် အောက်လွှတ်တော် ရှိ မှူးမတ်မျိုးနွယ်တို့အကြား ပိုမို၍ ညီညွတ်မျှတမှုရှိစေရန် ပုံဖော်သွားသည်။
 
==== တရုတ်နိုင်ငံ ====
တရုတ်နိုင်ငံ တွင် Hongwu (ဟွမ်းဝူ) ဧကရာဇ် သည် ဘိုးဘွားပိုင်တရားဝင်အမိန့် (၁၃၇၅ တွင်စတင် ပြဌာန်း၍ သူနတ်ရွာစံချိန် ၁၃၉၈ မတိုင်ခင်အထိ နှစ်ကြိမ်တိုင်တိုင် ပြန်လှန်သုံးသပ်ခဲ့သည်) ကိုဖန်တီး၍ ပိုမိုကောင်းမွန် အောင်ပြုပြင်ခဲ့သည်။ ယင်းစည်းမျဉ်းစည်းကမ်းများသည် မင်မင်းဆက် တွင်နောင် ၂၅၀ နှစ်တိုင်တိုင် အခြေခံဥပဒေ အဖြစ် တည်တံ့နိုင်ခဲ့သည်။
 
=== မျက်မှောက် အခြေခံဥပဒေများ ===
ရှေးဦးဆုံး ရေးသားခဲ့သောအခြေခံဥပဒေနှင့် ယနေ့တိုင် ဆက်လက်အုပ်ချုပ်နေသေးသည့် နိုင်ငံမှာ San Marino (ဆမ်မာရီယို) ဖြစ်သည်။ Leges Statutae Republicae Sancti Marini (ဆမ်မာရီယို၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ )သည်လက်တင်ဘာသာနှင့် ရေးသားထားပြီး အုပ်ရေ ခြောက်အုပ်ပါဝင်သည်။ ပထမဆုံးစာအုပ်တွင် စာပိုဒ်ရေ ၆၂ ပိုဒ်ခွဲ၊ ကောင်စီများ တရားရုံးများ ဖွဲ့စည်းခြင်း၊ အမျိုးမျိုးသော အုပ်ချုပ်မှုရေးရာ အရာရှိများ နှင့် သူတို့ကို ပေးအပ် သောအခွင့်အာဏာများ စသည်တို့ပါဝင်သည်။ ကျန်ရှိသောစာအုပ်များမှာ ရာဇဝတ်မှု နှင့် တရားမ ဥပဒေ၊ တရားစီရင်မှု လုပ်ထုံးများနှင့် ပြင်ဆင်ချက်များ ပါဝင်သည်။ ၁၆၀၀ ခုနှစ်တွင် ရေးသားခဲ့ပြီး ၁၃၀၀ ခုနှစ်က Statuti Comunali (စတက်ကျူတီ ကော်မြူနလီ) (မြို့တော် ဥပဒေပြုအာဏာပိုင်အဖွဲ့)က ပြဋ္ဌာန်းသည့် ဥပဒေ ပေါ်တွင်အခြေခံပြီး ယင်းသည် Codex Justinianus (ကိုဒက် ဂျက်စတီနီအေနပ်(စ်)) ဖြင့်လွှမ်းမိုးနေပြီး၊ ယနေ့တိုင် အကျိုးသက်ရောက် မှုရှိနေသေးသည်။
 
Line ၇၁ ⟶ ၇၀:
အောက်ပါအချက်များသည် အမျိုးသား အခြေခံဥပဒေအားလုံးတွင် တစ်နည်းမဟုတ်တစ်နည်း ပါဝင်တည်ရှိနေသည်ဟု နိုင်ငံရေးသိပ္ပံသမားတို့ သတ်မှတ်ခဲ့သည့် ဒီမိုကရက်တစ် အခြေခံဥပဒေ၏ သွင်ပြင်လက္ခဏာများ ဖြစ်သည်။
 
=== စနစ်တကျ စီစဉ်ပေါင်းစုထားခြင်း ===
အခြေခံကျသော အဆင့်သတ်မှတ်ခွဲခြားမှုသည် စနစ်တကျစီစဉ်ပေါင်းစုထားခြင်း ရှိခြင်း နှင့် မရှိခြင်းပင်ဖြစ်သည်။ စနစ်တကျ စီစဉ်ရေးသားထားသော အခြေခံဥပဒေဟူသည် စာအုပ်စာတမ်းတစ်ခုတည်းအဖြစ်တွင်ပါဝင်ရမည်။ ၎င်းမှာလည်း နိုင်ငံတွင်းရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဌာန်းသည့် ရင်းမြစ် တစ်ခုတည်းကသာ လာရမည်ဖြစ်သည်။ စနစ်တကျ စီစဉ်ပေါင်းစုထားခြင်းမရှိသည့် ဥပဒေဟူသည်မှာ စာအုပ်စာတမ်းတစ်ခုတည်းအဖြစ်တွင် မရှိခြင်း၊ ရေးသားထားမှုရှိခြင်း၊ မရှိခြင်းတို့ပါရောနှော စုံလင်သည့် ရင်းမြစ်ပေါင်း မြောက်များစွာပါဝင်ခြင်းတို့ဖြစ်သည်။
 
=== စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေ ===
ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေ ရှိသည်။ စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေတို့သည် အထင်ကရ နိုင်ငံရေးအပြောင်းအလဲများဖြစ်သည့် တော်လှန်ရေး တို့၏ ရလဒ်ဖြစ်သည်။ နိုင်ငံတစ်ခုမှ အခြေခံဥပဒေတစ်ခုကို လက်ခံယူသည့်ဖြစ်စဉ်သည် ထိုအခြေခံကျသော ပြောင်းလဲမှုကို ဖြစ်ထွန်းစေသည့် သမိုင်းကြောင်းနှင့် နိုင်ငံရေးရာ ဆက်စပ်အခြေအနေတို့နှင့် အထူး ယှဉ်တွဲလျက် ရှိသည်။ စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေ ၏ တရားဝင်ဖြစ်ခြင်း (အဓွန့်ရှည်ခြင်း) သည်လည်း ၎င်း ဥပဒေကို စတင်လက်ခံယူသည့် လုပ်ငန်းစဉ်တို့နှင့် ဆက်နွယ်သည်။ စနစ်တကျ စီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေရှိသည့် နိုင်ငံများသည် သာမန်အားဖြင့် ဥပဒေပြုအာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းသည့် ပုံမှန် ဥပဒေထက် အခြေခံဥပဒေကို ပိုမိုအဆင့်မြှင့်အလေးပေးကြသည်။
ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေ ရှိသည်။
စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေတို့သည် အထင်ကရ နိုင်ငံရေးအပြောင်းအလဲများဖြစ်သည့် တော်လှန်ရေး တို့၏ ရလဒ်ဖြစ်သည်။ နိုင်ငံတစ်ခုမှ အခြေခံဥပဒေတစ်ခုကို လက်ခံယူသည့်ဖြစ်စဉ်သည် ထိုအခြေခံကျသော ပြောင်းလဲမှုကို ဖြစ်ထွန်းစေသည့် သမိုင်းကြောင်းနှင့် နိုင်ငံရေးရာ ဆက်စပ်အခြေအနေတို့နှင့် အထူး ယှဉ်တွဲလျက် ရှိသည်။ စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေ ၏ တရားဝင်ဖြစ်ခြင်း (အဓွန့်ရှည်ခြင်း) သည်လည်း ၎င်း ဥပဒေကို စတင်လက်ခံယူသည့် လုပ်ငန်းစဉ်တို့နှင့် ဆက်နွယ်သည်။
စနစ်တကျ စီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေရှိသည့် နိုင်ငံများသည် သာမန်အားဖြင့် ဥပဒေပြုအာဏာပိုင်အဖွဲ့က ပြဋ္ဌာန်းသည့် ပုံမှန် ဥပဒေထက် အခြေခံဥပဒေကို ပိုမိုအဆင့်မြှင့်အလေးပေးကြသည်။
 
၎င်းမှာ တရားဝင်ပြုထားသော ဥပဒေပြုအာဏာပိုင်အဖွဲ့၏ဥပဒေနှင့် စနစ်တကျစီစဉ်ပေါင်းစုထားသည့် အခြေခံဥပဒေ တို့ကြား ပဋိပက္ခ တစ်ခုခု ရှိလျှင် အာဏာပိုင်အဖွဲ့၏ဥပဒေအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို တရားရုံးမှ တရားဥပဒေဘောင်ပြင်ပသို့ရောက်ခြင်း ဟု ကြေငြာသတ်မှတ်ပြီး အခြေခံဥပဒေနှင့်မညီညွတ်ကြောင်း ပယ်ဖျက်နိုင်သည်။ ထပ်လောင်းဆိုရလျှင် အခြေခံဥပဒေ ကို ပြုပြင်ခြင်း ပြုရန် အလွန်ပြောင်မြောက်သည့် လုပ်ဆောင်ချက်များလိုအပ်သည်။ ထိုလုပ်ဆောင်ချက်များမှာ အထူး တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ယူခြင်း သို့မဟုတ် ဥပဒေပြုသူများ၏ ထောက်ခံမဲပေးမှု အများစုဖြစ်ရန်၊ ဒေသတွင်း ဥပဒေပြုသူတို့၏သဘောတူညီမှုပါဝင်ရန်၊ ပြည်လုံးကျွတ်မဲဆန္ဒခံယူခြင်း စသည်တို့လိုအပ်သည့် ပါလီမန်အတွင်း သဘောတူညီချက်များရယူခြင်း နှင့် အခြားသော ရိုးရိုးဥပဒေတစ်ခုထုတ်ရန်ထက် ပိုမိုခက်သည့်လုပ်ငန်းစဉ်များကို အခြေခံဥပဒေပြင်ဆင်ရန်တွင် ပါဝင်သည်။
 
=== စနစ်တကျစီစဉ်ပေါင်းစုထားခြင်းမရှိသည့် အခြေခံဥပဒေ ===
၂၀၁၀ ရောက်သည်တွင် အစ္စရေး ၊ နယူးဇီလန် နှင့် ဗြိတိန် အနည်းဆုံး နိုင်ငံသုံးခုတွင် စနစ်တကျ စီစဉ်ပေါင်း စုထားခြင်းမရှိသည့် အခြေခံဥပဒေတို့ ရှိနေသည်။ စနစ်တကျစီစဉ်ပေါင်းစုထားခြင်းမရှိသည့် အခြေခံဥပဒေ (ရေးသားတင်သွင်းမှုမပြုထားသည့် အခြေခံဥပဒေဟုလည်းခေါ်) တို့သည် ရာစုနှစ်ပေါင်းများစွာ ဥပဒေတို့ နှင့် သဘောတူညီမှုစာချုပ်တို့ "ပြောင်းလဲတိုးတက်လာမှု" တို့၏ရလဒ်ပင်ဖြစ်သည်။ စနစ်တကျ စီစဉ်ပေါင်းစုထားသည့် ဥပဒေ ဖြစ်သော အင်္ဂလန်တွင် အစပြုခဲ့သော ဝက်စ်မင်စတာ ထုံးတမ်း တို့နှင့် နှိုင်းယှဉ်ရလျင် စနစ်တကျ စီစဉ်ပေါင်းစုထားခြင်းမရှိသည့် အခြေခံဥပဒေတို့တွင် တင်သွင်းရေးသားထားသော ရင်းမြစ်များပါဝင်သည်။ ဥပမာ ပါလီမန်မှ ပြဌာန်းသော အခြေခံအက်ဥပဒေများ (House of Commons Disqualification Act 1975) (အောက်လွှတ် တော် စည်းဝတ်မညီညွတ်မှုအက်ဥပဒေ ၁၉၇၅)၊ Northern Ireland Act 1998 (မြောက်အိုင်ယာလန်အက်ဥပဒေ ၁၉၉၈)၊ Scotland Act 1998 (စကော့တလန်အက်ဥပဒေ ၁၉၉၈)၊ Government of Wales Act 1998 (ဝေလအစိုးရအက်ဥပဒေ ၁၉၉၈)၊ European Communities Act 1972 (ဥရောပလူမှုဝန်းကျင်အက်ဥပဒေ ၁၉၇၂) နှင့် Human Rights Act 1998 (လူ့အခွင့်အရေးအက်ဥပဒေ ၁၉၉၈ ) နှင့် ရေးသားထားခြင်း မပြုသည့် ရင်းမြစ်များဖြစ်သော ပါလီမန်အတွင်း သဘောတူညီလက်ခံမှုများ၊ အစဉ်အလာများ တို့ကိုလေ့လာကိုးကားခြင်း၊ တော်ဝင်အထူးလုပ်ပိုင်ခွင့်အာဏာများ၊ ထုံးတမ်းများ နှင့် အထွေထွေရွေးကောက်ပွဲတို့ကို ကြာသပတေးနေ့တို့တွင်သာ အမြဲကျင်းပခြင်းတို့ကဲ့သို့သော ရိုးရာ တို့အားလုံးစုပေါင်း၍ ဗြိတိန်နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။
 
Line ၈၉ ⟶ ၈၆:
စာဖြင့်ရေးသားထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည့်အသုံးအနှုန်းကို အလုံးစုံ စာဖြင့်ရေးသားထားသောဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ရပ်ကို ဖော်ပြရန် အသုံးပြုပြီး၊ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ဥပဒေများကို စနစ်တကျ စီစဉ်ပေါင်းစုထား သော ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်း ပါဝင်သည်၊ သို့သော် စာဖြင့်ရေးသားထားသော စာရွက်စာတမ်း များပေါ်တွင် လုံးဝ အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအားလုံးသည် ဥပဒေများကို စနစ်တကျ စီစဉ်ပေါင်းစုထားခြင်း မဟုတ်ပေ။
 
=== စနစ်တကျပေါင်းစုထားခြင်း ===
 
ဖွဲ့စည်းပုံအခြေခံဥပဒေအချို့မှာ အားလုံးမဟုတ်သော်လည်း အတော်များများမှာ ဥပဒေများကို စနစ်တကျ စီစဉ်ပေါင်းစု ထားခြင်းဖြစ်သည်။ ဥပမာအားဖြင့် ဩစတြေးလျ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အစိုးရ၏ အခွဲများအတွင်း ဆက်နွယ်မှု၊ အစိုးရနှင့် တစ်ဦးတစ်ယောက်ချင်းစီနှင့် သက်ဆိုင်သော အခြေခံဥပဒေ၏ အခြေခံနိုင်ငံရေးစည်းမျဉ်းများနှင့် ဥပဒေ အများစုကို စာရွက်စာတမ်းတစ်ခုတည်းဖြစ်သော ဩစတြေးလျ ဓနသဟာယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စနစ် တကျ စီစဉ်ပေါင်းစုထားသည်။ မည်သို့ပင်ဖြစ်စေ၊ ဓနသဟာယမှ ဝက်(စ်)မင်စတာ သဘောတူလက်ခံသည့် အက် ဥပဒေ ၁၉၄၂ တွင် လက်ခံခဲ့သည့် ဝက်(စ်)မင်စတာ ဥပဒေ နှင့် ဩစတြေးလျ အက်ဥပဒေ ၁၉၈၆ တို့ကဲ့သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ အဓိပ္ပာယ်များပါသော ဥပဒေများရှိခြင်းသည် ဩစတြေးလျ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖွဲ့စည်း ပုံအခြေခံဥပဒေ စာချုပ်စာတမ်းတစ်ခုတည်းအတွင်းတွင် မပါဝင်ကြောင်း အဓိပ္ပာယ်သက်ရောက်သည်။ တူညီသော ဥပမာတစ်ရပ်မှာ ဗြိတိသျှမြောက်အမေရိက အက်ဥပဒေများ မှ ထွက်ပေါ်လာသော ကနေဒါဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကနေဒါ အက်ဥပဒေ ၁၉၈၂ အရ အမည်ခံ ဗြိတိသျှ ထိန်းချုပ်မှုမှနေ၍ အသုံးပြုဆဲ ဖြစ်သည့်။ (ဩစတြေးလျ အက် ဥပဒေ ၁၉၈၆ နှင့် အလားတူသည်) ကနေဒါ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ကွဲပြားခြားနားသော ဥပဒေပေါင်း ၃၀ နီးပါးမျှ ပါဝင်သည်။
Line ၉၅ ⟶ ၉၂:
စာဖြင့်ရေးသားဖော်ပြထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို စနစ်တကျ စီစဉ်ပေါင်းစုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုသည့်အသုံးအနှုန်းများကို စာဖြင့်ရေးသားဖော်ပြမထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို စနစ်တကျ စီစဉ်ပေါင်းစုမထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ တို့နည်းတူ ဖလှယ်၍သုံးစွဲကြသော်လည်း ထိုအသုံးအနှုန်းမှာ နည်းပညာအရ တိကျမှုမရှိပေ။ အတိအကျဆိုရသော် စာဖြင့် စာဖြင့်ရေးသားဖော်ပြမထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေများကို စနစ်တကျ စီစဉ်ပေါင်းစုမထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် မည်သည့်အခါမျှ အနက်အဓိပ္ပါယ်တူစကားလုံး မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ခေတ်သစ် ဒီမိုကရက်တစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအားလုံးတို့တွင် ရိုးရိုးဥပဒေတို့ထက် ကွဲပြားခြားနားသော ဥပဒေအဆင့်အတန်းမရှိလျှင်သော်မှ ၎င်းတို့သည် ရေးသားထားသော ရင်းမြစ်များ အဓိက ပါဝင်သည်။ နောက်ထပ် အသုံးပြုသော မှန်ကန်သည့် အသုံးအနှုန်းမှာ တရားဝင် (သို့မဟုတ် တရားဝင်စာဖြင့်ရေးသားထားသော) ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။ ဥပမာအားဖြင့် နောက်ဖော်ပြပါ အကြောင်းအရာတွင်- "ယူနိုက်တက် ကင်းဒမ်း(န်)တွင် တရားဝင် [စာဖြင့် ရေးသားထားသော] ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိပါ " (စာရွက်စာတမ်းများပေါ်တွင် အခြေခံသော်လည်း ဥပဒေများကို စနစ်တကျ စီစဉ်ပေါင်းစုထားခြင်းမရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို မပိတ်ပင်ပါ။)
 
=== ခိုင်မာစွာ အမြစ်တွယ်နေမှု ===
 
ဖွဲ့စည်းပုံအခြေခံဥပဒေများ၏ အခြေခံကျသော သွင်ပြင်လက္ခဏာတစ်ရပ်မှာ ခိုင်မာစွာ အမြစ်တွယ်ခြင်း ရှိမရှိပင် ဖြစ် သည်။ ခိုင်မာစွာ အမြစ်တွယ်နေသော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ဥပဒေပြုလွှတ်တော်တစ်ရပ်အနေဖြင့် သာမာန်ပြဌာန်းသတ်မှတ်ထားသော ဥပဒေများနှင့် ပတ်သက်ပြီး ၎င်း၏ ပုံမှန်လုပ်ငန်း အစိတ်အပိုင်းအနေဖြင့် မည်သည့် နည်းနှင့်မျှ မပြောင်းလဲနိုင်သော်လည်း ကွဲပြားခြားနားပြီးပို၍ ကြီးလေးသော လုပ်ငန်းစဉ်ဖြင့်သာ ပြင်ဆင်နိုင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်ကို အတည်ပြုရန်အတွက် အထူးအဖွဲ့တစ်ခုကို ဖွဲ့စည်းရန် လိုအပ်ကောင်းလိုအပ်မည် သို့မဟုတ် တည်ရှိသော ဥပဒေပြုအဖွဲ့များ၏ အဖွဲ့ဝင်များမှ ထောက်ခံမဲအချိုးအစားသည် ဥပဒေများကို ပြဌာန်း စဉ်ကထက် ပို၍မြင့်မားရမည်။
Line ၁၂၁ ⟶ ၁၁၈:
ပြည်ထောင်စု သို့မဟုတ် အဖွဲ့ချုပ် တစ်ခုတွင် ပါဝင်ခြင်းမရှိသည့် နိုင်ငံများအုပ်စုသည် စာချုပ်များနှင့် သဘောတူညီချက်များဖြင့် ၎င်းတို့၏ အချုပ်အခြာအာဏာ အစိတ်အပိုင်းများကို နိုင်ငံပေါင်းများစွာပါဝင်သော အဖွဲ့အစည်းအဆောက်အအုံသို့ အတိုင်းအတာအချို့အထိ စွန့်လွှတ်ပေးသည်။ ဥပမာ၊ ဥရောပ သမဂ္ဂ တွင် ပါဝင်သော နိုင်ငံများသည် ၎င်းတို့၏ အကြွင်းမဲ့ အချုပ်အခြာအာဏာကို နည်းလမ်းအချို့ဖြင့် ကန့်သတ်သည့် သမဂ္ဂ အနှံ့ကျယ်ပြန့် သော စီမံချက်များကို လိုက်နာရန် သဘောတူညီခဲ့သည်။ ဥပမာ၊ ယခင်က အမျိုးသား ယူနစ်များကို သုံးစွဲခဲ့သည့် အစား မက်ထရစ်စနစ် အတိုင်းအတာ ကို သုံးစွဲခဲ့ခြင်းဖြစ်သည်။
 
=== အာဏာများကို ခွဲခြားခြင်း ===
ဖွဲ့စည်းပုံအခြေခံဥပဒေများသည် အစိုးရ၏ မြောက်မြားစွာသောဌာနများအကြားတွင် အာဏာကို တိကျပြတ်သားစွာ ခွဲ ဝေလေ့ ရှိသည်။ Baron de Montesquieu (ဘာရွန် ဒီ မွန်တီကျူရီ) ဖော်ပြခဲ့သော စံပုံစံတွင် အစိုးရ၏ အကိုင်းအခက် သုံးခုပါဝင်သည်- စီမံခန့်ခွဲရေး၊ ဥပဒေပြုရေး နှင့် တရားရေး ဖြစ်သည်။ အချို့သော ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် စာရင်းဌာန တစ်ခုကဲ့သို့သော အပိုဌာနများပါဝင်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေများသည် ထိုဌာနများ အတွင်းတွင် အာဏာခွဲဝေခြင်း ပမာဏနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကွဲပြားကြသည်။
 
=== တာဝန်ယူမှု ပုံသဏ္ဍာန်များ ===
သမ္မတစနစ်နှင့် သမ္မတစနစ် တစ်ချို့တစ်ဝက်ပါသောစနစ် ကျင့်သုံးသည့် အစိုးရတွင် ဝန်ကြီးများကို ခန့်နိုင်၊ ဖြုတ်နိုင် သည့် သူကောင်းပြုနိုင်သော အာဏာများကို ရရှိထားသည့် သမ္မတ ထံတွင် ဌာနဆိုင်ရာ အတွင်းဝန်များ/ ဝန်ကြီး များတို့သည် တာဝန်ခံကြသည်။ သမ္မတသည် ရွေးကောက်ပွဲတွင် ပြည်သူလူထုထံတွင် တာဝန်ခံသည်။
ပါလီမန်စနစ်များတွင် ဝန်ကြီးများသည် ပါလီမန်တွင် တာဝန်ခံကြသော်လည်း ဝန်ကြီးချုပ်သည် ၎င်းတို့ကို ခန့်အပ်ခြင်း၊ ဖြုတ်ချခြင်း ပြုလုပ်သည်။ တစ်ပြန်တစ်လှည့်စီ အနေဖြင့် အကယ်၍ အစိုးရသည် ပါလီမန်၏ ယုံကြည်မှုကို ဆုံးရှုံးသော အခါ (သို့မဟုတ် တစ်စိတ်တစ်ပိုင်း) ဝန်ကြီးချုပ်သည် နုတ်ထွက်လိမ့်မည်။ အကယ်၍ အစိုးရသည် အယုံအကြည်မရှိ အဆိုကို မဲခွဲရာတွင် ရှုံးနိမ့်ခြင်း သို့မဟုတ် တိုင်းပြည်ပေါ်မူတည်၍ ဘတ်ဂျတ်မဲခွဲခြင်းစသည့် ပါလီမန်တွင် ထူးထူးခြား ခြား အရေးကြီးသည့် မဲပေးခြင်းတွင် ရှုံးနိမ့်သောအခါ ယုံကြည်မှုဆုံးရှုံးနိုင်သည်။ အစိုးရသည် အယုံအကြည်မရှိခြင်း ခံရသောအခါ အစိုးရအသစ်ဖွဲ့စည်းသည့် အချိန်တိုင်အောင် အာဏာတည်သည်။ ပုံမှန်အားဖြင့် အထွေထွေရွေး ကောက်ပွဲတစ်ခု ကျင်းပရန် ဖြစ်သော်လည်း သေချာပေါက် လိုအပ်ခြင်းမရှိပါ။
 
== အရေးပေါ် အခြေအနေ ==
ခြွင်းချက်ဖြစ်သည့် အခြေအနေများတွင် အရေးပေါ်အခြေအနေ ပုံစံအချို့ကို ကြေညာခြင်းအား ဖွဲ့စည်းပုံအခြေခံဥပဒေ များစွာတို့မှ ခွင့်ပြုထားပြီး ထိုအတောအတွင်းတွင် အခွင့်အရေးနှင့် အာမခံချက်အချို့တို့ကို ဆိုင်းငံ့ထားသည်။ ထိုတမင် ရည်ရွယ်သော လွတ်ပေါက်ကို လူ့အခွင့်အရေးအား ဂရုမထားဘဲ သဘောထားကွဲလွဲမှုကို ဖိနှိပ်ရန် အစိုးရ အားခွင့်ပြုသည့်အနေဖြင့် လွဲမှားစွာ အသုံးပြုနိုင်ပြီး အသုံးလည်းပြုခဲ့ကြသည်— အရေးပေါ်အခြေအနေ ဆောင်းပါး တွင် ကြည့်ပါ။အသုံးလည်းပြုခဲ့ကြသည်။
 
== ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးများ ==
Line ၁၃၇ ⟶ ၁၃၄:
 
အချို့သောနိုင်ငံများ အဓိကအားဖြင့် စနစ်တကျစီစဉ်ပေါင်းစုထားခြင်း မရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေများရှိသည့် နိုင်ငံများတွင် ထိုကဲ့သို့သော တရားရုံးမျိုး လုံးဝမရှိပေ။ ဥပမာအားဖြင့် ယူနိုက်တက်ကင်းဒမ်း(န်း)သည် ပါလီမန်နှင့် ဆိုင်သော အချုပ်အခြာအာဏာ စည်းမျဉ်းအောက်တွင် အစဉ်အလာအားဖြင့် လုပ်ငန်းလည်ပတ်နေပြီး ၎င်းအရ ယူနိုက်တက်ကင်းဒမ်း(န်း) ပါလီမန်မှ အတည်ပြုခဲ့သော ဥပဒေများကို တရားရုံးများမှ မေးခွန်းထုတ်ခြင်း မပြုနိုင်ပေ။
 
[[Category:နိုင်ငံရေး]][[Category:အုပ်ချုပ်ရေး]]
[[Category:နိုင်ငံရေး]]
[[Category:နိုင်ငံရေး]][[Category:အုပ်ချုပ်ရေး]]