သုတ္တန်ပိဋကတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး merge articles
စာကြောင်း ၁ -
{{merge|သုတ္တန်}}
{{ပိဋကတ်သုံးပုံ}}
'''သုတ္တန်ပိဋကတ်'''သည် ဝေနေယျသတ္တဝါတို့၏ စရိုက် ဝါသနာကိုလိုက်၍ လူအများ သိရှိနားလည်လွယ်သော ဝေါဟာရများကို အခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။ မိမိအကျိုးစီးပွား၊ သူတစ်ပါးအကျိုးစီးပွား၊ လောကီအကျိုးစီးပွား၊ လောကုတ္တရာ အကျိုးစီးပွား တို့ကိုပြတတ် ပြုတတ်သောကြောင့်၎င်း၊ ဝေနေယျသတ္တဝါတို့၏ သဘောအနုအရင့်နှင့် လျော်စွာ ဟောတော်မူသောကြောင့် ၎င်း သုတ္တမည်၏။ ၎င်းသုတ္တကိုပင် သုတ္တန္တ-သုတ္တန်ဟုခေါ်သည်။ သုတ္တန်ပိဋကတ်သည် ဝေနေကျသတ္တဝါတို့၏ စရိုက်ဝါသနာကိုလိုက်၍ လူအများသိရှိနားလည်လွယ်သောဝေါဟာရများကိုအခြေခံကာ ဟောကြားထားသော တရားတော်များဖြစ်သည်။
Line ၅ ⟶ ၄:
“သုတ္တ”သည် “တမျဉ်းချည်၊ ပန်းသီတံ၊ ပန်းသီကြိုး”ဟု တိုက်ရိုက် အနက်အဓိပ္ပါယ်ရ၍ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ဓမ္မဒေသနာတို့အား ဖရိုဖရဲ မဖြစ်ရအောင် သီကုံးပေးထားသော ကြိုးသဖွယ် ယူဆနိုင်ပါသည်။ (ပါဠိဝေါဟာရ “သုတ္တ”အား သုတ်, သုတ္တန်, သုတ္တံစသဖြင့် မြန်မာမှုပြု လေ့ရှိသည်။)
 
သုတ္တန်ပိဋကတ်ကိုဒေသနာဘေဒစသည်ဖြင့်ဝေဖန်ရသော် အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထဒေ သနာဟူ၍ ဒေသနာအပြားသုံးပါးရှိရာတွင် ဥပမာ ဥပမေယျဂါထာစုဏ္ဏိယ ပုံဝတ္ထုသက် သေသာဓကစသည်တို့ဖြင့် သင့်သလိုစီစဉ်၍ ကြားနာသူတို့ နားလည်လွယ်မည့်စကားလုံးတွေကို သုံးစွဲ၍ အဟောများသောကြောင့် ဝေါဟာရဒေသနာမျိုးဖြစ်သည်။ ပရမတ္ထတို့ကို အကြောင်းအားလျော်စွာ ဟောကြားသည့်နေရာများရှိသော်လည်း ၎င်းတို့မှာနည်းပါးလှသဖြင့် ပရမတ္ထဒေသနာဟု ခေါ်ဆိုခြင်းမပြုချေ။ ယထာ ပရာဓ သာသနာ၊ ယထာနုလောမ သာသနာ၊ ယထာ ဓမ္မ သာသနာ ဟူ၍သာသနာအပြားသုံးပါးရှိရာတွင် မည်သည့်ရောဂါဖြစ်ပေါ်လာလျှင် မည်သည့်ဆေးဖြင့် မည်ကဲ့သို့ကုစားရမည်ဟု အနာနှင့်ဆေးကိုက်အောင်ကုထုံး ကုနည်းနှင့်တကွ ခြေခြေမြစ်မြစ်ဖော်ပြရေးထားသော ဆေးကျမ်းကြီးကဲ့သို့ သတ္တဝါတို့၏ အလိုစရိုက် ဝါသနာ စသည့်အခြေအနေအလိုက် အခြေအနေနှင့်ဟပ်မိအောင် အံကျ ဟောကြားထားခြင်းဖြစ်သောကြောင့် ယထာ နုလောမ သာသနာဟု ဆိုရမည်ဖြစ်သည်။ သံဝရာ သံဝရ ကထာ၊ဒိဋ္ဌိဝိနိဝေဌန ကထာ၊ နာမရူပ ပရိစ္ဆေဒ ကထာဟူ၍ ကထာ အပြား သုံံးပါးရှိရာ ၆၂ ပါးသော ဒိဋ္ဌိတို့ပပျောက်အောင် ဖြေရှင်းနည်းတို့ကိုဟောကြားရာ ဖြစ်သောကြောင့် ဒိဋ္ဌိဝိနိ ဝေဌကထာ မည်၏။ အဓိသီလ သိက္ခာ၊ အဓိစိတ္တသိက္ခာ၊ အဓိပညာ သိက္ခာဟူ၍သိက္ခာအပြားသုံးပါးရှိရာ သမာဓိအရာ ဖြစ်သောကြောင့်အဓိစိတ္တ သိက္ခာမည်၏။ ဝီတိက္ကမ ပဟာန်၊ ပရိယုဋ္ဌာန ပဟာန်၊ အနုသယပဟာန်ဟူ၍ ပဟာန်အပြားသုံးပါးရှိရာ သမာဓိသည် ပရိယုဋ္ဌာန ကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်သောကြောင့် ပရိယုဋ္ဌာနပဟာန်မည်၏။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)</ref>
'''ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋိစ္စသမုပ္ပါတ်သုတ်၊ မဟာသတိပဋ္ဌာနသုတ်တော်''' များသည် သုတ္တန်ပိဋကတ် တွင် ပါဝင်သည်။
 
'''ဓမ္မစကြာသုတ်၊ အနတ္တလက္ခဏာသုတ်၊ ပဋိစ္စသမုပ္ပါတ်သုတ်၊ မဟာသတိပဋ္ဌာနသုတ်တော်''' များသည် သုတ္တန်ပိဋကတ် တွင် ပါဝင်သည်။ပါဝင်ပြီး ကျမ်းအားဖြင့်
သုတ္တန်(၁၉)ကျမ်း ရှိသည်။
 
== ဝေါဟာရရင်းမြစ် ==
== [[နိကာယ် ငါးရပ်]] ==
သုတ္တန်ဟူသောဝေါဟာရသည် သုတ္တန္တဟူသောပါဠိမှဆင်းသက်လာသောပါဠိသက် ဝေါဟာရဖြစ်ပေသည်။ ယင်းဝေါဟာရကိုသုတ္တ+အန္တ ဟုပုဒ်ခွဲရသည်။ ဤ၌အန္တသဒ္ဒါမှာအနက်အဓိပ္ပါယ်လုံး ဝမရှိ၊ ရွတ်ဆိုကောင်းရုံစကားလှရုံသာဆက်တွဲထားသော ပုဒ်ဖြစ်၍သုတ္တသဒ္ဒါ၏အနက်အဓိပ္ပါယ်ကိုသာနည်း အမျိုးမျိုးဖြင့်ဉာဏ်ပထျာဖြန့်၍အဋ္ဌကထာ၌ဖွင့်ဆိုရေးသား ခဲ့လေသည်။ ဖွင့်ဆိုပုံမှာ-
နိကာယ (နိကာယ်) ဆိုသည်မှာ အစုအဝေးကို ခေါ်သည်။ သုတ္တန်ပိဋကတ်တွင် နိကာယ် ငါးရပ်ရှိသည်။
၁။ မိမိအကျိုး၊သူတစ်ပါးအကျိုး၊မျက်မှောက်အကျိုး၊ တမလွန်အကျိုး၊လောကီအကျိုး၊ လောကုတ္တရာ အကျိုး၊ စသည်တို့ကိုပြတတ်သောကြောင့်သုတ္တမည်လေသည်။ (ဤနည်းအလိုသူစဓာတ်၊တပစ္စည်းဖြင့်ပြီး သောပုဒ်ဖြစ်လေသည်။)
 
၂။ ဝေနေယျတို့၏အလိုအဇ္ဈာသယနှင့်လိုက်လျောညီညွတ်သော အနက် (အကြောင်းခြင်းရာ)တို့ကို ကောင်းမွန်တိကျစွာဟော ကြားထားရာ ပိဋကတ်ဖြစ်သောကြောင့် သုတ္တမည်၏။ (ဤနည်းအလို သု ရှေ့ ရှိသော ဝစဓာတ်၊ တပစ္စည်းဖြင့် ရုပ်ပြီးသည်။)
 
၃။ ကောက်ပင်သည်ဆန်စပါးအသီးအနှံကိုဖြစ်ပေါ်တိုးပွား စေသကဲ့သို့သတ္တဝါတို့၏အကျိုးစီးပွား ကိုဖြစ်ထွန်းစေတတ် သောကြောင့်သုတ္တမည်၏။(ဤနည်းအလိုသုဓာတ်၊ တပစ္စည်း ဖြင့်ရုပ်ပြီးသည်။)
 
၄။ သားသည်အမေဖြစ်သောနွားမသည် မိမိ၏သားသမီး ဖြစ်သည့်နွားငယ်ကလေးများအားနို့ရည် ကိုယိုချပေး၍တိုက် ကျွေးသကဲ့သို့ ဝေနေယျသတ္တဝါတို့အား အကျိုးကျေးဇူးအထူး ထူးတို့ကို ယိုချပေးတတ် သောကြောင့် သုတ္တမည်၏။ (ဤနည်းအလို သူဒ ဓာတ်၊ တ ပစ္စည်းဖြင့်ရုပ်ပြီးဟန် ကိုကြံသည်။)
 
၅။ အကျိုးစီးပွားတို့ကိုကောင်းစွာစောင့်ရှောက်ထားတတ် သောကြောင့်သုတ္တမည်၏။ (ဤနည်းအ လို သု ရှေ့ရှိသော တာဓာတ်၊ တပစ္စည်းဖြင့်ရုပ်ပြီးဟန်ကြံသည်။)
 
၆။ လက်သမားဆရာသည် တံမျဉ်းကြိုးချ(မျဉ်းသား) ပြီးမှ ယင်းမျဉ်းကြောင်းအတိုင်း မတိမ်းမစောင်းစေဘဲ သစ်ရွေခြင်း၊ ဖြတ်တောက်ခြင်းစသည်ပြုရသကဲ့သို့ ထိုအတူ သုတ္တန်ဒေသနာ မျဉ်းကြောင်း နှင့်မတိမ်းမစောင်းစေမူ၍ ကျင့်ကြံ ကြရသည် ဖြစ်ရကား လက်သမားသုံးတံမျဉ်းကြိုးနှင့်အလားတူ သောကြောင့်၎င်း၊ တစ်ပွင့်စီသီးခြားနေသောပန်းပွင့်များသည် ပန်းသီကြိုးဖြင့်သီကုံးဖွဲ့နှောင်ထားအပ်သော် ဖရိုဖရဲ ပြန့်ကြဲခြင်းမရှိသကဲ့သို့ ထိုအတူ ဘုရားရှင်ဟောကြားအပ်ခဲ့ သည့် အနက်အဓိပ္ပါယ်(အကြောင်းခြင်းရာ)တို့ ဖရိုဖရဲမရှိရလေအောင် သုတ္တန်ပိဋကတ်ဖြင့် စုစည်းသီကုံးထားအပ်သည်ဖြစ်၍ ပန်းသီချည်၊ပန်းသီကြိုးနှင့် အလားတူသောကြောင့်၎င်း သုတ္တမည်၏။ (ဤနည်းအလို သုတ္တပုဒ်၊ အ ပစ္စည်းဖြင့်ပြီးသောဥပမာ တဒ္ဓိတ်ဖြစ်သည်။)
== [[နိကာယ် ငါးရပ်]] ==
သုတ္တန်ပိဋကတ်တွင် အစုအဝေးဟု အဓိပ္ပါယ်ရသော နိကာယ (နိကာယ်)ဟူသည့် နိကာယ် ငါးရပ်ရှိသည်။
 
#[[ဒီဃနိကာယ်]] = ရှည်လျှားသော သုတ်တို့၏ အစုအဝေး၊
Line ၁၇ ⟶ ၃၁:
#[[ခုဒ္ဒကနိကာယ်]] = ဤနိကာယ်လေးရပ်တွင် မပါဝင်သော ကျမ်းများကို `ခုဒ္ဒကဂန ္ထကျမ်းငယ်´များဟု ခေါ်သည်။
 
== ပါဝင်သောကျမ်းများ ==
== (၃၇)ကျမ်း ==
#[[ဒီဃနိကာယ်]] = (၃)ကျမ်း
#[[မဇ္ဈိမနိကာယ်]] = (၃)ကျမ်း